မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ပိုမို၍ရင်းနှီးမြှုပ်နှံနိုင်ရန် စင်ကာပူအခြေစိုက် Golden Glory Groupကုမ္ပဏီက ၎င်းတို့၏ ရှယ်ယာ များကို ထုတ်ရောင်းမည်ဟု သိရ သည်။
၎င်းတို့၏ ကနဦး ရှယ်ယာ များ ရောင်းချမှုမှ ဒေါ်လာသန်း ၈၀ နှင့် သန်း ၁၀၀ ကြားရရှိရန် ကုမ္ပဏီက မျှော်လင့်ထားပြီး အ ရှေ့တောင်အာရှ၏ ဖွံ့ဖြိုးမှုအမြန် ဆန်ဆုံး ဈေးကွက်အသစ်သဖွယ် ဖြစ်လာသည့် မြန်မာနိုင်ငံတွင် လုပ်ငန်းပိုင်းအရ ပိုမိုမြှုပ်နှံရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ရှယ်ယာရောင်းချ၍ရရှိလာသည့် ငွေ ကြေးများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းပိုင်းရင်းနှီးမြှုပ်နှံမှု၊ မြေ နေရာဝယ်ယူမှုများအတွက် အသုံးချနိုင်မည်ဟု ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ခရစ္စတိုဖာဝူက ရန်ကုန်တွင်အင်တာဗျူးတစ်ခု၌ ပြောကြားသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ပြန်လည်ပွင့်လင်းလာပြီးနောက် Golden Glory Group ကဲ့သို့အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများက ကောင်းမွန် သည့် အခွင့်အလမ်းသစ်တစ်ရပ် အဖြစ် ရှုမြင်နေသည်။ မြန်မာနိုင်ငံ ၏ အိမ်ခြံမြေဈေးကွက်တွင် ထဲထဲဝင်ဝင်ပါဝင်နေခြင်းက အနာဂတ် ကာလ နိုင်ငံတိုးတက်မှု အရှိန်မြင့် လာချိန်၌ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံ မှုများကိုပါ ဖိတ်ခေါ်လာနိုင်မည် ဟု ဝူက ယူဆနေသည်။ GoldenGlory Group သည် ရန်ကုန်တွင်Polo Club (Asia) ဆောက်လုပ် ရေးစီမံကိန်းကို အကောင်အထည် ဖော်နေသကဲ့သို့ နေပြည်တော်နှင့် ကီလိုမီတာ ၂၀ မျှအကွာ၌လည်း စက်မှုဇုန်တစ်ခု တည်ဆောက် လျက်ရှိသည်။
အသက် (၅၃)နှစ်ရှိ ဝူက ရွေးကောက်ပွဲအပြီးတွင် မြန်မာ့အိမ်ခြံ မြေဈေးကွက် အရှိန်ပိုကောင်းလာသလို တစ်ဖက်၌ ဥပဒေသစ်ပြဋ္ဌာန်းမှုကြောင့် နိုင်ငံခြားသား များ ရင်းနှီးမြှုပ်နှံခွင့် ကန့်သတ် ချက်များ လျော့ပါးသွားခြင်းက နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေကြောင်း မှတ်ချက်ပေး ခဲ့သည်။ နိုင်ငံတကာငွေကြေးရန် ပုံငွေအဖွဲ့ကလည်း မြန်မာ့စီးပွားရေးသည် ယခုနှစ်တွင် ၈ ဒသမ ၆ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ ကိန်းဂဏန်းသည် အာရှနိုင်ငံအားလုံး တွင် အမြင့်ဆုံးဖြစ်သည်။
‘‘တံခါးတွေက ဖွင့်သွားပြီ။ နိုင်ငံခြားကုမ္ပဏီတွေ နောက်ထပ်ဝင်လာမယ်။ ရုံးတွေလာဖွင့်လိမ့် မယ်။ အဲဒီအခါမှာ နေထိုင်ဖို့အတွက်ရော ရုံးခန်းနေရာအတွက် ပါ အိမ်ခြံမြေနေရာ တောင်းဆိုမှု က မြင့်တက်လာလိမ့်မယ်။ ဒါ့အ ပြင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ကျော်လွှားဖို့အတွက် နိုင်ငံသား တွေကလည်း ရင်းနှီးမြှုပ်နှံမှုအ ပိုင်းမှာ ပိုပိုပြီးအခွင့်အလမ်းတွေ ရှာဖွေလာလိမ့်မယ်’’ဟု ဝူက ပြောကြားသည်။
စီးပွားရေးပညာရှင်များက မြန်မာနိုင်ငံ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်းသည် အရှေ့တောင် အာရှတွင် လာမည့် ၂ နှစ်ဆက် တိုက် အမြင့်ဆုံးအဖြစ် ဆက်ရှိနေ ပြီး ၂၀၁၆ တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၇ တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိနေဦးမည်ဟု ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် Golden Glory Group၏ စီမံကိန်းများတွင် အဆင့်မြင့် အိမ်ရာအဆောက်အအုံများ၊ ဝန်ဆောင်မှုဌာနများ၊ ကြယ်ငါးပွင့် အဆင့် ဟိုတယ်တစ်လုံး၊ ဆိုင်ခန်း နှင့် ရုံးခန်းများ ပါဝင်ကြောင်း ကုမ္ပဏီဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ထို့အပြင် နေပြည်တော် စက်မှုဇုန်၌ အဝတ်အထည်နှင့် စာအုပ်ကဲ့သို့ အပေါ့စားထုတ်ကုန် စက်ရုံများ ထည့်သွင်း တည် ဆောက်မည်ဟု သိရသည်။
Credit : 7Day Daily