အိမ်တွေကို တံခါးမတပ်၊ သော့မခတ်တဲ့ ရွာ

အိမ်တွေကို တံခါးမတပ်၊ သော့မခတ်တဲ့ ရွာ - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 10:37 am တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး
ရှေးရိုးအစဉ်အလာ ယုံကြည်မှုတစ်ခုကြောင့် အိန္ဒိယနိုင်ငံက ရွာတစ်ရွာမှာ အိမ်တွေကို ရှေ့တံခါး တပ်ဆင်ထားခြင်းမရှိ သလို ဈေးဆိုင်တွေကို ဘယ်တော့မှ သော့မခတ်ပေမယ့် ရွာသူရွာသားတွေကတော့ သူတို့ပိုင်ဆိုင်မှုတွေ ပျောက်ရှ သွားမှာကို စိုးရိမ်ပူပန်တာမျိုး မရှိကြပါဘူး။ ဒီအကြောင်းကို ဘီဘီစီသတင်းဌာနရဲ့ ခရီးသွားကဏ္ဍမှာ ဖော်ပြထားတာပါ။
အိန္ဒိယနိုင်ငံ မဟာရှက်ရှ်ထရာပြည်နယ် ရှန်နီရှင်ဂါပူးရွာက ရွာသားတွေဟာ နတ်ဘုရား ရှန်နီက သူတို့ရွာ ကို စောင့်ရှောက် တယ်လို့ စွဲစွဲမြဲမြဲယုံကြည်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ဒဏ္ဍာရီတစ်ခုကြောင့် ရှန်နီရှင်ဂါပူးရွာသားတွေ အခုလို ယုံကြည်ကြတာပါ။

မိုးသည်းသည်းထန်ထန် ရွာသွန်းလို့ ရေလျှံပြီးတဲ့နောက် ရှန်နီရှင်ဂါပူးရွာဘေးက ပါနက်စ်နာလာမြစ်ကမ်းပေါ်မှာ ကြီးမားတဲ့ အနက်ရောင်ကျောက်တုံးကြီး တစ်တုံး ပေါ်လာခဲ့ပါတယ်။ ဒဏ္ဍာရီအရဆိုရင်တော့ ၁ ဒသမ ၅ မီတာမြင့်တဲ့ အဲဒီကျောက်တုံးကြီးကို ရွာသားတွေက တုတ်နဲ့ထိုးကြည့်တော့ သွေးတွေစိမ့်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီညမှာ ရွာလူကြီးကို နတ်ဘုရား ရှန်နီက အနက်ရောင်ကျောက်တုံးကြီးဟာ သူ့ရုပ်တုလို့ အိပ်မက်ပေးခဲ့ပြီး ကျောက်တုံးကြီးကို ရွာထဲမှာထားဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရှန်နီက တစ်ရွာလုံးကို သူမြင်နိုင်အောင် ဒီကျောက်တုံးကြီးကို အမိုးအကာအောက်မှာ မထားဖို့ ညွှန်ကြားခဲ့ပါတယ်။ ရှန်နီက ရွာလူကြီးကို ဆုတောင်းပေးခဲ့သလို ဒီရွာကို အန္တရာယ်မဖြစ်အောင် ကာကွယ်စောင့်ရှောက်မယ်လို့ ကတိပေးပြီး အိပ်မက်ထဲက ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ရွာသားတွေက ကျောက်တုံးကြီးကို ရွာလယ်ခေါင်က မြေနေရာလွတ်မှာ အမိုးအကာမပါဘဲ စိုက်ထူခဲ့ပါတယ်။ ပြီးတော့ သူတို့တွေကို ရှန်နီ မြင်နိုင်ပြီး ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် အိမ်တံခါးတွေ ဖြုတ်ဖို့နဲ့ သော့ခလောက်တွေ မတပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီယုံကြည်မှု ဓလေ့ထုံးစံ ကို နောက်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းကျင့်သုံးခဲ့လို့ မျက်မှောက်ခေတ်ကာလအထိ ရှန်နီရှင်ဂါပူးရွာက အိမ်တွေမှာ အိမ်ရှေ့တံခါးတွေ မရှိကြပါဘူး။ အချို့ရွာသားတွေကတော့ သူတို့အိမ်ထဲကို ခွေးတွေ ၀င်လာမှာ စိုးရိမ်တဲ့အတွက် အိမ်ရှေ့မှာ ပျဉ်ချပ်ပြားတွေ ကာထားတာမျိုး လုပ်ကြပေမယ့် ရှန်နီကို သူတို့ကို ကာကွယ်စောင့်ရှောက်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက်
အိမ်ရှေ့တံခါးကို အခိုင်အမာ တပ်ဆင်တာမျိုး မရှိသလို လက်ဝတ်လက်စားနဲ့ ငွေတွေကိုလည်း လုံလုံခြုံခြုံသိမ်းဆည်း ထားတာမျိုး မရှိဘူးလို့ သိရပါတယ်။

၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ရှန်နီရှင်ဂါပူးရွာမှာ တည်ဆောက်ခဲ့တဲ့ ရဲစခန်း အဆောက်အဦ မှာလည်း ရှေ့တံခါးမရှိပါဘူး။ ဒါ့အပြင် ၂၀၁၁ ခုနှစ်က ရှန်နီရှင်ဂါပူးရွာမှာ ဖွင့်လှစ်ခဲ့တဲ့ United Commercial Bank ဟာ အဆောက်အဦ ရှေ့မျက်နှာစာမှာ အဝေးထိန်းခလုပ်နဲ့ အဖွင့်အပိတ် လုပ်နိုင်တဲ့ မှန်တံခါး တပ်ဆင်ထားပေမယ့် သော့ခတ်တာမျိုးမရှိတဲ့အတွက်
အိန္ဒိယနိုင်ငံမှာ သော့မခတ်တဲ့ ပထမဆုံးဘဏ်ခွဲ ဖြစ်လာခဲ့ပါတယ်။

သူတစ်ပါးပစ္စည်းခိုးယူရင် မမြင်နိုင်တဲ့ အရာတစ်ခုက သူခိုးကို ပြစ်ဒဏ်ခတ်မှာဖြစ်ပြီး မရိုးမသားလုပ်တဲ့သူဟာ ခုနစ်နှစ်ခွဲကြာအောင် ကံဆိုးမိုးမှောင်ကျလိမ့်မယ်လို့ ရှန်နီရှင်ဂါပူးရွာသူရွာသားတွေက ယုံကြည်ထားကြပါတယ်။ အိမ်ရှေ့တံခါးဝမှာ သစ်သားတံခါးရွက် တပ်ဆင်ခဲ့တဲ့ ရွာသားတစ်ယောက် နောက်တစ်ရက်မှာပဲ ယာဉ်မတော်တဆမှုဖြစ်ခဲ့တယ်ဆိုတဲ့ အစဉ်အလာစကားကလည်း နှောင်းလူတွေကို ကြောက်ရွံ့ စိတ်ဖြစ်စေခဲ့ပါတယ်။

ရှန်နီရှင်ဂါပူးရွာဟာ ရာစုနှစ်နဲ့ချီပြီး သူခိုးသူဝှက် မရှိခဲ့ဘူးဆိုပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ ခရီးသွားတစ်ဦးရဲ့ကားထဲက ငွေသားနဲ့ အဖိုးတန်ပစ္စည်း ရူပီးငွေ ၃၅၀၀၀ ဖိုး အခိုးခံခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာလည်း ရူပီး ၇၀၀၀၀ တန်ကြေးရှိတဲ့ ရွှေထည်ပျောက်ဆုံးခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရှန်နီရှင်ဂါပူးရွာသူ ရွာသားတွေကတော့ အဲဒီခိုးမှုတွေဟာ သူတို့ရွာ အပြင်ဘက်မှာ ဖြစ်တာလို့ ဆိုပါတယ်။ ယုတ္တိဗေဒကျကျ သုံးသပ်သူတွေကတော့ ရှန်နီရှင်ဂါပူးရွာဟာ နတ်ဘုရားရှန်နီရဲ့ တန်ခိုးပြစောင့်ရှောက် မှု ကြောင့်မဟုတ်ဘဲ မြို့နဲ့အလှမ်းဝေးလွန်း တဲ့ နေရာမှာတည်ရှိလို့ ရာဇ၀တ်မှု ဖြစ်ပွားမှုနှုန်းနည်းတာလို့ ဆိုပါတယ်။

ခေတ်ရေစီးကြောင်း ပြောင်းလဲလာချိန်မှာတော့ ရှန်နီရှင်ဂါပူးရွာမှာ နေထိုင်သူအချို့က သူတို့အိမ်တွေကို ရှေ့တံခါးနဲ့ သော့ခလောက်တွေ တပ်ဆင်ဖို့အတွက် ရွာကတင်မြောက်ထားတဲ့ အစိုးရအဖွဲ့အစည်းထံမှ ခွင့်တောင်းထားကြပါတယ်။ ဒါပေမဲ့ ရွာသားအများစုကတော့ ရာစုနှစ်နဲ့ချီပြီး အခိုင်အမာရှိခဲ့တဲ့ သူတို့ရဲ့ယုံကြည်မှုအစဉ်အလာအတိုင်း တံခါးမရှိ၊ သော့မရှိ ဓလေ့ကို ဆက်လက်ထိန်းသိမ်းနိုင်မယ် လို့ မျှော်လင့်နေကြဆဲပါပဲ။

Credit: Yoyarlay
အိမ်တွေကို တံခါးမတပ်၊ သော့မခတ်တဲ့ ရွာ - Property News in Myanmar from iMyanmarHouse.com
အိမ်တွေကို တံခါးမတပ်၊ သော့မခတ်တဲ့ ရွာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service