ဆွစ်ဇာလန်မှာ အချမ်းသာဆုံးဖြစ်တဲ့ အိုဘာဝီလ်လီလီရွာ က နိုင်ငံ တွင်းသို့ဝင် ရောက်ခိုလှုံလာတဲ့ ဒုက္ခသည် ဆယ်ယောက်ကို လက်ခံ ပေးဖို့နဲ့လက်မခံပေးနိုင်ခဲ့ရင် စတာလင်ပေါင် ၂ သိန်းဒဏ်တပ်ခံရ ဖို့ဆိုတဲ့ငြင်းဆန် မရတဲ့အခြေအနေအကျပ်အတည်းတွေနဲ့ ရင်ဆိုင် နေရ တယ်လို့ သိရပါတယ်။ ဥရောပမှာလည်း အချမ်းသာ ဆုံးလို့ဆိုနိုင်တဲ့ ဒီရွာကလေးက အဆို ပါ ဒုက္ခသည်တွေ ဝင်ရောက်နေထိုင်ဖို့ကို ငြင်းဆန်နေပြီး ဆွစ်ဇာလန် အစိုးရကတော့ နိုင်ငံအတွင်း ကောင်တီ ၂၆ ခုတို့မှာ ဒုက္ခသည်တွေ ကို လက်ခံနေထိုင်စရာပေးဖို့ တိုက်တွန်းထားပြီး နိုင်ငံတွင်းက စစ် ပြေးရှောင် အစ္စလာမ်ဒုက္ခသည်ပေါင်း ၅ သောင်းကျော်ကို လက်ခံ တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုထားပါတယ်။
အိုဘာဝီလ်လီလီရွာမှာနေထိုင်ကြတဲ့ လူဦးရေက ၂၂၀၀ ရှိပြီး အ ယောက် ၃၀၀ နီးပါးက သန်းကြွယ်သူဌေးတွေ ပဲ ဖြစ်ကြပါတယ်။ ရွာလေးက ယခင်အချိန်ကတည်းက အဆိုပါ ဒုက္ခသည် တွေနေ ထိုင်စရာပေးဖို့ တောင်း ခံခြင်းတွေကို ငြင်းဆန်ခဲ့ကြပြီး ဒုက္ခသည် ၄၈ ရာခိုင်နှုန်းကနေ ၅၂ ရာခိုင်နှုန်းအထိ နေစရာပေးဖို့ လုံးဝခွင့်မပြု ခဲ့ဘူးလို့ သိရပါတယ်။
ရွာမှာနေထိုင်တဲ့ ရွာခံတွေက “ ကျွန်တော်တို့တွေ အမှန်အတိုင်း ပြောရရင် သူတို့တွေကို လက်ခံပေးဖို့ လုံးဝဆန္ဒမရှိပါဘူး။ ကျွန် တော်တို့က ဒီမှာအလုပ်တွေပင်ပင်ပန်းပန်းနဲ့ ကြိုးကြိုးစားစားလုပ် ကိုင်စားသောက်နေကြပါတယ်။ ဒီရွာကလေးမှာလည်း ကျွန်တော် တို့တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်ရပါတယ်။ ဒါကိုကျွန်တော်တို့ မဖျက်ဆီးချင်ပါဘူး” လို့ ပြောပြခဲ့ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)