ရန်ကုန်ရှိ လမ်းနှင့် မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များ ပြင်ဆင်ရေးဆွဲလျက်ရှိ

ရန်ကုန်ရှိ လမ်းနှင့် မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များ ပြင်ဆင်ရေးဆွဲလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
7 Jun 2016 10:51 am တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ လမ်းနှင့် မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များ ပြင်ဆင်ရေးဆွဲနေပြီး ၂၀၁၅ တွင် သတ်မှတ်ခဲ့သော တစ်ပေပတ်လည် သတ်မှတ်ခဲ့သော စံနှုန်းထက် မြင့်မားနိုင်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါစံနှုန်း သတ်မှတ် ချက်များကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများက လက်ရှိပေါက် ဈေးနှုန်းများ၏ အခြေခံကောက်ယူထားပြီး ၂၀၁၆ ဇွန်လကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ထို့ပြင် အိမ်ခြံမြေစံနှုန်းသတ် မှတ်ချက်များကို မြန်မာနိုင်ငံအိမ် ခြံမြေအဖွဲ့ကလည်း ရေးဆွဲလျက်ရှိပြီး နှစ်ဖွဲ့ပေါင်းရေးဆွဲချက်များ ကို ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ တင်ပြမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

အိမ်ခြံမြေစံနှုန်းများကို တစ် နှစ်တစ်ကြိမ် ပြင်ဆင်ရေးဆွဲပြီး အိမ်ခြံမြေအရောင်းအ၀ယ်ဖြစ်ပါ က သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်သည်။

အိမ်ခြံမြေတစ်ပေပတ်လည် စံနှုန်းများကို လမ်းနှင့် မြို့နယ်အ လိုက်အချက်အချာကျသည့် နေရာပေါ်မူတည်ပြီး ဈေးနှုန်းများသတ်မှတ်ပေးခြင်း ဖြစ်သည်။

‘‘အိမ်အရောင်းအ၀ယ်ဖြစ် တဲ့ ဈေးအတိုင်း အခွန်ဆောင် တယ်ဆိုရင်တော့ အိမ်ခြံမြေစံနှုန်း က သတ်မှတ်ဖို့ မလိုပါဘူး။ အ ရောင်းအ၀ယ်ဖြစ်တဲ့ ဈေးအတိုင်း အခွန်မဆောင်ကြလို့သာ အိမ်ခြံ မြေစံနှုန်းဆိုပြီး သတ်မှတ်ရတာ ပါ’’ဟု ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ပါက သက်ဆိုင်ရာအခွန် ရုံးတွင် တန်ဖိုးမဖြတ်ဘဲ အရပ်စာ ချုပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ် ခြင်းကြောင့် ရန်ကုန်တိုင်း၌ အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်ခြင်းမှ အခွန်ကောက်ခံရရှိမှု လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၁၆ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အတွင်း အရောင်းအ၀ယ်ဖြစ်ပါက အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကျော်မှ ကျပ်သိန်း ၁,၀၀၀ အထိ ကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service