မြန်မာကျပ်ငွေသည် ယခုနှစ်အတွင်း အာရှဈေးကွက်၏ ထိပ်တန်း ငွေကြေးယူနစ်အဖြစ် စိတ်ဝင်စားခံလာရ

မြန်မာကျပ်ငွေသည် ယခုနှစ်အတွင်း အာရှဈေးကွက်၏ ထိပ်တန်း ငွေကြေးယူနစ်အဖြစ် စိတ်ဝင်စားခံလာရ - Property News in Myanmar from iMyanmarHouse.com
2 Jun 2016 10:18 am တွင် တင်ခဲ့သည်
8186 ကြိမ် ကြည့်ရှု့ပြီး
မြန်မာကျပ်ငွေသည် ယခုနှစ်အတွက် အာရှဈေးကွက်၏ ထိပ် တန်းငွေကြေးယူနစ်တစ်ခုအဖြစ် စိတ်ဝင်စားခံလာရကြောင်း သိရ သည်။

မြန်မာကျပ်ငွေအပေါ် စိတ် ဝင်စားမှု မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာကောင်းများ ထင်ဟပ်နေခြင်းနှင့် တိုက်ရိုက်အချိုး ကျနေသည်။ နိုင်ငံတကာနှင့် ကင်းကွာကာ အထီးကျန်နိုင်ငံတစ်ခု သဖွယ် နှစ်ပေါင်းများစွာ ရပ်တည် ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ စီးပွား ရေးပြန်လည်ပွင့်လင်းလာသကဲ့ သို့ အရပ်သားအစိုးရတက်လာ ခြင်းများကြောင့် မြန်မာကျပ်ငွေ၏ တန်ဖိုးအပေါ် ကောင်းကျိုးများ သက်ရောက်လာသည်။

၂၀၁၂ နောက်ပိုင်း တန်ဖိုး သတ်မှတ်ချက်များအရ နှစ်စဉ် အကျဘက်သို့ ဦးတည်ခဲ့သော် လည်း မြန်မာကျပ်ငွေတန်ဖိုးသည်၁၀ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာသည်။ ထို့ကြောင့် နှစ်စဉ်တန်ဖိုး အနုတ်ပြခဲ့သော အခြေအနေမှငွေကြေးတန်ဖိုးမာသည့် အဆင့်ဘက်သို့ ပြန်လည်ကူးပြောင်းလာ သည်။ ယခုအခါ မြန်မာကျပ်ငွေ သည် ဂျပန်ယန်းငွေကို ကျော်တက်ကာ အာရှ၏ တန်ဖိုးတက် ရိပ်အပြဆုံး ငွေကြေးယူနစ်အဖြစ် ရပ်တည်လာခဲ့သည်။

မြန်မာနိုင်ငံတွင် GeneralElectric ကုမ္ပဏီ တာဝန်ခံအကြီး အကဲအဖြစ် တာဝန်ယူခဲ့ဖူးသည့် အန်ဒရူးလီက ကျပ်ငွေတန်ဖိုး ပြန်လည်မာကျောလာခြင်းက မိမိ၏ ဆုံးဖြတ်ရွေးချယ်မှု မှန်ကန်ခဲ့ ကြောင်း သက်သေပြနေသည်ဟု ဆိုသည်။ ငွေကြေးယူနစ် တန်ဖိုးအားကောင်းခြင်းသည် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအ တွက် အလွန်အရေးကြီးသည့် အ ခြေခံလိုအပ်ချက်တစ်ခုဟုလည်း လီက ပြောကြားသည်။ ထိုအခြေအနေတွင် သွင်းကုန်များ၏ တန်ဖိုးကို လျှော့ချလာနိုင်ပြီး အစိုးရ၏ အခြေခံအဆောက်အအုံ တည် ဆောက်မှု စီမံကိန်းများတွင် ဒေါ် လာနှင့် လဲလှယ်ရာ၌လည်း အား သာချက် ပိုရှိလာမည်ဖြစ်သည်။

‘‘ကျပ်ငွေတန်ဖိုး ခိုင်မာလာခြင်းဟာ စီးပွားရေးတိုးတက်လာ ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် အ သိအမှတ် ပြုရလိမ့်မယ်။ အစိုးရသစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေးအနက် အကောင်းမြင် မျှော်လင့်ထားပါတယ်။ ပြီးတော့ ဒီနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်အပိုင်းမှာ လုပ်စရာတွေ အများကြီးကျန်နေသေးတာ ကိုလည်း သိထားတယ်’’ဟု လီက ပြောကြားသည်။

နိုင်ငံ၏ စီးပွားရေးတိုးတက် မှုသည် နိုင်ငံရေးကဏ္ဍနှင့်လည်း ဆက်နွှယ်နေရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသစ် တက်လာခြင်းက မြန်မာ့စီးပွားရေးအပေါ် သက် ရောက်မှုများ ကြီးမားစွာရှိစေခဲ့ သည်။ ဖွဲ့စည်းပုံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့သော်လည်း အစိုးရသစ်ကို လက်တွေ့ကျကျ ဦးဆောင်သူအဖြစ် ပီပြင်စွာ ရပ်တည်နေသည်။ မြန်မာနိုင်ငံတွင် အစိုးရပိုင်း ပြောင်းလဲသွားခြင်းက မြန်မာ့စီး ပွားရေးအပေါ် ယုံကြည်မှုလည်း တိုးတက်လာစေခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေးသည် အိမ်နီးချင်း နိုင်ငံအားလုံးထက် လျင်မြန်စွာ ဖွံ့ဖြိုးလာပြီး ၂၀၁၆ နှင့် ၂၀၁၇ အစောပိုင်းတို့တွင် ၈ ရာခိုင်နှုန်း ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်း ထားသည်။ လတ်တလောတွင် မြန်မာနိုင်ငံသည် စွမ်းအင်၊ သယ် ယူပို့ဆောင်ရေး၊ နည်းပညာပရော ဂျက်များအတွက် ၂၀၃၀ ပြည့်နှစ် ထိ ဒေါ်လာ ဘီလီယံ ၈၀ ဖိုးမျှ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကုန် ၌ ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံမှ ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံထိ မြင့်တက်လာကြောင်း အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်အ ရ သိရသည်။ ထို့အပြင် အမေရိ ကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံလျှော့ချပေးခြင်းကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေဖွယ်ရှိသည်။

မြန်မာကျပ်ငွေသည် ၂၀၁၅ အတွင်းက ၂၁ ရာခိုင်နှုန်းထိ တန်ဖိုးကျခဲ့ရာ စံချိန်တင် တန်ဖိုးယုတ်လျော့မှုအဖြစ် တစ်ဒေါ်လာ လျှင် ၁,၃၄၄ ကျပ် ဖြစ်သွားခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ များနှင့်အတူ တရိပ်ရိပ်တန်ဖိုးပြန် တက်လာခြင်းဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service