ကျူးကျော်တွေကို တစ်နေရာတည်းမှာ ယာယီစခန်းနဲ့ ထားမယ်ဆိုရင်

ကျူးကျော်တွေကို တစ်နေရာတည်းမှာ ယာယီစခန်းနဲ့ ထားမယ်ဆိုရင် - Property News in Myanmar from iMyanmarHouse.com
6 Jun 2016 11:22 am တွင် တင်ခဲ့သည်
1966 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်းက ကျူးကျော်တွေကို ပထမအဆင့်အဖြစ် ယာယီစခန်းသဘောမျိုး ဆောက်လုပ်ပြီးထားမယ်ဆိုရင် လူမှုပြဿနာပေါင်းစုံ ဖြစ်ပေါ်လာနိုင်သလို လက်တွေ့ကျကျဆောင်ရွတ်ဖို့လည်း ခက်ခဲမယ်လို့ ပညာရှင်တစ်ချို့ဝေဖန်ထားပါတယ်။

စေတနာကတော့ကောင်းပါတယ်၊တန်ဖိုးလည်းထားပါတယ်၊ဒါပေမဲ့ လက်တွေ့မဖြစ်နိုင်ပါဘူး၊ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သူ့အမြင်ပြောပါတယ်။
လူတန်းစားပေါင်းစုံကို နေရာတစ်ခုတည်းမှာ စုစည်းထားတဲ့ အခါ စားဝတ်နေရေး လုံခြုံရေးတွေအပြင် ကမ့်တစ်ခုမှာ ပါသင့်ပါထိုက်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ တည်ဆောက်ပေးရမယ်လို့ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာအကူအညီအတွက် လိုက်နာရမယ့် စံချိန်စံညွှန်းဖြစ်တဲ့ The Spheren Projet Hand Book မှာဖော်ပြထားပါတယ်။

ကျူးကျော်တွေကို ကမ့်(ယာယီစခန်း)အတွင်းမှာ ထားမယ်ဆိုရင် ကျမ်းမာရေးလူမှုရေးပြဿနာတွေ ကြုံတွေ့နိုင်သလို ကျန်းမာရေးအတွက် ရေအိမ်ကအစ ဘယ်လိုထားမလဲဆိုတာကို စီစဉ်သင့်တယ်လို့သိရပါတယ်။
ဘယ်လိုပြင်ဆင်ဘယ်ပုံ၊ဘယ်နည်းနဲ့ ထားမလဲ ဘာတွေပြင်ဆင်ထားသလဲ ရေတို့၊အိမ်သာတို့ ၊စားမယ့်သောက်မယ့်ဟာတွေ၊ မိသားစုတွေကို ဘယ်မှာထားမလဲ ဒါတွေကတော်တော်ကြီးတဲ့ ပြဿနာလို့မြင်တယ်၊ဒါတွေကမ့်တွေမှာ ဖြစ်နေကျပုံစံတွေမို့ ဖြစ်တက်ပါတယ်လို့ စစ်ရှောင်ဒုက္ခသည် စခန်းတွေ နာဂစ်ကာလက ဒုက္ခသည်တွေကိုထားတဲ့ ကမ့်တွေကိုသွားရောက်အကူညီပေးခဲ့ဘူးတဲ့ Civics Educator ကဦးမန်းသိုက်ထွန်းက ပြောပါတယ်။
ကမ့်တစ်ခုမှာ လူဦးရေဘယ်လောက်ခံမယ်၊အိမ်ထောင်စု ဘယ်လောက်ထားမယ်ဆိုတာ တိတိကျကျ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ကျူးကျော်တွေကို ဘယ်လိုပုံစံသတ်မှတ်ချက်တွေနဲ့ ထားမယ်ဆိုတာတော့ သေသေချာချာပြောဆိုထားတာ မတွေ့ရသေးဘူး ကမ့်တွေမှာ ထားမယ်ဆိုရင် နိုင်ငံတကာကစံချိန်စံညွှန်းတွေအတိုင်း ထားရမှာဖြစ်တယ်၊လုံခြုံရေးအစားအစာ ၊နေရာထိုင်ခင်း၊လုံခြုံရေးဆိုရင် အမျိုးသမီးတွေအတွက် လုံခြုံရေး၊ကလေးတွေအတွက် စာသင်ကျောင်း၊အဓမ္မကျင့်တဲ့ ကိစ္စတွေကအစမရှိအောင် စဉ်းစားပေးရမှာဖြစ်တယ် လို့ ကချင်ငြိမ်ချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကတယ်လဖုန်းနဲ့ ပြောပါတယ်။

