တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည့် အစီအစဉ် အိမ်ခြံမြေဈေးကွက် မထိခိုက်နိုင်ဟုဆို

တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည့် အစီအစဉ် အိမ်ခြံမြေဈေးကွက် မထိခိုက်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Jun 2016 10:28 am တွင် တင်ခဲ့သည်
1539 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် တွင် ရန်ကုန်နှင့်မန္တလေးမြို့များ၌ တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ရန် စီစဉ်နေသော်လည်း အိမ် ခြံမြေဈေးကွက်ကို သိသိသာသာ ထိခိုက်နိုင်ခြင်းမရှိကြောင်း အိမ် ခြံမြေအကျိုးဆောင်များက သုံး သပ်ပြောကြားသည်။

အစိုးရသစ်၏ ကျပ်သိန်း တစ်ရာအောက် တန်ဖိုးနည်းအိမ် ရာ တည်ဆောက်မှုသည် အချိန် ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်သည့်အပြင် ရန်ကုန် နှင့်မန္တလေးမြို့ကြီးများတွင် အစိုးရ ပိုင်မြေရှားပါးခြင်းကလည်း အ တားအဆီးတစ်ခု ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဈေး ကွက်တွင် နေထိုင်ရန် ၀ယ်ယူမှု ထက် ရင်းနှီးမြှုပ်နှံမှုဖြင့် ၀ယ်ယူ ထားမှုကများနေကာ အခွန်နှုန်း သက်သာမှုကို အခွင့်အရေးယူပြီး ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဈေးကစား ခဲ့၍ အရောင်းအ၀ယ် ကျဆင်း နေသော်လည်း ဈေးနှုန်းလျော့ကျ ရန် အခက်အခဲဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

‘‘ဈေးနှုန်းက တက်စရာမရှိ သလို အခုလက်ဝယ်ပိုက်မိသူတွေ က ဈေးကြီးမိထားတော့ ဗိုက်နာ သူတွေလောက်သာ လျှော့ရောင်း ကြတယ်’’ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြော ကြားသည်။

လက်ရှိ စီးပွားရေးအခြေအ နေကို နိုင်ငံတကာ လုပ်ငန်းရှင် များက စောင့်ကြည့်နေခြင်း၊ ပြည်တွင်းကုန်သွယ်မှုတွင် ပို့ကုန်ပမာဏ ကျဆင်းနေခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေး ကျဆင်းနေကာ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအသစ်များ ပေါ်ထွက်လာခြင်း မရှိသေးချိန်တွင် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံထားသူများမှာလည်း စောင့်ကြည့်နေသည့် အခြေအ နေသာ ရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ပြော ကြားသည်။

အစိုးရသစ်အနေဖြင့် မြို့ပြ များတွင် ပိုင်ဆိုင်မှုအခွန်ကောက် ယူသည့်ပုံစံဖြင့် ထိန်းသိမ်းမှသာ ခြံမြေဈေးနှုန်း ကျဆင်းလာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ကဆိုသည်။

လက်ရှိ တန်ဖိုးနည်းအိမ်ရာ အကောင်အထည် ဖော်ဆောင် နေမှုသည် နေထိုင်ရေး အခက်အခဲဖြစ်နေသူများအတွက် အဆင်ပြေသော်လည်း အိမ်ခြံမြေ ဈေးနှုန်းကျဆင်းမှုအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း ၎င်းတို့ကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service