အငှားဈေးနှုန်းတူလာလို့ မြို့သစ်ထက် ဆက်စပ်မြို့နယ်တွေမှာ ငှားရမ်းလာကြ

အငှားဈေးနှုန်းတူလာလို့ မြို့သစ်ထက် ဆက်စပ်မြို့နယ်တွေမှာ ငှားရမ်းလာကြ - Property News in Myanmar from iMyanmarHouse.com
6 Jun 2016 9:46 am တွင် တင်ခဲ့သည်
1859 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရဲ့ မြို့သစ်လုံးချင်းတိုက်အငှားဈေးနှုန်းတွေနဲ့ မြို့တွင်းဆက်စပ်မြို့နယ်တွေရဲ့ တိုက်ခန်းအငှားဈေးနှုန်းတွေ တူညီလာလို့ အဲသည်မြို့နယ်တွေကို ရွှေပြောင်းနေထိုင်ကြတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ် ။

‘တိုက်ခန်းဈေးနှုန်းတွေကတော့ အရေအတွက်များလာတာနဲ့ ဈေးတွေက အရင်လောက်မရှိတော့ဘူး ၊ တိုက်ခန်းတွေရဲ့ အားသာချက်က စပေါ်မလိုဘဲ တစ်လချင်းပေးလက်ခံလာတော့ နယ်ကအလုပ်သမားတွေနဲ့ အဆောင်ငှားနေတဲ့ သူတွေအနေများကြတယ်’ လို့ တောင်ဥက္ကလာပမြို့နယ် အိမ်ခြံမြေအကျိုးဆောင် မနီလာမြင့်က ပြောပါတယ် ။

ဈေးကွက်အပြောင်းအလဲ
ဈေးကွက်အခြေအေနေတွေကတော့ အလုပ်လုပ်ပြီး နေထိုင်သူအများစုက မြို့သစ်ဆိပ်ငြိမ်ရပ်ကွက်က လုံးချင်းတိုက်တွေထက် ဆက်စပ်မြို့နယ်တွေက တိုက်ခန်းကျယ်တွေကို ရွှေးချယ်လာကြပါတယ် ။

အရင်က တိုက်ခန်းတွေက ဟောင်ကောင်တိုက်ပုံစံတွေသာရှိပြီး နောက်ပိုင်း တိုက်တွေက ရင်ခွဲအခန်းကျယ်တွေဖြစ်လာတာကြောင့် နေထိုင်မှုတွေ ပြောင်းလဲလာတာဖြစ်ပါတယ် ။ တိုက်ခန်း အငှားဈေးနှုန်းတွေကလည်း အရင်က ကျပ် ၁၀၀,၀၀၀ အောက်ဈေးကွက်မရှိသလောက် နည်းပါးပြီး နှစ်ချုပ်တွေသာလက်ခံလို့ အငှားငွေကြေးတတ်နိုင်သူတွေသာ တိုက်ခန်း ငှားရမ်းနေထိုင်ကြတာဖြစ်ပါတယ် ။

နောက်ပိုင်းမှာတော့ အထပ်မြင့်တွေ ဆောက်လုပ်မှုများလာပြီး ဈေးနှုန်းတွေလည်း ကျပ် ၁၀၀,၀၀၀ အောက်အထိ ဈေးအစားစားပေါ်လာလို့ လူလတ်ပိုင်းတွေရဲ့ နေထိုင်ရာက တောင်ဥက္ကလာပ ၊ သင်္ဃန်းကျွန်း ၊သာကေတနဲ့ ဒေါပုံမြို့နယ်တွေဖြစ်လာပါတယ် ။ တိုက်ခန်းငှားရမ်းနေထိုင်တဲ့ လူငယ်အများစုက လုံးချင်းနေရာတွေထက်လမ်းပန်းဆက်သွယ်မှုသာတဲ့ မြို့နယ်တွေကို ရွှေးချယ်ကြပါတယ် ။

‘လူငယ်ပိုင်းအရွှယ်တွေကျတော့ အခန်းနေရာတွေ တည်ဆောက်မှုခိုင်ခံ့တာတွေထက် မြို့ထဲမြန်မြန်ရောက်မယ့်နေရာကို စိတ်ဝင်စားကြတယ် ၊ တချို့ဆိုရင် တရားမဝင်တိုက်တွေမှာတောင် ဈေးသက်သာတာကို ကြည့်ပြီးနေကြတယ်’ လို့ စီးပွားရေးနဲ့ ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ် ။

အပျက်နဲ့ကြုံသော်
ကန်ထရိုက်ဈေးကွက်အရောင်းဈေးငြိမ်သက်မှုတွေက အငှားဈေးကွက် အတွက်ဦးတည်ချက်ပြောင်းလဲချိန်လည်း ဖြစ်ခဲ့ရပါတယ် ။ အရောင်းတင်ထားတဲ့ တိုက်ခန်းတိုင်းလိုလိုမှာ နည်းလမ်းမျိုးစုံနဲ့ အငှားတွေတင်လာကြပါတယ် ။
တချို့မြေရှင်တွေကျတော့ တိုက်ခန်းအရောင်းထွက်ရင် အချိန်မရွှေးဖယ်ရ လွယ်ကူအောင် စပေါ်မလိုလချင်းပေး အငှားကို လက်ခံထားကြပါတယ် ။တချို့နေရာတွေကျတော့ သုံးလပြတ်နဲ့ စပေါ်ပေးတွေကို ထားကြပါတယ် ။

မြို့သစ်လုံးချင်းဈေးကွက်ကတော့ သက်ကြီးပိုင်းတွေပါဝင်တဲ့ ဆိပ်ငြိမ်ရပ်ကွက် ကြိုက်နှစ်သက်သူတွေအတွက် သီးသန့်ဈေးကွက်လို ဖြစ်လာပါတယ် ။ အခုနောက်ပိုင်းမြို့တွင်းယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် မြို့သစ်က လုံးချင်းတွေမှာ လူလတ်ပိုင်းနေထိုင်သူနည်းပါးလာပါတယ် ။

လုံးချင်းတိုက်ဈေးနှုန်းက ကျပ် ၁၀၀,၀၀၀ အောက်မရှိတာကြောင့် နေထိုင်ကြသူတွေက မိသားစုတစ်စုတည်းထက် စုနေထိုင်တာတွေ ရှိပါတယ် ။ လမ်းမတန်းနေရာတွေမှာတော့ လုံးချင်းတိုက်တွေမှာကို စီးပွားရေးအတွက် ဆိုင်ခန်းတွေငှားရမ်းလာကြပါတယ် ။

မြေဈေးကွက် အနေအထားကလည်း လုံးချင်းတိုက်အရောင်းဈေးနှုန်းနဲ့ တိုက်ခန်းအရောင်းဈေးက အဆမတန်ကွာခြင်းလို့ အငှားဈေးကွက်လှုပ်ရှားသူတွေက တိုက်ခန်းဝယ်ယူပြီး ဈေးကွက်ရှာကြပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service