ရန်ကုန်စတော့ အိတ်ချိန်းသို့ တတိယမြောက်အစု ရှယ်ယာများရောင်းချမည့် မြန်မာနိုင်ငံသားများ ဘဏ်ဝင်ရောက်လာပါက လက်ရှိရောင်းချနေသည့် သီလ၀ါနှင့် FMI ကုမ္ပဏီမှ ရှယ်ယာ ဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်ကြောင်း ဈေးကွက် တွင် အရောင်း အ၀ယ်ပြုလုပ်နေ သူများကပြောသည်။
မြန်မာနိုင်ငံသားများ ဘဏ် (Myanmar Citizens Bank) သည် ရန်ကုန်စတော့အိတ် ချိန်း၌ တတိယမြောက် အစုရှယ်ယာများ ရောင်းချမည့်ကုမ္ပဏီအဖြစ် ဇူလိုင်တွင် စတင်မည်ဖြစ်သောကြောင့် ယခုကဲ့သိုရှယ်ယာ ဈေးနှုန်းများ ကျဆင်းနိုင်မည့် အခြေအနေကို အရောင်းအ၀ယ် ပြုလုပ်သူများကခန့်မှန်းပြောဆိုသည်။
ဇွန် ၇ ရက်က ရန်ကုန် စတော့ အိတ်ချိန်းတွင် သီလ၀ါ ကုမ္ပဏီက ၅၇၀၀၀ ကျပ်နှင့် FMI ကုမ္ပဏီက ၂၆၀၀၀ ကျပ်ဖြင့်ဈေးနှုန်းများတည်ငြိမ်ပြီး အရောင်းအ၀ယ် ပြုလုပ်သူနည်းပါး နေကြောင်း ရှယ်ယာဝယ်ယူထားသူအချို့ကဆိုသည်။
တတိယမြောက် ဝင်ရောက် ရောင်းချမည့် မြန်မာနိုင်ငံသား များဘဏ် (Myanmar Citizens Bank)ဘဏ်သည် ၁၉၉၆ တွင် ရှယ်ယာများ စတင်ရောင်းချခဲ့ သည်။ ယခုအချိန်တွင် ဘဏ်ခွဲ ပေါင်း ၁၉ ခုဖွင့်လှစ်နိုင်ခဲ့ပြီး မတည်ရင်းနှီးငွေကျပ် ၅၃ ဘီလီ ယံရှိကြောင်း အဆိုပါဘဏ်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ကုမ္ပဏီခုနစ်ခုကို ရောင်းချခွင့်ပြုထားပြီး လအလိုက်ကုမ္ပဏီတစ်ခုချင်းစီအား ရောင်း ချခွင့်ပြုလျက်ရှိသည်။
ပြည်တွင်း၌ စတော့အိတ် ချိန်းသို့ ဝင်ရောက်ရန်ရည်ရွယ်ပြီး တည်ထောင်ထားသည့် အများ ပိုင် ကုမ္ပဏီ ၂၅၀ ကျော်ရှိကာ အဆိုပါ ကုမ္ပဏီများအားလုံးကို စတော့အိတ်ချိန်းသို့ ဝင်ရောက် ခွင့်ပြုမည်မဟုတ်ဘဲ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က သတ်မှတ်ထားသည့် စံနှုန်းများပြည့်မီမှသာ ဝင်ရောက် လုပ်ကိုင်ခွင့်ရရှိမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချမည့် ကုမ္ပ ဏီ များသည် အများပိုင်ကုမ္ပဏီ ဖြစ်ရန်လိုပြီး ၂နှစ်ဆက်တိုက်အမြတ်ငွေရရှိရန် လိုအပ်ကြောင်းယင်းကော်မရှင်၏ စံနှုန်းသတ် မှတ်ချက်၌ ပါရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com