အိန္ဒိယ၊ ထိုင်း၊ မြန်မာသုံးနိုင်ငံအကြားကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်မှုများ မြှင့်တင်နိုင်ရန်အတွက် ကီလိုမီတာ ၁၄၀၀(၈၆၉ ဒသမ ၉ မိုင်)ရှည်လျားသော အဝေးပြေးလမ်း မကြီး ဖောက်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိ ကြောင်း အိန္ဒိယအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခု တွင် ဖော်ပြသည်။ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဘဂ၀မ်ဆင်း ဘစ်ရှ်နွီးကပြောကြားရာတွင် မြန်မာနိုင်ငံ၌ တံတားပေါင်း ၇၃ စင်းရှိရာဒုတိယကမ္ဘာစစ်အတွင်း၊ လွန်ခဲ့သောဆယ်စုနှစ် ၇ ခုခန့်က ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီးယခုအခါ အိန္ဒိယနှင့် ဆက်သွယ်ရာတွင် ယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် အိန္ဒိယကကုန်ကျငွေကျခံကာ ပြင်ဆင်ပေးနေခဲ့ ကြောင်း ထုတ်ဖော်ပြောကြားသည်။
အဆိုပါပြန်လည်ပြုပြင်ရေးစီမံကိန်းများလာမည့် ၁၈ လအတွင်းအပြီးသတ်နိုင်မည်ဆိုပါကအိန္ဒိယ၊ ထိုင်း၊ မြန်မာသုံးနိုင်ငံအကြားဆက်သွယ်ရန် ဖွင့်လှစ်နိုင် မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ယင်းလမ်းပိုင်းစတင်ရာမှာအိန္ဒိယနိုင်ငံအရှေ့ ပိုင်းမိုရေးမြို့ မှ မြန်မာနိုင်ငံတမူးမြို့ အကြားဆက်သွယ်သည့် လမ်းပိုင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ တာ့ခ်မြို့ အထိရောက်ရှိမည့် သုံးနိုင်ငံဆက် အဝေးပြေးလမ်းမသုံးစွဲမှုနှင့် စပ်လျဉ်း၍ လက်ရှိအားဖြင့် ညှိနှိုင်းဆဲဖြစ်သည်။ အဆိုပါအဝေးပြေးလမ်းမသည် ကုန်စည်သယ်ယူပို့ဆောင်ရေး အတွက်သာမကဘဲ အိန္ဒိယအရှေ့ မြောက်ပိုင်းရှိ အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ပြီးအိန္ဒိယ၏ အရှေ့ မြော်မူဝါဒအတွက်လည်း အထောက်အကူ တစ်ရပ်ဖြစ်ကြောင်း ဘစ်ရှ်နွီးကပြောကြားသည်။
ထိုင်းနယ်စပ်အနီးရှိ ထားဝယ်ရေနက်ဆိပ်ကမ်းသည် အိန္ဒိယရှိချင်းနိုင်ဆိပ်ကမ်းကိုထိုင်းနိုင်ငံ၊ လန်ချဘန်းဆိပ်ကမ်းနှင့် ဆက်သွယ်ပေးနိုင်မည်လည်းဖြစ်ကြောင်းဘစ်ရှ်နွီးကဆက်လက်ပြောကြားသည်။ လက်ရှိအားဖြင့် အိန္ဒိယနှင့် အာဆီယံနိုင်ငံများ အကြားလွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးဆက်လက်၍ ဒေသတွင်းကျယ်ပြန့်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)သဘောတူညီချက်ကို ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိသည်။
အိန္ဒိယနှင့် ထိုင်းနိုင်ငံအကြား ကြီးမားသည့် စီးပွားရေးဆက်နွှယ်မှုများရှိပြီး ၂၀၁၅ ခုနှစ်အတွင်းကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၈ ဘီလီယံဖိုးရှိခဲ့ပြီးအိန္ဒိယနိုင်ငံသားပေါင်းတစ်သန်းကျော် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)