ကျောက်ဖြူစီးပွားရေးဇုန် တင်ဒါအောင် CITIC ကုမ္ပဏီကို လုပ်ငန်းအကောင်အထည်ဖော်ရန် ညွှန်ကြားချက် မရှိသေး

ကျောက်ဖြူစီးပွားရေးဇုန် တင်ဒါအောင် CITIC ကုမ္ပဏီကို လုပ်ငန်းအကောင်အထည်ဖော်ရန် ညွှန်ကြားချက် မရှိသေး - Property News in Myanmar from iMyanmarHouse.com
7 Jun 2016 12:49 pm တွင် တင်ခဲ့သည်
980 ကြိမ် ကြည့်ရှု့ပြီး
ကျောက်ဖြူအထူးစီးပွား ရေးဇုန်ကို တရုတ် CITIC ကုမ္ပဏီ က တင်ဒါအောင်မြင်ပြီး ငါးလ ကျော်ကြာသည်အထိ အစိုးရသစ် က ဆက်လက်အကောင်အထည် ဖော်လုပ်ကိုင်ရန် တစ်စုံတစ်ရာ ညွှန်ကြားလာခြင်း မရှိသေး ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ တွင် အထူးစီးပွားရေးဇုန်လုပ်ကိုင် ရန် တရုတ် CITIC ကုမ္ပဏီအားယခင်အစိုးရလက်ထက်က တင်ဒါခွင့်ပြုထားသော်လည်း လက်ရှိ၌ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီများ ရွေး ချယ်သည့် အဆင့်သာရှိသေး ကြောင်း အဆိုပါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

‘‘ဒီစီမံကိန်းက အစိုးရစီမံ ကိန်းလေ။ အစိုးရသစ်ကလည်း ဦးစားပေးအစီအစဉ်တွေများနေ လို့ စိတ်ရှည်ရပါတယ်။ ဒီကြားထဲ ထူးထူးခြားခြားရှိလာရင် မီဒီယာ တွေခေါ်ပြီး ပွင့်ပွင့်လင်းလင်းလုပ် သွားဖို့ စီစဉ်ထားပါတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။

အထူးစီးပွားရေးဇုန် နည်း ပညာဥပဒေ၌ တင်ဒါအောင်မြင် ပြီး ကုမ္ပဏီသည် ခြောက်လအ တွင်း လုပ်ငန်းအကောင်အထည် ဖော်ရန် စီမံကိန်းအသေးစိတ်ကို စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရ မည်ဖြစ်သည်။ ထို့နောက် ပြည် ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်း ပေးထားသည့် အထူးစီးပွားရေး ဇုန် ဗဟိုအဖွဲ့ထံသို့ ၁၅ ရက်အ တွင်း တင်ပြရမည်ဖြစ်သည်။ ယင်းဗဟိုအဖွဲ့သည် ရက်ပေါင်း ၃၀ အ တွင်း အဆိုပါစီမံကိန်းကို လက်ခံ ခြင်းနှင့် ငြင်းပယ်ခြင်းပြုရမည်ဟု ဆိုထားသည်။

လက်ရှိကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကို ဦးသိန်းစိန်အစိုးရလက်ထက် က ဖွဲ့စည်းပေးခြင်းဖြစ်သည်။ ယင်းကော်မတီသည် လက်ရှိတွင် တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ် ဆောင်ရန် မြန်မာကုမ္ပဏီ ၁၉ ခု အား ဖိတ်ခေါ်ထားသည်။

အဆိုပါ ပြည်တွင်းကုမ္ပဏီ များကို DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန) တွင် တင်ပြထားသည့် ငွေကြေး တောင့်တင်းမှု၊ ဝင်ငွေနှုန်းထား၊ အခွန်ဆောင်ထားမှုပမာဏနှင့် ယခင်လုပ်ကိုင်ခဲ့သည့် လုပ်ငန်း စီမံကိန်းများ စစ်ဆေးနေသည်။

ယခုတင်ဒါအောင်မြင်ထား သည့် CITIC ကုမ္ပဏီသည် စက်မှု ဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အ ကောင်အထည်ဖော်ရန် လုပ်ကိုင် ခွင့်ရရှိထားသည်။ စက်မှုဇုန်အ တွက် တင်ဒါခေါ်ယူစဉ်ကပင် ရှယ် ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ ဘက်က ၄၉ ရာခိုင်နှုန်း သတ်မှတ် ထားသော်လည်း ရေနက်ဆိပ်ကမ်းအတွက် သတ်မှတ်ချက်မရှိ သေးကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ စီမံကိန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလျင်အမြန်အကောင်အထည် ဖော်ခြင်းနှင့် စီမံကိန်းအတွက် တရုတ်ထံမှ မြန်မာအစိုးရချေးယူ ရမည့် ချေးငွေသည် အတိုးနှုန်းများ သဖြင့် ဒေသခံများက စိုးရိမ်ခဲ့သော စီမံကိန်းဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service