လယ်ယာမြေများအား မြေဖို့အသုံးပြုနေခြင်းသည် အစိုးရသစ်ကို စိန်ခေါ်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြောကြား

လယ်ယာမြေများအား မြေဖို့အသုံးပြုနေခြင်းသည် အစိုးရသစ်ကို စိန်ခေါ်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
14 Jun 2016 11:03 am တွင် တင်ခဲ့သည်
1647 ကြိမ် ကြည့်ရှု့ပြီး
တိုင်းဒေသကြီး အ တွင်း လယ်ယာမြေများအား မြေဖို့ ၍ အသုံးပြုနေခြင်းသည် အစိုးရ အသစ်ကို စိန်ခေါ်နေခြင်း ဖြစ် ကြောင်း တနင်္သာရီ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့ မော်က ပြောကြားသည်။

ဇွန်လ ၁၁ ရက်က ထားဝယ် မြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် တိုင်းဒေသကြီးရှိ အစိုးရဌာနများ ၏ ရက် ၁၀၀ စီမံချက်အတွင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အရပ်ဘက် အဖွဲ့ အစည်းများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ တနင်္သာရီတိုင်း ဟာလည်း လယ်ယာမြေ အင်မ တန် နည်းပါတယ်။ နောက်ပြီး ဆန်စပါး မလုံလောက်လို့ အမြဲတမ်း မှာယူနေရတဲ့ တိုင်းတစ်တိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မလယ်ယာမြေကို အင်မတန် ထိန်းသိမ်းချင်ပါတယ်။ လယ်ယာမြေကို ဘယ်သူ့ကိုမှ ဘယ်နည်းနဲ့မှ မြေဖို့ခွင့် မပေးနိုင်ပါဘူး။ အဲဒီလို အနေအထားမှာ လယ်ယာမြေကို မြေဖို့ပြီး မြေကြီးလုပ်ဖို့ ကြိုးစားနေတာဟာ ကျွန်မတို့ အစိုးရအသစ်ကို စိန်ခေါ်နေခြင်းပဲ။ ကျွန်မ လုံးဝလက်မခံဘူး’’ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် တွင် တနင်္သာရီတိုင်းဒေသကြီး၌ လယ်မြေများအား မြေဖို့ကာ အ သုံးပြုမှုများရှိကြောင်း၊ အစိုးရ သစ်တာဝန်ယူပြီးချိန်မှစ၍ ယင်းသို့ လုပ်ပိုင်ခွင့် မပေးထားခြင်း ကြောင့် သက်ဆိုင်ရာ မြေစာရင်း၊ လယ်ယာမြေစီမံခန့်ခွဲရေး ကော် မတီများနှင့်ပူးပေါင်း၍ အရေးယူ မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ဇွန်လ ၅ ရက်က ထားဝယ် မြို့ ကြက်စားပြင် ရပ်ကွက်အတွင်း တနင်္သာရီတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌဦးခင်မောင်အေးနှင့် ဒေသခံများတွေ့
ဆုံဆွေးနွေးရာ ၌လည်း အစိုးရအသစ် တာဝန်ယူပြီးသည့်နောက်ပိုင်း ဒေသအတွင်း လယ်မြေများအား မြေဖို့ကာအသုံးပြုနေမှုများ
ရှိနေသောကြောင့် သက်ဆိုင်ရာ မြေစာရင်းများကို ကွင်းဆင်း စစ်ဆေးစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြေယာများကို အခြားနည်း အသုံးပြုခွင့်ပုံစံ(၁၀၅) လျှောက် ထားပါက ဥယျာဉ်ခြံမြေများဖြစ် လျှင် တိုင်းဒေသကြီး၊ ပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မ တီက ခွင့်ပြုပေးနိုင်သော်လည်း လယ်မြေဖြစ်ပါက ပြည်ထောင်စု မြေအသုံးချမှု
စီမံခန့်ခွဲရေးကော်မတီကသာ ခွင့်ပြုပေးနိုင်သည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service