တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင်ရေး ချေးငွေ ထုတ်ချေးပေးရန် စီစဉ်နေ

တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင်ရေး ချေးငွေ ထုတ်ချေးပေးရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
8 Jun 2016 11:58 am တွင် တင်ခဲ့သည်
1452 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ် လက်ထက် အကောင်အထည်ဖော်မည့် ကျပ် သိန်း (၁၀၀) အောက် တန်ဖိုးနည်း အိမ်ရာများ ၀ယ်ယူနိုင်ရန် ပြည်သူများအား ထုတ်ချေးပေးမည့် ချေးငွေအတွက် ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံများနှင့် ဆွေးနွေးနေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်(CHD)မှ သိရသည်။

CHD ဘဏ် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က “ငွေချေးပေးနိုင်အောင် နိုင်ငံခြားနဲ့ ဆွေးနွေးနေတယ်။ အဓိကက တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စကားပြောနေတယ်။ အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးနိုင်ဖို့ သူတို့လည်း စဉ်းစားနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်မေလအတွင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ရက် (၁၀၀) စီမံကိန်းအရ အစိုးရသစ် လက်ထက်၌ ပြည်သူလူထုနေထိုင်မှု အဆင်ပြေစေရန် ကျပ် သိန်း (၁၀၀) အောက် တန်ဖိုးနည်း အိမ်ခန်း (၈၀၀၀) ကျော်ကို (၂) နှစ် အတွင်း ဆောက်လုပ်ပေးမည် ဖြစ်ကြောင်းနှင့် ထိုအိမ်ရာများကို ပြည်သူများက ၀ယ်ယူနိုင်ရန် ချေးငွေကို CHD ဘဏ်က ထုတ်ချေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

ပြည်ပမှ ချေးငွေရရှိမှု အခြေအနေနှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးဝင်းဇော်က “နိုင်ငံတော်အစိုးရ ကိုယ်စားပြုတဲ့ ဆောက်လုပ် ရေး ၀န်ကြီးဌာနက လုပ်မယ့်ကိစ္စ၊ ဘဏ်ကလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနက ကြီးကြပ်ပြီးလုပ်တဲ့ ဘဏ်ဆိုတော့ သူတို့က သဘောကျတယ်။ ပြီးခဲ့တဲ့နှစ်ထက် စာရင်တော့ ဒီငွေတွေကို ရလာဖို့ သေချာပြီ”ဟု ပြောသည်။

ကျပ် သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို (၂) နှစ်အတွင်း ပြီးစီးရန် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်မှန်း ကြောင်း၊ နေအိမ်အဆောက်အအုံမှာ (၄) ထပ် (သို့) (၅) ထပ် အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အအုံတခုတွင် အခန်းပေါင်း (၄၀) ကျော်နှင့် အခန်းတခန်းတွင် အိပ်ခန်း (၂) ခန်း ပါဝင် တည်ဆောက်မည်ဖြစ်ကြောင်း၊ အခန်းအကျယ် စတုရန်း ပေ (၄၀၀) ရှိ အိမ်ရာများကို ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးဦးဝင်းခိုင်က ပြောဆိုခဲ့သည်။

“အခုလောလောဆယ်မှာက အခန်း၂၀၀၀၊ စုစုပေါင်း အိမ်ခန်းပေါင်း (၁) သောင်းလောက်ကို ချေးပေးနိုင်ဖို့ ဘယ်လိုလုပ်ရင်ရနိုင်မလဲ ဆိုတာကို ဘဏ်အနေနဲ့လည်း ချေးပေးနိုင်အောင် ဆောင်ရွက်ဖို့အတွက် လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်ရအောင် ဆောင်ရွက် နေပြီ။ ဆောက်လုပ်ရေး လုပ်ငန်းတွေက နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်မှာပါ”ဟု ဦးဝင်းဇော်က ဆက်ပြောသည်။

တန်ဖိုးနည်းအိမ်ရာများအား ရောင်းချမည်ဆိုပါက နေအိမ်အပိုင်မရှိသော အိမ်ထောင်စုများကို ဦးစားပေး ချေးငွေထုတ်ချေး၍ ရောင်း ချမည်ဟု သိရသည်။

“သိန်း ၁၀၀ အောက်ဖြစ်တော့ ၁၀၀ ဆိုရင် အိမ်ဝယ်မယ့်သူတွေဘက်က (၁၅) ရာခိုင်နှုန်း ပေးရမယ်။ ဘဏ်ဘက်က (၈၅) သိန်း ချေးပေးရမယ်”ဟုလည်း ဦးဝင်းဇော်က ပြောဆိုသည်။

CHD ဘဏ်က တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင်ရန် ချေးငွေများ ထုတ်ချေးမည့်အပြင် သက်တမ်းကြာမြင့်ပြီး ပြန်ပြုပြင်ရန် လိုအပ် နေသည့် အိမ်များကိုလည်း ချေးငွေ ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နေအိမ်မရှိသူများအတွက် တန်ဖိုးနည်းနည်းဖြင့် အိမ်ငှားနေထိုင်နိုင် မည့် အငှားအဆောင်များကိုလည်း စက်မှုဇုန်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားသည်။

CHD ဘဏ်သည် ၂၀၁၄ ခုနှစ် လုပ်ငန်းစတင် လည်ပတ်ချိန်မှ ယနေ့အချိန်အထိ (၂) နှစ်အတွင်း ချေးငွေထုတ်ချေးမှု စုစုပေါင်း ကျပ် (၁၃၂) ဘီလီယံ ရှိနေပြီး ထိုအထဲမှ အိမ်ရာဝယ်ယူမည့်သူများအတွက် ချေးငွေ ကျပ် (၂) ဘီလီယံ ၊ ကုန်သွယ်မှု ချေးငွေအတွက် ကျပ် (၁၀) ဘီလီယံ၊ အိုးအိမ်အတွက် ကျပ် (၇၂) ဘီလီယံ ထုတ်ချေးခဲ့ပြီး ကျန်သည့်ငွေများကို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ထုတ်ချေးပေးထားကြောင်း သိရသည်။

Credit : Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service