ပုဂ္ဂလိကမှ တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များ စောင့်ကြည့် ထိန်းကျောင်းပေး ရန်လို

ပုဂ္ဂလိကမှ တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များ စောင့်ကြည့် ထိန်းကျောင်းပေး ရန်လို - Property News in Myanmar from iMyanmarHouse.com
6 Jun 2016 10:48 am တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း၌ The Infrastructure of Myanmar ကုမ္ပဏီနှင့် ဒေသခံ ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့် တန်ဖိုး နည်း အိမ်ရာစီမံကိန်းများသည် ပုဂ္ဂလိကကုမ္ပဏီအချင်းချင်း နားလည် မှု၊ ပြည်သူလူထု၏ ယုံကြည်မှု သက်သက်ဖြင့်သာ ဆောင်ရွက် သည့် ကိစ္စဖြစ်နေခြင်း၊ နှစ်ရှည်စီမံကိန်းဖြစ်နေခြင်းကြောင့် ဒေသခံအချို့က စိုးရိမ်မှုများ ရှိနေပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အနေဖြင့် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးစေ ချင်ကြောင်း ကသာနှင့် ထီးချိုင့်မြို့နယ် များ ရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။

''ဒီလိုစီမံကိန်းမျိုးတွေနဲ့ပတ်သက်လို့ အစိုးရက သေချာစောင့်ကြည့် ထိန်းကျောင်းပေးစေ ချင်တယ်။ တကယ်တမ်း လိုအပ်လာရင် အစိုးရက ပူးပေါင်းပါဝင်ကူညီရမယ်။ အခု လက်ရှိကိုကြည့်လိုက်ရင် အလွန်ကို အားနည်း တယ်။ ဒီစီမံကိန်းမှာက စဉ်းစားစရာ အပိုင်းတွေရှိနေ တယ်။
အကောင်အထည်ဖော်တဲ့ ဘက်ရော၊ နောက်ပြီးပြည်သူ ဘက်ကရောပေါ့'' ဟု ကသာမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ဦးစန်းဖေက ပြောသည်။

တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူသူများဘက်မှ ကြိုတင်ငွေ တစ်လလျှင်သုံးသောင်းကျပ်နှုန်းဖြင့် နှစ်နှစ် ပေးသွင်းပြီးပါက ကျန်သည့်၂၈ နှစ်ကိုအကြွေးစနစ်ဖြင့် နှစ်ရှည် ရောင်းချသွား
မည်ဖြစ်ကြောင်း ဇွန် ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နှင့် ထီးချိုင့်မြို့ တို့၌ပြုလုပ်သည့် အခြေခံ လူတန်းစားများအတွက် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းနှင့် ပတ်သက်သည့် စာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲတွင် The Infrastructure of Myanmar ကုမ္ပဏီမှ ဦးခွန်ထွန်း က ပြောသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံ စိမ်းဝါနီကုမ္ပဏီနှင့် The Infrastructure of Myanmar ကုမ္ပဏီ တို့က မြန်မာ့စီးပွားရေး ဘဏ်တွင် စာရင်းသစ်တစ်ခုဖွင့် လှစ်၍ ငွေလက်ခံခြင်း ကိုဆောင်ရွက် မည်ဖြစ်ပြီး ကုမ္ပဏီဘက်မှ နှစ်နှစ် အတွင်း ငွေများ ထုတ်ယူ ခြင်း မရှိဘဲ ဘဏ်တွင်သာ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း The Infrastructure of Myanmar ကုမ္ပဏီမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံ မြို့မိ မြို့ဖများ ပါဝင်သည့် အိမ်ရာဖော်ဆောင်ရေးကော် မတီကိုဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ရာ အိမ်ရာကော်မတီတွင် ပါဝင်မည့် မိဿလင်ကျေးရွာအုပ်စုမှ ဦးကျော်ဝင်းက ''အခုလို တန်ဖိုးနည်းအိမ်ရာ လာရောက်ဖော်ဆောင်တာတော့ ကောင်းပါတယ်။

ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေဘက်က နစ်နာမှု မရှိရအောင် အခုဘဏ် စာရင်းဖွင့်တဲ့အထဲမှာ စိမ်းဝါနီရယ်၊ The Infrastructure of Myanmar ကုမ္ပဏီရယ်အပြင် ကျွန်တော်တို့ အိမ်ရာဖော်ဆောင်ရေးကော်မတီ အဖွဲ့ကလည်း ပါဝင်လို့ရအောင် လုပ်မှာပါ။ ပိုက်ဆံ ထုတ်မယ်ဆို ကျွန်တော်တို့မပါဘဲ ထုတ်လို့ မရအောင် လုပ်ရမှာပါ။ တိကျတဲ့ စည်းကမ်းချက်တွေတော့ မသိရသေးဘူး။
အဓိကကတော့ ပြည်သူတွေမနစ်နာအောင် လုပ်ဖို့လိုမယ်'' ဟုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများကို စိမ်းဝါနီကုမ္ပဏီနှင့် The Infrastructure of Myanmar ကုမ္ပဏီတို့ ပူးပေါင်း၍ ကသာခရိုင် ကသာမြို့ မိဿလင်ကျေးရွာအုပ်စုနှင့် ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာ အုပ်စုများတွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းဖော်ဆောင်မည့် မြေနေရာ နှင့်စပ်လျဉ်းပြီး ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီ ခရိုင် စီမံကိန်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသိန်းက ''လယ်ယာမြေဖြစ်နေရင် လယ်ယာမြေမှ အခြားမြေ အသုံး ပြုခွင့်တင် ရမယ်။ တောရိုင်းမြေဖြစ်နေ ရင်လည်း တောရိုင်းမြေရိုင်းကနေပြီးတော့မှ တခြားအသုံးပြုခွင့်တင်ရမယ်။ ဒီလုပ်ပိုင်ခွင့်တွေဟာ အောက်ခြေအဆင့်မှာ ဆုံးဖြတ် ပိုင်ခွင့်မရှိဘူး။ တိုင်းဒေသကြီးအဆင့်ကနေ၊ ဗဟိုအဆင့် ကနေဘဲ ဆုံးဖြတ်ခွင့်ရှိတယ်။ တိုင်းဒေသကြီး၊ ဗဟိုတို့က ခွင့်ပြုမှရမှာ'' ဟုပြောသည်။

ထီးချိုင့်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးက''ပွင့်ပွင့် လင်းလင်းပြောရရင် သူတို့လုပ်မယ့်အစီအစဉ်ကို ခုထိ သေချာတော့မသိရသေးဘူး။ ဘဏ်အကောင့်ကတော့ သူတို့ ကုမ္ပဏီနှစ်ခု ပဲပေါင်းပြီး ဘဏ်စာရင်းဖွင့်မှာ၊ ကျွန်တော်တို့က တာဝန်ယူလို့မရပါဘူး။ ဒါက ရောင်းသူ ဝယ်သူ ကျေနပ်လို့ လုပ်တာဆိုတော့ နစ်နာရင် နစ်နာသူ ဘက်က တရားစွဲပေါ့။ ဒါပဲရှိတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပေးလို့မရဘူး''ဟု ပြောသည်။

အဆိုပါ အိမ်ရာစီမံကိန်းမှာ မြေဧရိယာ ဧက ၂ဝ ပေါ်တွင် ရှစ်ခန်း တွဲ လေးထပ် တိုက် ၃၂ ခန်းပါ တိုက်အလုံး ပေါင်း ၈ဝ တွင် တိုက်ခန်းပေါင်း ၂၅၆ဝ ပါဝင်မည်ဖြစ် ကာ စီမံကိန်းမှာ နှစ်ခုဖြစ်ပြီး အိမ်ရာဝယ်ယူသူများက တစ်လလျှင် သုံးသောင်း ကျပ်ဖြင့် နှစ်နှစ်တိတိ ပေးသွင်းပြီးမှ အိမ်ရာဝယ်ယူခွင့် ရမည်ဖြစ်ကြောင်း၊ နှစ် ၃ဝ နှစ်ရှည် စီမံကိန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာစီမံကိန်း၌ အိမ်ခန်းများ၏ ၃ဝ ရာခိုင်နှုန်း ကို ဒေသခံပြည်သူ များအား ရောင်းချပေးမည်ဖြစ်ပြီး ၄ဝ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်းများ၊ ကျန် ၃ဝ ရာခိုင်နှုန်းတွင် လူနေဇုန်နှင့် စီးပွားရေးဇုန်များပါဝင်မည်ဖြစ်ပြီး ကျောင်း၊ ဈေး၊ အိမ်တွင်းမှုအလုပ်ရုံ၊ ရဲကင်း၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာ ရုံးခန်းများ၊ ယာဉ်ရပ်နားရာနေရာများ၊ လမ်းများ၊ ရေမြောင်းများ၊ ကောင်းမွန်သော မိလ္လာစနစ်များ ပါဝင်မည်ဖြစ်သည်ဟု ကုမ္ပဏီများဘက်က စာနယ်ဇင်း ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားထားသည်။

The Infrastructure of Myanmar ကုမ္ပဏီ အနေဖြင့် ဘားအံ၊ မိုးကုတ်မြို့နယ် တို့တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်း များ ကို ဒေသခံပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက် ရန် စတင်နေပြီဖြစ်ကြောင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် လည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service