အိုဘားမားအနားယူပြီးနောက် နေထိုင်မည့် နေအိမ်

အိုဘားမားအနားယူပြီးနောက် နေထိုင်မည့် နေအိမ် - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 10:47 am တွင် တင်ခဲ့သည်
4111 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတအိုဘားမားနှင့် မိသားစုသည် နိုင်ငံ တာဝန် မှ အနားယူပြီးနောက်ပိုင်းအိမ်ဖြူတော် မှ နှစ်မိုင်ခန့်အကွာအဝေးတွင် ရှိသောကာလိုရာမာ ရှိနေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်ထားကြောင်းနယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိုဘားမားအနားယူပြီးနောက်ပိုင်းမည်သည့်နေရာတွင် အခြေချမည်ဆိုခြင်းနှင့် စပ်လျဉ်း၍ သတင်းအမျိုးမျိုးထွက်ပေါ်လျက်ရှိရာအချို့ သတင်းများအရအိုဘားမားသည် မွေးဇာတိသို့ ပြန်၍ အခြေချမည်ဟုဆိုထားသည်။

အချို့ ကမူအိုဘားမားသည် ကိုလံဘီယာတက္ကသိုလ်တွင် စာသင်သည့်အလုပ် လုပ်လိုလျက်ရှိသည်ဟုဆိုသည်။
အိုဘားမားသည် ချီကာဂိုကိုလည်းသံယောဇဉ်ကြီးသည်။ ချီကာဂိုတွင် သူ၏ နေအိမ်တစ်လုံးရှိသည်။
“ဟာဝိုင်အီက ကျွန်တော့်နေရာပါ။ ဒါပေမယ့် တကယ့်အိမ်အစစ်ကာချီကာဂိုပါ။ အဲဒီမှာ ကျွန်တော် နှစ်ပေါင်း ၃၀ နီးပါးနေခဲ့တယ်” ဟုအိုဘားမား ကပြောကြားခဲ့ပြီးချီကာဂိုသည် ဇနီးဖြစ်သူ၏ နေရပ် လည်းဖြစ်ကြောင်းပြောကြားသည်။
ယခုအခါတွင်မူ တာဝန်မှ အနားယူပြီးနောက်ပိုင်းသမီးငယ် ဆာရှာအထက်တန်းအောင်ပြီးသည်အထိဝါရှင်တန်ဒီစီတွင် အခြေချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သမီးကြီးမာလီယာမှာအထက်တန်း အောင်ပြီးခဲ့ပြီဖြစ်ကာ ဟားဘတ်တက္ကသိုလ်တွင် မတက်ရောက် မီတစ်နှစ်စောင့် ဆိုင်း ရမည် ဖြစ်သည်။ အိုဘားမားအနားယူပြီးပါ ကကာလိုရာမာရှိစတုရန်းပေ ၈၂၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၉ ခန်းပါသည့် နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်သွားရန် စီစဉ်ထားသည်။

အိမ်ခြံမြေ၀က်ဘ်ဆိုက်အများအပြား၏ ခန့်မှန်းချက်အရယင်းနေအိမ်သည် ကန်ဒေါ်လာ ၆ သန်းခန့် တန်ကြေးရှိဖွယ်ရာ ရှိပြီးပိုင်ရှင်မှာဘီလ်ကလင်တန်၏ အကြံပေးပုဂ္ဂိုလ်ဟောင်း ဂျိုးလော့ခ်ဟာ့ထ် ဖြစ်သည်။
အဆိုပါနေအိမ်တည်ရှိ သည့်နေရာသည် ၀ါရှင်တန်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် များနေထိုင်သည့် ရပ်ကွက်ဖြစ်သည်။
သစ်မာသားများဖြင့် ကြမ်းခင်းထားသောအခန်းများမှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး အခန်းပိုတစ်ခန်းပါဝင်သဖြင့် အဆိုပါအခန်းတွင် မီရှဲလ် အိုဘားမား၏ မိခင်နေထိုင်နိုင်မည်ဖြစ်သည်။ လက်ရှိအားဖြင့်လည်းမီရှဲလ် အိုဘားမား၏ မိခင်သည် အိမ်ဖြူတော်တွင် အိုဘားမားမိသားစုနှင့် အတူနေထိုင်လျက်ရှိသည်။

နေအိမ်ဘေးကွက်လပ်မှာ ကျယ်ကျယ်ဝန်းဝန်း ရှိပြီး မော်တော်ကားအများအပြားရပ်နားနိုင်သည့်အပြင် အိမ်ရှေ့ တွင် လုံခြုံရေးဂိတ်တဲတစ်ခုပါရှိသည်။ သံတမန်ရပ်ကွက်ဖြစ်ခြင်းကြောင့် လုံခြုံရေးကောင်းမွန်ပြီးဖြစ်ကာ အနီးဝန်းကျင်တွင် အိုမန်သံရုံး၊ အမေရိကန်ပြည်ထောင်စုဆိုင် ရာဥရောပသမဂ္ဂသံအမတ်ကြီးနေအိမ်၊ ပြင်သစ်သံ အမတ်ကြီးနေအိမ်တို့ တည်ရှိသည်။ ယင်းရပ်ကွက်တွင် အိုဘားမားနေထိုင်မည့်သတင်းများ တရားဝင် ထွက်ပေါ်လာပြီးနောက်ပိုင်း သတင်းထောက်များ၊ ဓာတ်ပုံဆရာများ စုဝေးရောက်ရှိလာခဲ့ကြသည်။

အဆိုပါရပ်ကွက်သည် ထင်ရှားသည့် နိုင်ငံခေါင်းဆောင် များနေထိုင်ခဲ့ဖူးရာနေရာဖြစ်ပြီး ၀ုဒ်ဒရိုးဝီလ်ဆင်၊ ဖရန်ကလင်ဒီရုစဗဲ့၊ ဟားဗတ်ဟူးဗား (မြန်မာနိုင်ငံတွင် လာရောက်အလုပ်လုပ်ခဲ့ဖူးသည့် အမေရိကန်သမ္မတ)၊ ကာကွယ်ရေးဝန်ကြီးဟောင်းဒေါ်နယ်ရမ်းစ်ဖီးတို့ အပါအ၀င်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိုဘားမားအနားယူပြီးနောက် နေထိုင်မည့် နေအိမ် - Property News in Myanmar from iMyanmarHouse.com
အိုဘားမားအနားယူပြီးနောက် နေထိုင်မည့် နေအိမ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service