စင်္ကာပူရှိ Asia Square တာဝါကို ကာတာနိုင်ငံက ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြင့် ၀ယ်ယူ

စင်္ကာပူရှိ Asia Square တာဝါကို ကာတာနိုင်ငံက ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
8 Jun 2016 11:16 am တွင် တင်ခဲ့သည်
2189 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူနိုင်ငံရှိ အထပ်မြင့်အဆောက်အအုံတစ်လုံးဖြစ်သော Asia Square တာဝါ (၁)ကို ကာတာရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့ (QIA) က စင်္ကာပူကုမ္ပဏီ Blackrock ထံမှ စင်္ကာပူဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ) ဖြင့် ၀ယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်ကုမ္ပဏီတစ်ခု၏ ပြောကြားချက်အရ အာရှ-ပစိဖိတ်ဒေသတွင် အကြီးမားဆုံး တာဝါအရောင်းအ၀ယ်ဖြစ်ကြောင်း သိရသည်။
Asia Square တာဝါ (၁) သည် စင်္ကာပူ၏ ဘဏ္ဍာရေးလုပ်ငန်းများ အခြေစိုက်ရာအရပ်တွင် တည်ရှိပြီး အကျယ်အ၀န်း ၁ ဒသမ ၂၅ စတုရန်းပေ ရှိသည်။

ယခုအရောင်းအ၀ယ်မှ အစပြုကာ လာမည့်လများတွင် စင်္ကာပူရုံးခန်းအိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ဝင်စားမှုများ မြင့်တက်လာမည်ဟု မျှော်လင့်ထားကြသည်။

စင်္ကာပူစီးပွားရေး နှေးကွေးနေသည့် ယခုကာလမျိုးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်သို့ ရောင်းလိုအား ဖြည့်တင်းနိုင်မှု မြှင့်
တင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိကြသည်။

Developer တို့သည် စင်္ကာပူတွင် ယခုနှစ်အတွင်း ရုံးခန်းနေရာ စုစုပေါင်း စတုရန်းပေ ၄ သန်းဖြည့်တင်းနိုင်ရန်နှင့် လာမည့်နှစ်တွင် စတုရန်းပေ ၁ ဒသမ ၄ သန်း ဖြည့်တင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြကြောင်း SLP နိုင်ငံတကာ အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ နစ်ကိုလပ်စ် မက်ခ်က ပြောကြားသည်။

Asia Square ရှိ အခြားတာဝါတစ်ခုကို Blackrock က ပိုင်ဆိုင်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူရှိ Asia Square တာဝါကို ကာတာနိုင်ငံက ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service