ပြည်တွင်း၌လာရောက်လုပ်ကိုင်နေကြသော တရားမဝင် ပြည်ပနိုင်ငံသားအိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းများကို တရားဝင်တားဆီးကန့်ကွက်နိုင်ရန် စတင်စာရင်းကောက်ယူမှုများပြုလုပ်နေကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များအသင်း ထံမှ စူံစမ်းသိရှိရသည်။
""သူတို့တွေကို စာရင်းကောက်ရတာ နည်းနည်းတော့ခက်တယ်။ဒါပေမယ့် ကျွန်တော်တို့ စပြီးစာရင်းကောက်နေပါတယ်။ပြီးရင် လုပ်သင့်တာ တားဆီးသင့်တာကို လုပ်ရ တားဆီးရမှာပါ။ဒါတွေက ဆက်ပြီးလွှတ်ထားရင် ဒီကပြည်တွင်း အကျိုးဆောင်တွေအတွက် အခက်အခဲဖြစ်စေပါတယ်။နောက်ပြီး နိုင်ငံရဲ့ အခွန်လည်း နစ်နာပါတယ်။ဒါကြောင့်ပါ""ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှသိရှိရသည်။
ယင်းကဲ့သို့ ပြည်ပနိုင်ငံသားများအနေဖြင့် နိုင်ငံခြားသားဈေးကွက်တွင် နိုင်ငံသားတူသူခြင်း အိမ် ခြံ မြေ ဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့်လာရောက်လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းလည်း ပြည်တွင်းအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ယင်းကဲ့သို့လာရောက်လုပ်ကိုင်ကြရာတွင် ပြည်တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံတွင် အလုပ်လုပ်ကိုင်နေကြသော ဝန်ထမ်းများအား လစညမြင့်မားစွာ ပေး၍ ခေါ်ယူလုပ်ကိုင်နေကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ လာရောက်လုပ်ကိုင်နေကြသော်လည်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်မှုမရှိဘဲ လိုင်စင်မဲ့ လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကာ ပြည်ပနိုင်ငံသားအချင်းချင်း ပစ်မှတ်ထားဈေးကွက်ရှာနေကြခြင်းကြောင့် ပြည်တွင်းရှိ မှတ်ပုံတင်လိုင်စင်ယူထားသော အကျိုးဆောင်လုပ်ငန်းများမှာ နစ်နာမှုများကြုံတွေ့နေကြရကြောင်းစုံစမ်းသိရှိရသည်။လက်ရှိ အချိန်ကာလအထိစာရင်းကောက်ယူမှုအရ အကျိုးဆောင် လုပ်ငန်း ဆယ်ခုအထက်ကောက်ယူရရှိပြီးဖြစ်ကြောင်းသိရှိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com