ရေမြောင်းနံဘေးမေးတင်၍ အဖီထိုးထားသည့် လမ်းဘေး ထမင်းဆိုင်လေးတွင် မွန်းလွဲပိုင်း၌ ပုံမှန်လာရောက် စားသုံးသူ နည်းပါးနေသည်မှာတစ်ပတ်ကျော်ပြီ ဖြစ်သည်။
ထိုဆိုင်လေးမှာ ဆူးလေ ရှန် ဂရီလာဟိုတယ်ဘေးမှ ဆောက် လက်စအဆောက်အအုံတွင် လာ ရောက်လုပ်ကိုင်သည့် ဆောက် လုပ်ရေးအလုပ်သမားများ နေ့စဉ် စားသောက်နေကျ ထမင်းဆိုင် လေးဖြစ်သည်။
‘‘အလုပ်သမားတွေ မလာ တာ တစ်ပတ်လောက်ရှိပြီထင် တယ်။ ဆိုက်က ရပ်ထားတယ်ဆို လား၊ နားထားတယ်ဆိုလား ကြား မိတာပဲ’’ဟု ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။
ရန်ကုန်မြို့တွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချက်ရရှိ ခဲ့သည့် ၁၃ ထပ်နှင့်အထက် အ ထပ်မြင့်အဆောက်အအုံ ၁၄၁ လုံးကို ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ရန်၊ အကန့်အသတ်မရှိ ရပ်ဆိုင်း ရန် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက မေလ ၂၀ ရက်မှ စတင်ညွှန်ကြားထားသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဆောက် လုပ်ရေးလုပ်ငန်းခွင်အများစု ရပ် ဆိုင်းထားရသည်မှာ တစ်ပတ် ကျော်ပြီဖြစ်သည်။
ယင်းသို့ ပြန်လည်စစ်ဆေး ရန် ရပ်ဆိုင်းခြင်းခံထားရသည့် အ ဆောက်အအုံများထဲတွင် သတင်း စာ၊ ဂျာနယ်များ၌ စာမျက်နှာပြည့် ကြော်ငြာပြီး ဈေးကွက်၌ အကြီး အကျယ် ရောင်းချနေသည့် စီမံ ကိန်းများလည်း ပါဝင်လာသည်။
ပြီးခဲ့သည့် အစိုးရလက်ထက် က မူအားဖြင့် ခွင့်ပြုချက်ပေးခဲ့ သည့် အဆောက်အအုံများကို ပညာရှင်အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ အားနည်းချက်များရှိသည်ဟု အချက်အလက်များ ပေးပို့ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စစ်ဆေးရခြင်းဖြစ်သည်ဟု အင်ဂျင်နီယာနှင့် အဆောက်အအုံဌာန တာဝန်ရှိသူကပြောသည်။
အဓိက စစ်ဆေးမည့်အပိုင်း မှာ အဆောက်အအုံ၏ စီမံကိန်း၊ ဒီဇိုင်း၊ ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိနှင့် အရည်အသွေး အာမခံ ချက်ကို အဓိကစစ်ဆေးရန် ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နေပြီဖြစ်ကြောင်း ဆွေးနွေး ရာတွင် ပါဝင်သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အင်ဂျင်နီ ယာမှူးကြီး ဒေါ်လှိုင်မော်ဦးက ပြောသည်။
‘‘ထပ်စစ်လည်း ဒီအဖြေပဲ ထွက်မှာပဲ။ အရင်ကတည်းက တင်ပြရမယ့် အဖွဲ့အစည်းတွေ အားလုံးကို လမ်းကြောင်းမှန်မှန်နဲ့ တင်ပြထားတာပါ။ CQHP ရဲ့ ခွင့် ပြုချက်တွေလည်း ရထားပြီးသား’’ ဟု နာမည်ကြီး 68 Residence အဆင်မြင့် ကွန်ဒိုတည်ဆောက်မည့် United Golden Palace ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်ကျော်ဝင်းက ပြောသည်။
68 Residence ကွန်ဒိုစီမံ ကိန်းသည် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းတွင် တည်ရှိပြီး အထပ်၃၀ ကျော်ဖြင့် တည်ဆောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခုအခါ စည်ပင်၏ ညွှန်ကြားချက်သစ်ကြောင့် ၎င်းတို့စီမံကိန်းမှာ လည်း ရပ်ဆိုင်းထားသည်။
68 Residence အပြင် INNOCity ကဲ့သို့ နိုင်ငံတကာနှင့် ပူး ပေါင်းလုပ်ကိုင်နေသော စီမံကိန်း များလည်း ပါဝင်သည်။ ရွှေမန်းသူ ယာဉ်ရပ်နားကွင်း မြေနေရာမှ ပြည်ပရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် အဆင့်မြင့်အိမ်ရာ စီမံကိန်းကို ၂၀၁၅ မတ်လ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ခွင့်ပြုခဲ့သည်။
