မြန်မာ့ကျပ်ငွေ အာရှထိပ်တန်းငွေကြေးဖြစ်လာ

မြန်မာ့ကျပ်ငွေ အာရှထိပ်တန်းငွေကြေးဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 11:04 am တွင် တင်ခဲ့သည်
2243 ကြိမ် ကြည့်ရှု့ပြီး
ဆယ်စုနှစ်များစွာ အထီးကျန်ခဲ့ရာမှ မြန်မာနိုင်ငံသည် ထွန်းသစ်စနိုင်ငံဖြစ်လာသည့် လက္ခဏာတစ်ရပ်အဖြစ် နိုင်ငံသုံး ကျပ်ငွေသည့် ၂၀၁၆ ခုနှစ်တွင် အာရှ၏ ထိပ်တန်းငွေကြေးတစ်ရပ်ဖြစ်လာခဲ့သည်။

၁၉၉၀ နောက်ပိုင်း ပထမဆုံးပွင့်လင်းသည့် ရွေးကောက်ပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ နိုင်ငံတော် အာဏာရခြင်း၏ စေ့ဆော်မှုဖြင့် ၂၀၁၂ ခုနှစ်အတွင်းက နိုင်ငံသုံးငွေကြေးကို ဈေးကွက်ပေါက်ဈေးအတိုင်း နိုင်ငံခြားငွေကြေးများနှင့် လဲလှယ်ခွင့်ပြုခဲ့ ချိန်မှစကာ နှစ်စဉ် ငွေတန်ဖိုးကျဆင်းနေရာမှ တန်ဖိုးတက်လာသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရအုပ်ချုပ်မှု ၂၀၁၁ ခုနှစ်အတွင်း တရားဝင်ရုပ်သိမ်းသွားပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်း လဲမှုများ ပြန်လည်ရှင်သန်လာခဲ့ပြီး နိုဝင်ဘာရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက်ပိုင်း နိုင်ငံအတွက် ပိုမိုလမ်းပွင့်လာခဲ့သည်။ လက်ရှိ ကျပ်ငွေတန်ဖိုး ဈေးခိုင်နေကာ နောက်ထပ်အတက်ရိပ်တွင်လည်း ရှိနေသည်။

General Electric ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ရောက်ရှိခဲ့သည့် Andrew Lee က မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက်လုပ်ကိုင်ရန် ရွေးချယ်ခဲ့မှုက မှန်ကန်ကြောင်းကို ကျပ်ငွေတန်ဖိုးတက်ခြင်းက သက်သေထူပါကြောင်း ပြောသည်။ေ ငွတန်ဖိုးခိုင်ခြင်းသည် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေသည့် စီးပွားရေးအတွက် လိုအပ်ချက်ဖြစ်သည်။ ဒေါ်လာအသုံးပြုရသည့် အစိုးရ၏ အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြုပ်နှံမှုများအတွက် ကုန်ကျစရိတ် လျော့ကျစေကာ ကုန်စည်တင်သွင်းမှု တွင်လည်း ဈေးချို သာစေသည်။

"ကျပ်ငွေတန်ဖိုးတက်တာက စီးပွားရေးအတွက် ကောင်းမွန်တဲ့ အကြောင်းအရာပါ။ အစိုးရသစ်အပေါ်မှာလည်း မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ အဆောက်အအုံတွေ တည်ဆောက်သွားဖို့ တော်တော်လေး လိုအပ်နေသေးတယ်ဆိုတာလည်း ကျွန်တော် အသိပါပဲ။"ဟု Lee က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသစ်အပေါ် အကောင်းမြင်ထားသည့် ယုံကြည်မှုများလည်း ရှိနေသည်။ မြန်မာစီးပွားရေးက အိမ်နီးချင်းနိုင်ငံများထက် ဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်လိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ခန့်မှန်းထားသည်။ နိုင်ငံတွင် လိုအပ်နေသော စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် နည်းပညာစီမံကိန်းများအတွက် ၂၀၃၀ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်အောင် စတင်လုပ်ဆောင်လျက်ရှိပြီလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံ တိုးတက်လာကာ ၉ ဒသမ ၄၈ ဘီလီယံရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

Credit : Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service