လီယိုနာဒိုဒီကာပရီယို - ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၁)

လီယိုနာဒိုဒီကာပရီယို - ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com
16 Jun 2016 10:31 am တွင် တင်ခဲ့သည်
3867 ကြိမ် ကြည့်ရှု့ပြီး
(၁) လီယိုနာဒိုဒီကာပရီယို

ကမ္ဘာကျော်တိုက်တန်းနစ်ဇာတ်ကားကြီးတွင် အဓိကသရုပ်ဆောင်နေရာမှ ပါဝင်ခဲ့သည့် လီယိုနာဒိုဒီကာပရီယိုသည် တစ်ချိန်ကအလွန်ဆင်းရဲခဲ့သူတစ်ဦး ဖြစ်သည်။
ကမ္ဘာကျော်သရုပ်ဆောင်ဘ၀သို့ မရောက်မီက ပြည့်တန်ဆာများ၊ မူးယစ်ဆေးရောင်းဝယ်သူများ ကျက်စားသည့် ဒေသတွင် ဘ၀ကို ကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရသူ ဖြစ်သည်။
အနုပညာရေခံမြေခံကောင်းသည်ဟုပင် ဆိုရမည်။ လီယိုနာဒိုကိုမွေးဖွားသည့်နေရာမှာကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်တွင် ဖြစ်သည်။
လီယိုနာဒို၏ ဖခင်မှာအီတလီ- ဂျာမန်ကပြားဖြစ်ပြီးမိခင်ဘက်မှ အဘိုးနှင့်အဘွားတို့မှာဂျာမန်လူမျိုးများ ဖြစ်ကြသည်။

လီယိုနာဒိုကို ကိုယ်ဝန်လွယ်ထားရချိန်တွင် ၎င်း၏ မိခင်သည် အီတလီရှိ ပြတိုက်တစ်ခုတွင် ကမ္ဘာကျော်ပန်းချီဆရာကြီးလီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကားတစ်ချပ်ကို ကြည့်ခဲ့ရမှုအားအစွဲပြုကာလီယိုနာဒိုဒီကာပရီယိုဟုအမည်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
လီယိုနာဒိုတစ်နှစ်သားအရွယ်တွင်ပင် မိဘနှစ်ဦးမှာကွာရှင်းခဲ့ကြပြီးလီယိုနာဒိုမှာမိခင်ဖြစ်သူနှင့် အများဆုံးနေထိုင်ခဲ့သည်။
လီယိုနာဒို၏ မိခင်မှာသားငယ်ကိုကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ရပြီးလော့စ်အိန်ဂျလိမြို့ အနှံ့အပြားတွင် လှည့်လည်နေထိုင်ခဲ့ကြရသည်။

(၂) ရိုမန် အဘရာမိုဗစ်ခ်ျ

ချယ်လ်ဆီးအသင်းပိုင်ရှင် ကမ္ဘာကျော်ရုရှားသူဌေးကြီးရိုမန် အဘရာမိုဗစ်ခ်ျသည် မိဘမဲ့ကလေးငယ်တစ်ဦးအဖြစ် ဘ၀ကို ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသူတစ်ဦး ဖြစ်သည်။
အဘရာမိုဗစ်ခ်ျသည် အသက်လေးနှစ်သားအရွယ်တွင်ပင် မိဘမဲ့ဖြစ်ခဲ့ရသည်။
နိုင်ငံခြားဖြစ် ပလတ်စတစ်ဘဲရုပ်များကိုရောင်းချကာအသက်မွေးခဲ့ရဖူးသည်။
အဘရာမိုဗစ်ခ်ျ၏ မိသားစုမှာလစ်သူယေးနီးယားဇာတိဖြစ်ကြပြီး ၎င်းတို့၏ အမှန်တကယ် မိသားစုအမည်မှာအဘရာမိုဗစ်ချပ်စ် ဖြစ်သည်။

