စတော့ဈေးကွက် ကမောက်ကမဖြစ်စေရန် FMI နှင့် သီလ၀ါရှယ်ယာများကို ဈေးကစားသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

စတော့ဈေးကွက် ကမောက်ကမဖြစ်စေရန် FMI နှင့် သီလ၀ါရှယ်ယာများကို ဈေးကစားသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ - Property News in Myanmar from iMyanmarHouse.com
2 Jun 2016 11:30 am တွင် တင်ခဲ့သည်
1550 ကြိမ် ကြည့်ရှု့ပြီး
စတော့ဈေးကွက် ကမောက်ကမဖြစ်စေရန် FMI နှင့် သီလ၀ါရှယ်ယာများကို ဈေးကစားနေသူများ ရှိနေပြီး ထိုသို့ ဈေးကစားနေသူများအား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Yangon Stock Exchange မှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းအတွင်း Market order ဖြင့် စတော့ဝယ်ယူရန် စာရင်းသွင်းပြီး အော်ဒါပိတ်ချိန် နီးကာမှ အော်ဒါ ဖြုတ်ချကာ ဈေးကွက်ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေသူများအား Securities Exchange Law အရ စုံစမ်းစစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“တချို့လူတွေက ဈေးကွက်ကို manipulate လုပ်နေတာတွေ ရှိတယ်။ ဆိုတာက ဈေးကွက်ကို ကြိုးကိုင်ပြီးတော့ ဈေးကွက်ကို ကစားနေတယ်လို့ ယူဆတယ်။တင်ထားတဲ့ အော်ဒါကို ဈေးဖြစ်ကာနီး နှစ်မိနစ်လောက်အလို၊ သုံးမိနစ်လောက် အလိုတို့မှာ cancel လုပ်ပစ်လိုက်တာပေါ့။ ကိုယ်တင်ထားတဲ့ အော်ဒါကို ပြန် cancelလုပ်တော့ဥပမာဈေးကွက်က မြင့်မယ်ဆိုရင်
မြင့်မယ့်ဈေးရောက်မှ သူက order cancel လုပ်လိုက်တော့ ဈေးကကျသွားရော။ နောက်ကျမယ်ဆိုပြီးမှ သူက order cancel လုပ်လိုက်မှ ဈေးက ပြန်တက်တာတွေ အဲဒီလိုဈေးကွက် ကမောက်ကမ ဖြစ်အောင်လုပ်တဲ့လူတွေ ရှိနေတယ်။ အဲဒီလိုလူတွေ ရှိနေတာလည်းကို စုံစမ်းတွေ့ရှိရတယ်။ ကျွန်တော်တို့ Securities Exchange Law အရ တရားဥပဒေကြောင်းအရ အရေးယူသွားမယ်” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

အလားတူ ဇွန် ၁ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းမှ ယင်းကဲ့သို့ ဈေးကွက် ကမောက်ကမဖြစ်စေရန် ပြုလုပ်နေသူများကို Securities Exchange Law ၏ ပုဒ်မ ၅၄ နှင့် ၆၀ တို့အရ အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ Securites ကုမ္ပဏီတွေအနေနဲ့လည်း အဲဒီလိုလူတွေ ရှိလာရင် စနစ်တကျ စောင့်ကြည့်ပါ။ သဘောရိုး မဟုတ်ဘဲ ကြိမ်ဖန်များစွာ လုပ်နေရင် securities exchange law အရ သူတို့ကို အရေးယူမယ်။ အခုက စတော့စာရင်းဝင် ကုမ္ပဏီနှစ်ခုလုံးမှာ အဲဒီလို လုပ်နေတယ်။ အပြင်လူတွေက လုပ်တာလို့တော့ ယူဆရတယ်။ သူတို့ကလုပ်တဲ့ ပမာဏက ရှယ်ယာ အစု ၄၊ ၅ ထောင်လောက်ကို တင်ပြီး အရောင်းအ၀ယ် ပိတ်ချိန်မှ ပြန်ဖျက်တာတွေပေါ့။ ဆိုလိုတာက သဘောရိုးနဲ့ အော်ဒါဖျက်လို့ ရတယ်။ဥပမာ- FMI အစု ၃၀၀ ၀ယ်မယ်ပေါ့။ ၂၇၀၀၀ ပေါက်ဈေးနဲ့ ၀ယ်မယ်ပေါ့။ ပြီးမှ စိတ်ပြောင်းပြီး ၂၇၀၀၀ နဲ့ မ၀ယ်ဘူး။ ၂၆၀၀၀ နဲ့ ၀ယ်မယ်။ အဲဒီအတွက် အော်ဒါကို cancel လုပ်ပေးပါဆို ရတယ်။ အချိန်တိုင်း တမင်လုပ်နေတာဆိုရင် ဒီလူကို ကျွန်တော်တို့က နောက်ယောင်ခံလိုက်ပြီးတော့ စုံစမ်းပြီး ဥပဒေအရ အရေးယူလို့ ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာရောင်းချခွင့်ရ ကုမ္ပဏီနှစ်ခုလုံး၏ စတော့တန်ဖိုးနှင့် အရောင်းအ၀ယ်များ ဆက်တိုက်ကျဆင်းလာချိန်တွင် ယခုကဲ့သို့ ဈေးကွက် ကမောက်ကမဖြစ်စေသူများကို အရေးယူမည့် ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း အရောင်းအ၀ယ်ပြုလုပ်ချိန် Trading Session နှစ်ပိုင်းရှိကာ ဈေးကွက်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ (ပထမအပိုင်း) နှင့် ဈေးကွက်ပိတ်ချိန် ၁ နာရီအထိကို(ဒုတိယအပိုင်း) ဟူ၍သတ်မှတ်ထားကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service