ရွှေဈေးကျနေတာကြောင့် အဝယ်သမားဈေးကွက်ဖြစ်နေပေမဲ့ ခန့်မှန်းရခက်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေ ရှိတတ်တဲ့အတွက် ပြန်တက်လာနိုင်ခြေလည်း ရှိတယ်လို့ သိရပါတယ် ။
ဒေါ်လာဈေးဂယက်ကြောင့် ပြည်တွင်းရွှေဈေးက ဈေးလှုပ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ် ။ တချို့ကလည်း ဒေါ်လာဈေးတက်နေပေမဲ့ ကမ္ဘာ့ရွှေဈေးကလည်း ကျလိုက်ပြန်တက်လိုက်နဲ့ ဖြစ်နေတာလို့ ပြောကြတယ် ။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘အခုဈေးနှုန်းတွေကို ကြည့်ရင်ပြည်တွင်းရွှေဈေးက တက်နေပါသေးတယ် ၊ ကမ္ဘာ့ရွှေဈေးကလဲ တက်နေတာပဲ ၊ နှစ်လပိုင်းတုန်းက ဒေါ်လာဈေးက ၁၂၅၀ ကျော်ရှိပြီး ပြည်တွင်းရွှေဈေးက ၇၇၅,၀၀၀ ကျော်ရှိနေခဲ့တာ ၊ အခုပြန်ကြည့်ရင် ဒေါ်လာဈေးက ၁၁၉၀ ကျော်ပဲရှိနေတာဆိုတော့ ရွှေဈေးက အရမ်းအကျပါဘူး’ လို့ ရှင်းပြတယ် ။
လက်ရှိမှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၇၇၄,၅၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၂၁၂ဒေါ်လာရှိပါတယ် ။
မနေ့က ရွှေဈေးက ပြန်တက်နေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတချို့က ပြောပါတယ် ။ သည်နေ့မှာ ဒေါ်လာဈေးက ၁၁၉၂ ကျပ်ရှိပါတယ် ။
Credit: The Modern