အိမ်ခြံမြေအပေါင်ထားငွေဖော်ရာက မရွှေးနိုင်တာတွေရှိလာ

အိမ်ခြံမြေအပေါင်ထားငွေဖော်ရာက မရွှေးနိုင်တာတွေရှိလာ - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 11:01 am တွင် တင်ခဲ့သည်
2208 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်အေးပြီးအဝယ်ပျောက်နေတာကြောင့် ငွေလိုသူတွေ အိမ်ခြံမြေကို အပေါင်ထားပြီး ငွေပြန်ဖော်ငွေလှည့်ရာကနေ တချိ့ပြန်မရွှေးနိုင်ဘဲ ဆုံးသွားတာတွေရှိတယ်လို့ အကျိုးဆောင်တချို့ဆီက သိရတယ် ။

ငွေလိုသူတွေက ဈေးကျနေတာကြောင့် ရောင်းမထုတ်ဘဲ ငွေလှည့်တဲ့သဘောနဲ့ အပေါင်ထားပြီး ငွေဖော်ကြတယ် ။ အပေါင်ထားရင်း ငွေမလည်တော့ဘဲ ပြန်မရွှေးနိုင်တော့တာပါ ။

ငွေကြေးလည်ပတ်ဖို့ အတွက် ပေါင်နှံတာတွေ အိမ်ခြံမြေဈေးကွက်မှာ တွင်ကျယ် လာတယ်လို့တောင် ပြောလို့ရတယ်လို့ အကျိုဆောင်တချို့က ပြောပါတယ် ။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်နိုင်က ‘အပေါင်ဈေးကွက်က တရားဝင် ခွင့်ပြုမထားပေမဲ့နားလည်မှုနဲ့ ရောင်းပေါင်စာချုပ်တွေနဲ့ လုပ်ကြတာ ၊ အခုနောက်ပိုင်းတချို့တွေက ကာလတန်ဖိုးရဲ့ တစ်ဝက်လောက်ကိုပဲ ငွေချေးပေးတာတွေဖြစ်လာတယ် ၊ အတိုးပေါ်အတိုးဆင့်ပြီး ပြန်မရွှေးနိုင်ဘဲ ဖြစ်ကြတာ’ လို့ရှင်းပြပါတယ် ။

အတိုးနှုန်းတွေကတော့ တစ်နေရာနဲ့ တစ်နေရာမတူညီကြပါဘူး ။ သုံးကျပ် ၊ ခုနစ်ကျပ် ၊ ငါးကျပ် ၊ တချို့ဆိုရှစ်ကျပ်အထိ အတိုးယူကြတာတွေ ရှိတယ်လို့သိရပါတယ် ။

မြေကွက်ဆုံးသွားခဲ့တဲ့ မနီလာက ‘ဒဂုံအရှေ့ပိုင်းက မြေကွက်ကို ရောင်းရင်ဈေးက လှနေတာကြောင့် ပြန်ရွှေးမယ် ၊ ခဏပဲ ငွေလှည့်တဲ့သဘောနဲ့ အပေါင်ထားလိုက်တာ ၊ ငွေကပြန်မလည်ဘဲလှည့်လိုက်တဲ့အကွက်ကပါ ပျက်သွားတော့ ပေါင်ထားတဲ့ခြံက ဆုံးသွားတယ် ၊ ရောင်းလိုက်ရင်တောင်ဈေးပိုရဦးမယ် ၊ အခုက သုံးချိုးနှစ်ချိုးလောက်ပဲ ရတာ’ လို့ပြောပါတယ် ။

အရောင်းဈေးကွက်အေးနေတဲ့ ကာလ ကြာမြင့်လာတာကြောင့် ငွေမလည်ပတ်နိုင်ဘဲ မြေကွက်တွေပိုက်မိနေကြတဲ့ တချို့က ငွေမအောင်းနိုင်တော့ဘဲ ပေါင်တာမျိုးတွေရှိပါတယ် ။

တချို့က ငွေလှည့်ပြီး တခြားအကွက်သေးလေးတွေကို ဝယ်ပြီးဈေးကစားရင်း ငွေပြန်မလည်တော့ဘဲ ဆုံးသွားတာမျိုးတွေ ဖြစ်ကြတာလို့ သိရပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service