ရန်ကုန်မှာ မြို့ပြအရန်မြေမရှိလို့ တန်ဖိုးနည်းအိမ်ရာ အခက်ကြုံ

ရန်ကုန်မှာ မြို့ပြအရန်မြေမရှိလို့ တန်ဖိုးနည်းအိမ်ရာ အခက်ကြုံ - Property News in Myanmar from iMyanmarHouse.com
3 Jun 2016 10:25 am တွင် တင်ခဲ့သည်
1576 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်ပေးနေတဲ့ တန်ဖိုးနည်းအိမ်ရာတွေအတွက် ရန်ကုန်မြို့ပြအရန်မြေမရှိတဲ့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

‘မြို့တစ်မြို့မှာ မြို့အရန်မြေဆိုတာရှိရပါတယ် ၊ ရန်ကုန်မှာက မြို့အရန်မြေမရှိတော့ဘဲ လူတစ်စုလက်ထဲမှာ မြေဈေးကစားတာတွေ ရှိနေတော့ ဝန်ကြီးဌာနက တန်ဖိုးနည်းအိမ်ရာဆောက်ဖို့မြေတွေကို ဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်’လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

ဝန်ကြီးသစ်ရဲ့လမ်းညွန်မှုနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁၀၀ အောက်ရောက်အောင် ရောင်းနိုင်ဖို့ ဈေးနှုန်းသက်သာတဲ့မြေရဖို့လိုပါတယ် ။
လူနေရပ်ကွက်နဲ့ဝေးပြီး သွားရေးလာရေးခက်ခဲတဲ့နေရာတွေမှာ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရင် ဝယ်ယူမယ့် သူတွေအတွက် သွားလာရေးစရိတ်က ပိုမိုကုန်ကျမှာဖြစ်လို့ စီမံကိန်းအောင်မြင်မှာအဟုတ်ဘူးလို့ သိရပါတယ် ။

အရင်အစိုးရလက်ထက်က တည်းက တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့ပေမဲ့ တန်ဖိုးသင့်အဖြစ်သာ ရောင်းချပေးနိုင်ခဲ့ပါတယ် ။ လတ်တလော ကာလအတွင်းရန်ကုန်မှာ ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်း အိမ်ရာရောင်းချနိုင်ဖို့ မြေနေရာအခက်အခဲတွေ ဖြစ်နေရတာပါ ။

တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်မယ့်ပြည်သူတွေဟာ အလုပ်လုပ်ကိုင်ဖို့ သွားလာရေးအဆင်ပြေစေမယ့် နေရာတွေမှာ ဆောက်ဖို့လိုပါတယ် ။ အိမ်ရာအနီးမှာ ဈေး ၊ ကျောင်း ၊ ဆေးရုံစတဲ့ အခြေခံအဆောက်အအုံတွေနဲ့လည်း နီးရမှာဖြစ်လို့ မြေနေရာ ရှာဖွေရတာခက်ခဲနေတယ်လို့ သိရပါတယ် ။

မြို့အရန်မြေကို ဈေးနှုန်းသက်သာစွာနဲ့ ဝန်ကြီးဌာနက ဝယ်ယူနိုင်ရင် ဝင်ငွေနည်းပြည်သူတွေ အတွက်အမှန်တကယ် အကျိုးရစေမယ့် တန်ဖိုးနည်းအိမ်ရာ တွေ တည်ဆောက်ပေးနိုင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးမင်းအေးအောင်က ပြောပါတယ် ။

လက်ရှိရက် ၁၀၀ အတွင်းမှာ ရောင်းချမယ့်တန်ဖိုးနည်းအိမ်ရာဈေးနှုန်းတွေက ကျပ်သိန်း ၁၀၀ ကျော်နေပါတယ်။

အသစ်ထပ်ဆောက်မယ့် အိမ်ရာတွေကို သိန်း ၁၀၀ အောက် လျော့ကျစေဖို့ မြို့ပြအရန်မြေတွေ ပေါ်ထွက်လာရေး ဥပဒေပြဌာန်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service