ရန်ကုန်စတော့ခ် အိတ်ချိန်းကို ဇူလိုင်လအတွင်း မြန်မာနိုင်ငံသားများဘဏ် (MCB)အနေနဲ့ တတိယမြောက်ကုမ္ပဏီအဖြစ် ၀င်ရောက်လာမယ်လို့ သိရပါတယ်။
နေ့ရက်အတိအကျတော့ ပြောလို့မရသေးပါဘူး၊ခုက စိစစ်တုန်းအနေအထားပါ နီးရင်တော့ထုပ်ပြန်မှုတွေ လုပ်ပါ့မယ်လို့ ရန်ကုန်စတော့ခ်အိပ်ချိန်းရဲ့ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးကပြောပါတယ်။
မြန်မာနိုင်ငံသားများ ဘဏ်ကို ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။၁၉၉၆ ခုနှစ်မှာတော့ ရှယ်ယာတွေစတင်ရောင်းချပါတယ်။မတည်ရင်းနှီးငွေကျပ် ၅၃ ဘီလျံနဲ့ စတင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၁၉ ခုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။လာ့မယ့် ငါးနှစ်အတွင်းမှာတော့ ဘဏ်ခွဲပေါင်း ၃၁ ခုအထိ တိုးချဲ့နိုင်ဖို့ရည်ရွယ်ထားပြီး မကြာခင်ဘဏ်ခွဲနှစ်ခု ဖွင့်လှစ်မယ်လို့ဆိုပါတယ်။
အမ်စီဘီကို စီးပွားကူးသန်းဝန်ကြီးဌာနက ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်ပါတယ်။အရင်ကမြန်မာငွေချေး သက်သေခံလုပ်ငန်းဗဟိုဌာနမှာ ရှယ်ယာတစ်ခုကို ကျပ်ငါးထောင်နဲ့ ရောင်းချခဲ့ပါတယ်။လက်ရှိမှာတော့ ဈေးကွက်အတွင်းရှိ ရှယ်ယာ အဟောင်းတွေကိုသာ အရောင်းအ၀ယ်ပြုလုပ်မှာဖြစ်ပြီး တစ်နှစ်အကြာမှာတော့ ရှယ်ယာသစ်တွေထုပ်ရောင်းမယ်လို့ ဆိုပါတယ်။
အမ်စီဘီအနေနဲ့ လက်ရှိမှာတော့ ရန်ကုန်စတော့ခ်ဈေးကွက် အတွင်း ၀င်ရောက်နိုင်ဖို့ စိစစ်မှုတွေခံယူနေပါတယ်။
လက်ရှိစတော့ခ်ဈေးကွက် အတွင်းမှာ အက်ဖ်အမ်အိုင်က ဒုတိယစာရင်းဝင်အနေနဲ့ ရှိပါတယ်။
အမ်စီဘီကတော့ ဈေးကွက်အတွင်းကို တတိယမြောက်စာရင်းဝင်ကုမ္ပဏီ အနေနဲ့ ၀င်ရောက်လာမှာဖြစ်ပါတယ်။
Credit: The Kumudra