အိမ်ခြံမြေအရောင်းအဝယ် တကယ်ဖြစ်ချင် တကယ်လျှော့

အိမ်ခြံမြေအရောင်းအဝယ် တကယ်ဖြစ်ချင် တကယ်လျှော့ - Property News in Myanmar from iMyanmarHouse.com
7 Jun 2016 12:59 pm တွင် တင်ခဲ့သည်
2393 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ချင်ရင် လက်ရှိပေါက်ဈေးထက်လျှော့ရောင်းမှသာ အရောင်းအဝယ်ပွဲဖြစ်တာလို့ အကျိုးဆောင်တချို့ကပြောပါတယ် ။

အရပ်အကျိုးဆောင်ဒေါ်တင်ကြည်က ‘ဈေးပေးတာတော့နေ့တိုင်းနီးပါးရှိတယ် ၊ပွဲမဖြစ်တာကဈေးညှိနှိုင်းမရတာကြောင့်ပဲ ၊အဝယ်အများစုကတော့ မြေဈေးအနိမ့်တွေကို ပိုစိတ်ဝင်စားကြတယ် ၊ပေ ၂၀ xပေ ၆၀ပဲဖြစ်ဖြစ် ကျပ်သိန်း ၅၀ဝန်းကျင်တန်တွေပဲ ကြိုက်ကြတယ်’ လို့ပြောပါတယ် ။

အရင်ကအရောင်းအဝယ်ဖြစ်ချင်ရင် လက်ရှိပေါက်ဈေးနဲ့ဈေးခေါ်မှအရောင်းထွက်တာ ။အခုကပေါက်ဈေးထက်လျှော့ရောင်းနိုင်မှသာ အရောင်းအဝယ်ဖြစ်တာလို့သိရပါတယ် ။

အဝယ်ရှိတယ်ဆိုပေမဲ့ ဝယ်မယ့်ဈေးကြည့်ပြီးမရောင်းချင်ကြဘူး ။ရောင်းမယ်ဆိုတော့လည်း ရောင်းဈေးကြည့်ပြီး ဝယ်သူတွေက မဝယ်ကြဘူးလို့အကျိုးဆောင်တချို့ကပြောပါတယ် ။

ဝယ်တဲ့သူတချို့ကမရောင်းနိုင်တဲ့ ဈေးဆစ်ကြတာတွေကြောင့်အကျိုးဆောင်အချိန်ယူလိုက်ပြ ၊ညှိနှိုင်းပေမဲ့ ပွဲမဖြစ်နဲ့ လုပ်ကိုင်ရခက်နေကြတယ်လို့ ဈေးကွက်အတွင်းကြုံနေတဲ့အခြေအနေတွေကိုပြောပါတယ် ။

ဈေးနိမ့်တာတွေကို စိတ်ဝင်စားကြတာကအရင်လိုငွေအရင်းအနှီးများများနဲ့ မဝယ်နိုင်ကြတာကြောင့်လို့ပြောတယ် ။အရင်လို ခုဝယ် ၊ခုရောင်းပြန်ထွက်တဲ့ ဈေးကွက်အခြေအနေကနေ ဈေးလျှော့တာတောင်ဝယ်သူမရှိတဲ့ ဈေးကွက်ဖြစ်နေတာကြောင့်
လို့လည်းဆိုတယ် ။

ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ‘အရောင်းအဝယ်တွေက မကောင်းပါဘူး ၊အမေးတော့ရှိတယ် ၊ဝယ်သူနဲ့ရောင်းသူကြားမှာညှိပေးရတာခက်တယ် ၊ပွဲမဖြစ်တာများတယ်၊အရောင်းအဝယ်ရှိတယ်ဆိုတာက
တကယ့်အောက်ဈေးပဲဖြစ်တာ ၊သိန်း ၅၀၀ပတ်ချာလည် ၊ဈေးအရမ်းသက်သာတဲ့နေရာတွေမှသာ သိန်း၁၀၀ ကျော်တန်တွေပွဲ ဖြစ်တာ ‘ လို့ပြောပါတယ် ။

အိမ်ခြံမြေဈေးကွက်ရဲ့အရင်ကအခြေအနေတွေပေါ်ကြည့်ပြီး ဈေးကွက်ပြန်ဖြစ်လာမှပဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ
့ကိုင်ထားကြတာတွေများပါတယ် ။အရောင်းအဝယ်အေးနေတာက ဖြတ်သန်းခဲ့သမျှနှစ်တွေရဲ့ဈေးကွက်အေးခဲ့ဖူးတဲ့အချိန်တွေ ထက်ပိုကြာမြင့်နေပါတယ် ။ဈေးကွက်ပျက်တဲ့အခြေအနေမရောက်ဖို့ မျှော်လင့်ရမှာပဲလို့ အကျိုးဆောင်တချို့ကဈေးကွက်အခြေအနေကို သုံးသပ်ကြပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service