သူကဆက်ပြီး တကယ်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက နိုင်ငံတော်က ဘယ်လိုပံ့ပိုးမလဲ၊လူအင်အားနဲ့ အတွေ့အကြုံဘယ်လိုရှိလဲ နိုင်ငံတကာက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ဒေသခံအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်လုပ်ကိုင်မလဲ တကယ်တမ်းလုပ်မယ်ဆိုရင်တော့ လုပ်လို့ရတဲ့ အဆင့်ရှိတယ်လို့ ပြောပါတယ်။
ရန်ကုန်မှာ ကျူးကျော်နေထိုင်သူ ၄၃၀၀၀၀ ကျော်ရှိတယ် လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျူးတွေအတွက် ကမ့်တစ်ခုဆောက်လုပ်ပေးမှာဖြစ်ပြီး နေရမယ့် နေရာနံပါတ်ရှိတဲ့ ကတ်ပြားကိုထုတ်ပေးမယ်၊နေလို့ထိုင်လို့ အဆင်ပြေအောင် ကူညီပေးမယ်၊အဲဒီနေရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ နေပြီး ဘ၀ကိုတိုးတက်အောင် လုပ်ရမယ်၊ကျူးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့လည်း တာဝန်ယူပြီးရှာဖွေပေးမှာ ဖြစ်တယ်လို့ပြောထားပါတယ်။

ကျူးကျော်တွေအတွက် ကွင်းဆင်းကောက်ယူရေးအဖွဲ့ တွေကိုရပ်ကျေးမြို့နယ်ခရိုင်၊တိုင်းဒေသကြီးအဆင့်အထိအဆင့်ဆင့်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။တိုင်းဒေသကြီးအဆင့်လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီးက ဥက္ကဌ တွဲဖက်အတွင်းရေဒမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊အတွင်းရေးမှူးအဖြစ် တိုင်းဒေသကြီးဦးစီးမှူး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ဦးဆောင်သွားမှာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်ကိုဦးက ရှင်းလင်းပွဲ လုပ်ပြီးနောက်ပိုင်း သီးခြားညွှန်ကြားချက် မရှိသေးပါဘူး၊ ၂၀၁၆ ခုနှစ် မေလ ၂၅ ရက် နောက်ပိုင်း ကျူးကျော်တာတွေ ကိုထည့်သွင်းမစဉ်းစားဘူး၊ ဥပဒေနဲ့အညိ အရေးယူမယ်၊ဒါပဲညွှန်ကြားတာရှိသေးတယ် လို့ကျူးကျော်နေထိုင်သူတွေရဲ့ ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ကျူးကြသေးတယ်လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်ရပ်ကွက်အချို့မှာတော့ ၂၅ ရက် ၅လနောက်ပိုင်းမှ လာရောက်ကျူးကျော်နေထိုင်သူတွေရှိပြီး မြို့နယ်စည်ပင်သာယာက လိုက်လံဖျက်သိမ်းတာရှိတယ်လို့ သိရပါတယ်။

စီမံချက်ထဲ မှာပါတဲ့ အကြောင်းအရာများအားလုံးကို ကျွန်တော်ကစီမံခန့်ခွဲပြီး ဆောင်ရွတ်မှာဖြစ်တဲ့ အတွက် အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွတ်ရမယ်လို့ ရန်ကုန်တိုင်းနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောဆိုထားပါတယ်။

တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်ရေးကော်မတီမှာ အဖွဲ့ဝင်တွေအဖြစ်အုပ်ချုပ်ရေးမှူး တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကော်မတီဝင်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ၊ညွှန်ကြားရေးမှူးတိုင်းဒေသကြီး မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ညွှန်ကြားရေးမှူးတိုင်းဒေသကြီး စက်မှူကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန ၊ကိုယ်စားလှယ်၊မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊စက်မှုဇုန် ကိုယ်စားလှယ် ၊တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ပေးအပ်ထားတဲ့ ငှာနဆိုင်ရာ အထောက်အကူပြုပုဂ္ဂုလ်တွေနဲ့ စေတနာ့ဝန်ထမ်းလုပ်အားပေးတွေ ပါဝင်မှာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် (၂)ဦးမြတ်မင်းသူက စီစဉ်ဆောင်ရွတ်နေတဲ့ အပိုင်းပဲရှိတဲ့ အတွက်ဘယ်လိုလုပ်မယ်ဆိုတော့မပြောသေးဘူး လူဦးရေတအားများနေတယ်ဆိုရင်ပဲ ပေးရမဲ့ နေရာအနေအထားက ဒီလူတွေကို ဘယ်လိုနေရာမျိုးမှာ စနစ်တကျထားနိုင်မလဲ လူဦးရေအနည်းအများပေါ်မူတည်ပြီး စဉ်းစားရမယ့်အနေအထားရှိတယ်လို့ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် ဓမ္မပါလကျူးကျော် ရပ်ကွက်အတွင်းမှာ နေထိုင်သူ ဦးနွယ်စိုးက ကိုယ်တွေကမရျိလို့နေရတဲ့ ဘ၀တွေမှာ လုပ်ငန်းလဲပေးနိုင်မယ် ၊အိုးအိမ်လဲပေးနိုင်မယ်ဆိုရင်တော့ မရတာထက်စာရင်တော့ ကျေနပ်ရမယ့်အနေအထားရှိတာပေါ့လို့ ပြောပါတယ်။

ပလန် ခိုင်ခိုင်မာမာမရှိဘဲနဲ့ဒီလို ထားလို့ရှိရင်တော့ ပြဿနာတွေပေါ်လာနိုင်တာပေါ့ ဒါပေမဲ့ သူတို့ကအစီအစဉ်သေချာချထားပြီးမှ လုပ်တာဖြစ်တဲ့အတွက့် ပြဿနာ မဖြစ်နိုင်ဘူးလို့ထင်တယ်၊တကယ်လိုဖြစ်လာခဲ့ရင်လည်း တာဝန်ယူထားတဲ့ သူတွေက ဒါကိုဖြေရှင်းပေးရမှာပဲလေ လို့ ဦးမြတ်မင်းသူကပြောပါတယ်။
ကျူးကျော်တွေအတွက် နေထိုင်စရာ စီမံကိန်းကို ၄၅ ရက်အတွင်း အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် စာရင်းကောက်ယူနေချိန် မှာ နိုင်ငံတကာရောပြည်တွင်းမှာရှိတဲ့ လူမှူရေးဆိုင်ရာအဖွဲ့ အစည်းတွေ မီဒီယာတွေကိုပါ ခေါ်သွားမယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

ကျူးကျော်စာရင်းကောက်တဲ့ နေရာမှာဖြစ်ပေါ်လာနိုင်တဲ့ ဆူပူမှူတွေအတွက်လည်း အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားကို တိုးမြှင့်ထားမယ်လို့သိရပါတယ်။
လူတွေကိုတစ်နေရာတည်းမှာ ထားတယ်ဆိုတာထက် သူတို့တွေကို လူသားဖြစ်တဲ့ အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ လူသားပီပီ ဆက်ဆံဖို့ရှိသေးတယ်၊ ဒါတွေအကုန်လုံးဆိုရင် ရန်ကုန်လိုနေရာမျိုးမှာ နည်းနည်းတော့ စိတ်ပူစရာ ရှိပါတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကပြောပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service