အိမ်ခြံမြေဥပဒေ လိုအပ်ချက်တွေအားလုံးပါတဲ့ ဥပဒေဖြစ်ဖို့ လိုအပ်

အိမ်ခြံမြေဥပဒေ လိုအပ်ချက်တွေအားလုံးပါတဲ့ ဥပဒေဖြစ်ဖို့ လိုအပ် - Property News in Myanmar from iMyanmarHouse.com
7 Jun 2016 1:05 pm တွင် တင်ခဲ့သည်
3131 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေနဲ့သက်ဆိုင်တဲ့ဥပဒေတစ်ခုချင်းစီအတွက် ပြသနာတွေအလိုက် ရေးဆွဲတာမျိုးမဟုတ်ဘဲ နောက်ထပ်လိုထပ်လိုအပ်ချက်မဖြစ်အောင်တကယ်လိုအပ်တာတွေပါဝင်တဲ့ ဥပဒေတွေဖြစ်သင့်တယ်လို့သိရပါတယ် ။

စီးပွားရေးနှင့်ဥပဒေလမ်းညွန်ဦးတင်သန်းဦးက ‘တကယ်လိုအပ်ချက်တွေကိုမစဉ်းစားရင်နောက်ထပ်လို
အပ်ချက်တွေပေါ်ဦးမှာပဲ ၊ဥပဒေတချို့ကတော့ မပြင်လို့ကိုမရအောင် လိုအပ်နေတယ် ‘လို့ပြောပါတယ် ။

၂၀၁၄ခုနှစ်ကုန်ပိုင်း ကာလဝန်းကျင်ကတည်းက မြေယာဆိုင်ရာဥပဒေ ၊ပြင်ဆင်မှုလိုအပ်နေတဲ့ မြို့ပြဆိုင်ရာငှါးရမ်းခြင်း အက်ဥပဒေတွေထွက်ရှိဖို့ပြုလုပ်နေတာပါ ။မြေအသုံးချမှုဆိုင်ရာဥပဒေသာထွက်ပေါ်လာရင် လက်ရှိဖြစ်ပေါ်နေတဲ့မြေယာအရှုပ်အရှင်းကိစ္စတွေနဲ့အမည်ပေါက်လျှောထားတာတွေ ၊မြေခွဲခြမ်းစိတ်ဖြာမှုတွေအတွက် ဖြေရှင်းနိုင်မယ့်လယ်မြေ ၊ဥယျာဉ်ခြံမြေ ၊ရွာမြေ စတဲ့အရှုပ်အရှင်းပြသနာတွေကိုလည်း ပြေလည်စေနိုင်မယ်လို့သိရပါတယ် ။

ကြန့်ကြာနေတဲ့ဥပဒေတွေနဲ့ထပ်တိုးအခွန်နှုန်းထားတွေကြောင့်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးခဲ့တယ် ။ဝယ်သူပျောက်ပြီး ဈေးတန့်နေတဲ့ဈေးကွက်ဖြစ်ပေါ်နေတာပါ။ဝယ်လက်တွေကလည်းမူဝါဒ ဥပဒေအပြောင်းအလဲကိုစောင့်ကြည့်ရင်း ၊မျှော်လင့်ရင်းနဲ့ဈေးကွက်အေးနေခဲ့တာလို့ အကျိုးဆောင်တချို့ကပြောပါတယ် ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ဈေးကွက်တစ်ခုလုံးက အပြောင်းအလဲတွေကိုမျှော်လင့်ပြီး စောင့်နေကြတာ ၊စောင့်ဆိုင်းနေတာကလဲ ကာလကြာရင်းဈေးကွက်ကပျက်သလိုဖြစ်နေတာ ‘လို့ပြောပါတယ် ။

အခွန်နှုန်းထားတွေ မြင့်နေတာကလည်း ဈေးကွက်ကိုအေးစေပါတယ်။အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ရာမှာမြေရှင်နဲ့
ဝယ်ယူသူဘက်က သတ်မှတ်ထားတဲ့အခွန်နှုန်းထားကိုပေးဆောင်ရတာဖြစ်ပြီး အခုနောက်ပိုင်းမှာ အဆောက်အအုံဆောက်လုပ်ရောင်းချတဲ့ သူတွေပါအဆောက်အအုံအတွက် အခွန်သုံးရာခိုင်နှုန်း ပေးဆောင်ဖို့သတ်မှတ်ထားတာပါ ။

အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘တချို့ဥပဒေတွေက နှစ်အတော်ကြာပြန်မပြင်ဆင်တဲ့အတွက် အခုချိန်မှာ နစ်နာရတာတွေလဲရှိတယ် ၊ဒါကြောင့် အသစ်ထွက်လာမယ့်ဥပဒေတွေကိုလဲ ခေတ်ကာလနဲ့အညီ ကောင်းမွန်အောင်လုပ်သင့်တယ် ‘ လို့ပြောပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service