လယ်မြေမှအပ ယာမြေကို အခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ပြီး လူနေထိုင်နိုင်

လယ်မြေမှအပ ယာမြေကို အခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ပြီး လူနေထိုင်နိုင် - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 11:25 am တွင် တင်ခဲ့သည်
8681 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေတွေကိုခွင့်ပြုထားတဲ့ ပုံစံမျိုးမဟုတ်ပဲ လက်တစ်လုံးခြားအသုံးပြုပြီး လူနေထိုင်နေတာတွေ၊လုပ်ငန်းလုပ်ကိုင်နေကြတာတွေရှိနေပြီး ပုံစံတွေလွဲနေတာကို စိစစ်သင့်တယ်လို့ အကျိုးဆောင်ရှေ့နေအချို့ကပြောပါတယ်။
ဘယ်လိုလယ်မြေ၊ယာမြေတွေကိုမှ လူနေခွင့်အိမ်ဆောက်ခွင့်မပြုထားပါဘူး ဥပဒေမှာ အတိအကျ ပြဌာန်းထားပေမဲ့ ပြုလုပ်နေကြတာတွေရှိနေပါတယ်။လယ်မြေတွေကို အခြားနည်းခွင့်ပြုထားတာက လယ်မစိုက်ဘဲ အခြားသီးနှံစိုက်ပျိုးထားတာကိုပဲ ခွင့်ပြူတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ယာမြေကိုအိမ်ဆောက်ချင်တယ်ဆို လူနေမြေအဖြစ်ပြောင်းလဲဖို့လိုပါတယ်၊လုပ်နည်းတွေတော့ရှိပါတယ်။တချို့ကလယ်မလုပ်တော့ဘူး၊လိုအပ်ချက်အရ ကျေးရွာတိုးချဲ့မြေအဖြစ် လျှောက်ကြတာတွေလည်းရှိတယ်၊တချို့ကပုံစံ(၁၀၅)၊ပုံစံ(၇)တွေ လယ်မြေတွေကတော့ လူနေလို့ မရဘူးလို့ ပြောပါတယ်။
အပြင်မှာတချို့က လူနေဖို့နဲ့ အိမ်ဆောက်ခွင့်ရဖို့အတွက် လယ်ယာမြေတွေကို လျှောက်ထားနေတဲ့ ပုံစံတွေက အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။

ဥပဒေပိုင်းအရ လျှောက်ထားမယ်ဆို မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပုံစံ (၁၄)လျှောက်ထားရမှာဖြစ်တယ်။မြေစာရင်းဖြစ်တဲ့ ပုံစံ(၁၀၅)ကိုတောင်းယူရမှာဖြစ်တယ်။ပုံစံ (၁၀၅)ကိုလျှောက်ထားတဲ့အခါမှာ တခြားနည်းလမ်း အသုံးပြုခွင့်လျှောက်ထားဖို့ အတွက် ဖြစ်ကြောင်းပါဝင်ရမှာပါ။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ခွင့်ပြုတဲ့ အများစုပုံစံ ကတော့အိမ်ရာဆောက်တာတို့၊ဆီဆိုင်ဖွင့်တာတို့တွေ များပါတယ်၊သူတို့သတ်မှတ်ထားချက်တွေနဲ့ ကိုက်ညီမှ ခွင့်ပြုတာများတယ် ဈေးကွက်ထဲမှာရောင်းနေတဲ့ လယ်မြေတွေကတော့ လူနေလို့မရတာသေချာတယ်၊ကျေးရွာတိုးချဲ့ လျှောက်ထားတာ ကျပြီးသားတွေကတော့ စိတ်ချရပါတယ်လို့ ရှင်းပြပါတယ်။

အခြားနည်းအသုံးပြုခွင့်လျှောက်ထားတဲ့အခါ လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူလိုပါတယ်။အကြောင်းပြချက်ခိုင်မာဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ရပ်/ကျေးအုပ်ချုပ်ရေးမှူးမြို့နယ်မြေစာရင်းဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေ လိုအပ်တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအထိ တင်ရတာဖြစ်ပါတယ်။တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်နဲ့ မြို့နယ် မြေစာရင်းဌာနကနေ ခွင့်ပြုရမှာဖြစ်တယ်။လယ်မြေတွေကတော့ ဗဟိုလယ်မြေစီမံခန့်ခွဲမှုကိုပါ တင်ရတာပါ။ဒါတွေကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊အပိုဒ် ၃၀ (က) ပါ ပါဝင်တယ်လို့ ပြောပါတယ်။ယာမြေကတော့ အိမ်ဆောက်ခွင့်တင်လို့ရပြီး လယ်မြေကိုတော့ ခွင့်ပြုတာမျိုးမရှိဘူးလို့ ပြောပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service