သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေ

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေ - Property News in Myanmar from iMyanmarHouse.com
15 Jun 2016 10:57 am တွင် တင်ခဲ့သည်
1310 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူး စီးပွားရေးဇုန်တွင် ၂၀၁၆ ခုနှစ် မေလအထိ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံဝင်ရောက် ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါဌာန၏ စာရင်းများအရ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂၉၈ ဒသမ ၁၅ သန်းဖြင့် အများဆုံး ရပ်တည်နေပြီး ဂျပန်နိုင်ငံက ဒေါ်လာ ၂၃၅ သန်း၊ ဟောင်ကောင်က ၃၈ ဒသမ ၆၅ သန်း၊ ထိုင်းနိုင်ငံက ၃၃ ဒသမ ၂၁ သန်း၊ မြန်မာနိုင်ငံက ၂၈ သန်း၊ ယူအေအီး နိုင်ငံက ၁၅ ဒသမ ၁၆ သန်း၊ ပနားမားနိုင်ငံက ၁၃ ဒသမ ၉၁ သန်း၊ တရုတ်နိုင်ငံက ၁၂ သန်း၊ မလေးရှားနိုင်ငံက ၉ သန်း၊ ကိုရီးယားနိုင်ငံက ၈ ဒသမ ၃ သန်း၊ သြစတြေးလျနိုင်ငံက ခုနစ်သန်း၊ ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၉၃ သန်း၊ ဘရူနိုင်းနိုင်ငံက ၅ သန်း၊ ထိုင်ဝမ်က ၄ သန်း ၀င်ရောက် ရင်းနှီးမြှုပ်နှံထားပြီး ၎င်းနိုင်ငံများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၇၁၃ ဒသမ ၃၁ သန်းရှိကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ယခင်အစိုးရ လက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Developer အဖြစ် မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်အထိ လာရောက်ရင်းနှီး မြှုပ်နှံထားရာ၌ စက်မူကုန်ထုတ် လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅၃၈ ဒသမ ၆၉ သန်း၊ ၀န်ဆောင်မှု ကဏ္ဍတွင် ၄၁ ဒသမ ၀၄ သန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ၂၂ သန်း၊ ကုန်သွယ်မှု ကဏ္ဍတွင် ၄၁ ဒသမ ၈၁ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service