လိမ်လည်မှုများပြုလုပ်သည့် အိမ်ခြံမြေအကျိုးဆောင် ကြိမ်ဒဏ်အချက် ၃၀ နှင့် ထောင်ဒဏ် ၁၆ နှစ် ကျခံရ

လိမ်လည်မှုများပြုလုပ်သည့် အိမ်ခြံမြေအကျိုးဆောင် ကြိမ်ဒဏ်အချက် ၃၀ နှင့် ထောင်ဒဏ် ၁၆ နှစ် ကျခံရ - Property News in Myanmar from iMyanmarHouse.com
8 Jun 2016 11:09 am တွင် တင်ခဲ့သည်
2039 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံတွင် လေလံအိမ်များ ၀ယ်ယူရင်းနှီးမြှုပ်နှံမှုများ၌ လိမ်လည်မှုများပြုလုပ်သည့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအား ကြိမ်ဒဏ်အချက် ၃၀ နှင့် ထောင်ဒဏ် ၁၆ နှစ် ကျခံရစေရန် အမိန့်ချမှတ်လိုက်ကြောင်း ကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံ၊ ဂျိုဟာ ဘာရူးပြည်နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ မူဟာမက် အဆစ် အဘက် ဂျာလီသည် ၂၀၁၃ ခုနှစ်၊ မေလမှ ၂၀၁၆ ခုနှစ်၊ ဧပြီလအထိကာလအတွင်း လေလံတင်ရောင်းချသည့်နေအိမ် ၀ယ်ယူရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ၀ယ်လက်ပေါင်း ၃၀ ဦးထံမှ မလေးရှားရင်းဂစ်ငွေ ၃၈၂၁၁၇ (ကန်ဒေါ်လာ ၉၃၆၈၅ ခန့်) ဘဏ်စာရင်းသို့ လွှဲပြောင်းပေးရန် လိမ်လည်တောင်းခံခဲ့သည်ဟု ဆိုသည်။

မူဟာမက်ဂျာလီကို မလေးရှားပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် စွဲချက်တင်ခဲ့ပြီး အမှုပေါင်း ၃၀ ဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကာအမှုအားလုံးတွင် ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ရာဇ၀တ်တရားသူကြီး မိုဟာမက် အက်ဇ်လန် ရှားမိုဟာမက် အယ်လီယာက ပြောကြားသည်။

မူဟာမက်ဂျာလီ၏ ရှေ့နေက ပြောကြားရာတွင် ဂျာလီတွင် ဇနီး ၂ ဦးရှိပြီး အလုပ်အကိုင်မရှိကြကြောင်းနှင့် ဒုတိယဇနီးမှာ လွန်ခဲ့သော ၁၀ ရက်ခန့်က ဒုတိယမြောက်ကလေးမွေးဖွားပြီးခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင် ဂျာလီသည်ကျန်းမာရေးမကောင်းသည့် ယောက္ခမဖြစ်သူကို
စောင့်ရှောက်ပေးရလျက်ရှိသူလည်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။

မူဟာမက်ဂျာလီကို ပြစ်မှုတစ်ခုချင်းအတွက် ထောင်ဒဏ်
တစ်နှစ်နှင့် ကြိမ်ဒဏ်တစ်ချက် ချမှတ်ခဲ့သည်။
အချို့ပြစ်မှုများအတွက် ထောင်ဒဏ်များကို သီးခြားကျခံစေပြီး အချို့အတွက်မူ တစ်ပေါင်းတည်း ကျခံစေခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service