ဆောက်ပြီး ဆောက်ဆဲ အဆောက်အအုံတွေကို ဥပဒေနဲ့ ညီ မညီ ကိုပဲ စစ်ဆေးမည်

ဆောက်ပြီး ဆောက်ဆဲ အဆောက်အအုံတွေကို ဥပဒေနဲ့ ညီ မညီ ကိုပဲ စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 11:37 am တွင် တင်ခဲ့သည်
1915 ကြိမ် ကြည့်ရှု့ပြီး
ခွင့်ပြုချက်မဲ့အဆောက်အအုံတွေကို ဖြိုဖျက်ရင် ပြည်သူတွေ နစ်နာသည်ထက် နစ်နာမှာဖြစ်လို့ ဖြေလျှော့ပေးတာတွေရှိခဲ့ပေမဲ့ နောက်ဆိုရင်တော့ ရှိခဲ့ပြီးတဲ့ အဆောက်အအုံတွေနဲ့ နောက်လာမယ့် အဆောက်အအုံတွေကို ဥပဒေနဲ့ညီ ၊ မညီကိုပဲ စစ်ဆေးဆောင်ရွက်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးက ရန်ကုန်မြို့မှာ အခန်းပေး ၊ အခန်းယူ ကန်ထရိုက်တွေ ဆောက်လုပ်ရာမြို့နယ်အများစုမှာ မြေပိုင်ရှင်နစ်နာတာ ၊ အဆောက်အအုံများ အရည်အသွေးညံ့ဖျင်းတာတွေကို မြို့တော်စည်ပင်နဲ့ သက်ဆိုင်သူများ သိရှိပါသလား ။
မြေပိုင်ရှင်များ နစ်နာတာကို မည်သို့ကုစားပေးမည်နဲ့ ကန်ထရိုက်တာတွေရဲ့ ခွင့်ပြုချက်မဲ့ ဆောက်တာ ၊ ဥပဒေချိုးဖောက်တာ ၊ ဆောက်လုပ်ရေးပစ္စည်းတွေ စုပုံထားတာကြောင့် ရေမြောင်းတွေပိတ်တာကို မည်သို့ထိထိရောက်ရောက် အရေးယူမှာကို သိရှိလိုကြောင်း မေလ ၃၀ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံလုပ်ရာမှာ ကြီးကြပ်ဖို့ ကန်ထရိုက်တာလိုင်စင်ကို စည်ပင်အင်ဂျင်နီယာဌာန အဆောက်အအုံက စိစစ်ထုတ်ပေးပါတယ်။ အဆောက်အအုံဆောက်ဖို့ မြေရှင် ၊ လိုင်စင်ကန်ထရိုက်တာ ၊ လိုင်စင်အင်ဂျင်နီယာလက်မှတ်နဲ့ အင်ဂျင်နီယာဌာန အဆောက်အအုံမှာ အဆောက်အအုံဆောက်ဖို့ ခွင့်ပြုပုံစံတင်ရမှာဖြစ်ပါတယ်။

ခွင့်ပြုပုံစံတင်ပြီး ဆောက်တဲ့အဆောက်အအုံတွေကို မြေပြင်စစ်ဆေးတာကနေ အဆောက်အအုံပြီးစီးတဲ့ လက်မှတ် BCC လက်မှတ်ရတဲ့အထိ စစ်ဆေးပေးပါတယ် ။ မိလ္လာ ၊ ရေမြောင်းတွေပါ စစ်ဆေးပေးပြီး လိုက်နာခြင်းမရှိတဲ့ ကန်ထရိုက်တာတွေကို အရေးယူနေတယ်လို့ သိရပါတယ် ။

ဒေါပုံမြို့နယ်တစ်မြို့နယ်တည်းမှာတင် တရားမဝင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ အလုံး ၉၀ ခန့်ရှိပြီး ၆၁ လုံး ကို တရားစွဲထားတယ်လို့ သိရပါတယ် ။

ဧပြီလ ၃၀ ရက်နေ့အထိ စာရင်းများအရ စည်းကမ်းဖောက်ဖျက်တဲ့ လိုင်စင်ကန်ထရိုက်တာ ၁၃ ဦးကို အမည်ပျက်စာရင်း (Black List ) သွင်းခဲ့ပြီး ရာသက်ပန်လိုင်စင် ပိတ်သိမ်းခံရသူ ၁၂၀ ဦး ၊ သတိပေးလက်မှတ်ထိုးရသူ ၁၇၅ ဦး အရေးယူထားတယ်လို့ သိရပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service