အဘရာမိုဗစ်ခ်ျ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရအဘရာမိုဗစ်ခ်ျသည် ၂၀၁၅ ခုနှစ်အတွင်း ၁၃ ဒသမ ၄ ဘီလီယံအထိ ကြွယ်ဝလာရာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် အဆင့် ၁၃၇ မှ ၅၇ အထိတက်လှမ်းလာခဲ့သည်။

(၃) ဂျင်မ်ကာရေး

ကမ္ဘာကျော် ကနေဒါ-အမေရိကန်ဟာသသရုပ်ဆောင် ဂျင်မ်ကာရေးသည် ယခင်ကအိုးအိမ်မဲ့တစ်ဦးဖြစ်ပြီး ဗောက်စ်ဝက်ဂွန်ကားပေါ်နှင့် ယာယီတဲများတွင် နှစ်ပေါင်းများစွာနေခဲ့ရဖူးသည်။
ဂျင်မ်ကာရေးတွင် ဂျွန်၊ ပက်ထရစ်ရှာနှင့် ရီတာဟူသောမွေးချင်းသုံးဦးရှိသည်။
ဂျင်မ်ကာရေးသည် ငယ်စဉ်ကပင် ဟာသသရုပ်ဆောင်မှုအပေါ် ၀ါသနာကြီးမားလှရာ ဖခင်ဖြစ်သူကစင်မြင့်အတွေ့အကြုံရစေရန် တိုရွန်တိုရှိဟာသကလပ်တစ်ခုသို့ စေလွှတ်ခဲ့၏။

အဆိုပါဟာသကလပ်မှ ပုဂ္ဂိုလ်တို့ကဂျင်မ်ကာရေးသည် စင်ပေါ်တွင် ကောင်းစွာတင်ဆက်နိုင်စွမ်းရှိမည်မဟုတ်ဟုသံသယရှိကြသဖြင့် အသုံးမပြုခဲ့ကြချေ။
ဂျင်မ်ကာရေးကိုပရိသတ်ကစတင်အသိအမှတ်ပြုသည်မှာ ၁၉၉၀ ပြည့်နှစ်တွင် ထုတ်လွှင့်သည့် In Living Color ရုပ်သံဇာတ်လမ်းတွဲများတွင် ဖြစ်သည်။

၁၉၉၄ ခုနှစ်သည်ကားဂျင်မ်ကာရေးကိုအထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သည့် ခုနှစ်ဖြစ်လေသည်။
၁၉၉၄ တွင် ဇာတ်ကား ၃ ကား၌ အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ရာ Ace Ventura: Pet Detective (1994) နှင့် Dumb and Dumber (1994) တို့မှာအောင်မြင်မှုအများအပြားရသောဇာတ်ကားများဖြစ်သည်။

The Mask (1994) ဇာတ်ကားသည်ကားဂျင်မ်ကာရေးကိုထိပ်ဆုံးသို့ ပို့ဆောင်ပေးခဲ့သောဇာတ်ကားဖြစ်သည်။
ယင်းဇာတ်ကားသည် ၁၉၉၄ ခုနှစ်အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဇာတ်ကားများအနက် ၀င်ငွေအကောင်းဆုံး ထိပ်တန်း ၁၀ ကားတွင် အပါအ၀င် ဖြစ်ခဲ့သည်။
The Mask ဇာတ်ကားကိုအော်စကာဆုရမည်ဟုခန့်မှန်းခဲ့ကြသော်လည်းကံမကောင်းစွာဖြင့်ပင် ၁၉၉၄ ခုနှစ်အတွင်း၌ပင် ထုတ်လုပ်ခဲ့သည့် Forrest Gump ဇာတ်ကားကရရှိသွားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လီယိုနာဒိုဒီကာပရီယို - ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com
လီယိုနာဒိုဒီကာပရီယို - ခြုံ ကြားမှ ဘုံဖျားသို့တက်လှမ်းခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service