တရုတ်တွင် အိမ်သစ်ရောင်းအားသည် ယခုနှစ် ပထမငါးလအတွင်း ဆက်လက်မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီမှ မေလအတွင်း အစိုးရမတည်သည့် အိမ်ရာများမှအပ နိုင်ငံတစ်ဝန်းအိမ်သစ်ရောင်းအား ၃ ဒသမ ၁၈ ထရီလျံယွမ် (အမေရိကန်ဒေါ်လာ ၄၃၈ ဘီလျံ) ရှိခဲ့သည်။
ယင်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၏ အလားတူကာလကထက် ၅၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မေလကိုထည့်မတွက်ဘဲ ပထမလေးလကိုပဲ
ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက ၆၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
ယခုနှစ်ပထမငါးလအတွင်း ရောင်းချရသည့် အိမ်သစ်ကြမ်းခင်းဧရိယာသည် ၄၂၈ ဒသမ ၇သန်း စတုရန်းမီတာရှိသည်။ ၎င်းသည် ၂၀၁၅ ခုနှစ်ပထမငါးလကထက် ၃၄ ဒသမ ၂ ရာခိုင်
နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မေလကို ထည့်မတွက်ဘဲ ပထမလေးလကိုပဲ ယခင်နှစ်နှင့်ယခုနှစ် နှိုင်းယှဉ်ပါက ၃၈ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ဗျူရိုက ထုတ်ပြန်ခဲ့သည်။
"အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့မေလမှာ အနည်းငယ်ပြန်လည်စတင်မြင့်တက်ခဲ့ပါတယ်။ယေဘုယျမြင့်တက်နှုန်းကတော့ မြင့်မားနေဆဲပါပဲ" ဟု Shanghai Centaline အိမ်ခြံမြေ
အတိုင်ပင်ခံကုမ္ပဏီ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝန်စီက ပြောကြားခဲ့သည်။
အိမ်ခြံမြေကဏ္ဍတစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံမှုသည်မူ ယခုနှစ်ပထမငါးလအတွင်း ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ မေလကို ထည့်မတွက်ဘဲ ပထမလေးလကိုပဲ ယခင်နှစ်နှင့် ယခုနှစ်
နှိုင်းယှဉ်ပါက ၇ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းလည်း ဗျူရိုက ထုတ်ပြန်ခဲ့သည်။
အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေကဏ္ဍတစ်ခုလုံးသို့ ရင်းနှီးမြှုပ်နှံမှု၏ ၆၆ ဒသမ၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ထိုသို့အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်
ပထမငါးလအတွင်း ယခင်နှစ်၎င်းကာလကထက် ၆ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။မေလကိုထည့်မတွက်ဘဲ ပထမလေးလကိုပဲ ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက ၆ ဒသမ ၄ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)