ယင်းစီမံကိန်းသည် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်နှင့် ပြည်ပကုမ္ပဏီတစ်ခုက အကျိုးတူပူးပေါင်းတည်ဆောက်ခြင်းဖြစ် သည်။
‘‘ဒီစီမံကိန်းကို ကော်မတီဝင် များ အစည်းအဝေးမှာ တင်ပြခဲ့ တာ၊ ခွင့်ပြုချက်ပေးခဲ့တာ မသိ လိုက်ရပါဘူး။ ပြီးတော့လည်း အဆောက်အအုံက အထပ် ၃၀ ၊ BCR, FAR အချိုးကိုလည်း မသိရ။မြေပိုင်ဆိုင်မှုက BOT လား၊ မြေ ပိုင်လား၊ ရင်းနှီးမြှုပ်နှံမှုပုံစံလား လည်း မသိရခဲ့ပါဘူး’’ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးခင်လှိုင် က INNO City နှင့်ပတ်သက်၍ ပြောသည်။
အထက်ပါ အဆောက်အအုံ များအပါအဝင် ပြီးခဲ့သည့် အစိုးရ လက်ထက်က မူအားဖြင့် ခွင့်ပြုခဲ့ သည့် အဆောက်အအုံများ ပြန် လည်စစ်ဆေးခြင်းကို ပညာရှင် များပါဝင်သည့် ကော်မတီတစ် ရပ် ပြန်လည်ဖွဲ့စည်းကာ စစ်ဆေး မှုလုပ်ဆောင်မည်ဖြစ်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ တာဝန်ရှိသူက ဆိုသည်။
‘‘မြေပြင်စစ်အဖွဲ့က ပြန်စစ် မယ်။ ပြီးရင် ပြန်ပြီးညှိနှိုင်းမယ်။ အရင်အထပ်မြင့်ဆောက်ဖို့ တင် ထားရင် ဆောက်မယ့်မြို့နယ် အခြေအနေနဲ့ သင့်တော်နိုင်၊ မတော်နိုင် ပြန်ပြီးစစ်မယ်’’ဟု ၎င်းကဆိုသည်။
ခွင့်ပြုထားသည်ထက် အ ထပ်ပိုဆောက်ထားခြင်းမျိုးအပါအဝင် သတ်မှတ်ချက်နှင့် ကိုက်ညီ မှုမရှိပါက စီမံကိန်းဒီဇိုင်းကို ပြန်လည်ပြင်ဆင်ရေးဆွဲရနိုင်ကြောင်း၎င်းက ပြောသည်။
ရန်ကုန်တွင် အထပ်မြင့် အဆောက်အအုံများ တည် ဆောက်မည်ဆိုပါက ကိုးထပ် အောက် အဆောက်အအုံများကို စည်ပင်သာယာ အဆောက်အအုံဌာနက တိုက်ရိုက်ခွင့်ပြုပြီး ကိုး ထပ်မှ ၁၂ ထပ်အထိကိုစည်ပင် လက်အောက်ရှိ HIC ဟုဆိုသောအထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေးဆိုင်ရာ စံချိန်စံ ညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့က စစ်ဆေးပေးသည်။ ၁၃ ထပ်နှင့် အထက် အဆောက်အအုံများကိုမူ ပညာရှင်အများစုဖြင့် ဖွဲ့စည်းထားသည့် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့ (CQHP)က စစ်ဆေးလျက် ရှိသည်။
ယခု ရပ်ဆိုင်းထားသည့် အဆောက်အအုံများတွင် အထပ် ပိုနေခြင်း၊ ကန့်သတ်ဧရိယာအနီး တွင်တည်ရှိခြင်း၊ ဘာသာရေးဆိုင် ရာ အထွတ်အမြတ်နေရာများ၌ တည်ရှိခြင်းများဖြစ်ပါက စည်း ကမ်းနှင့်အညီ ပြန်လည်ပြင်ဆင် ပေးရမည်ဖြစ်ကြောင်း အင်ဂျင် နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။
ထို့ကြောင့် ပြီးခဲ့သည့် အစိုးရ လက်ထက်က အလုံးအရင်းဖြင့် တည်ဆောက်ခဲ့သည့် ငါးပွက်ရာ ငါးစာချ ဆောက်လုပ်ရေးလုပ်ငန်း များအပေါ် အစိုးရသစ်က ပြန် လည်ထိန်းချုပ်ရန် ပြင်ဆင်လာခဲ့ ခြင်းဖြစ်သည်။ သို့သော် စိစစ်ရန် ရပ်ဆိုင်းရမည့် ကာလမည်မျှကြာ နိုင်ကြောင်း မသိရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုများသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိက စိုးရိမ်ပူပန်မှုဖြစ်သည်။
‘‘စည်းလွတ်ဝါးလွတ်ဖြစ်နေ တာတွေ တစ်ပုံကြီး။ ဥပဒေ အထက်ကနေ အရင်အစိုးရလက် ထက်တုန်းက ခွင့်ပြုခံခဲ့ရတဲ့ အဆောက်အအုံတွေ အများကြီး။ ဝန်ကြီးချုပ်ရဲ့ အခုစီမံချက်ကို ကြို ဆိုပါတယ်’’ဟု ဓနမြေဆောက် လုပ်ရေး လုပ်ငန်းရှင် ဦးဝင်းလှိုင် ကဆိုသည်။
သို့သော် တစ်ဖက်တွင်လည်း မူဝါဒအပြောင်းအလဲများ ခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တို့၏ ယုံကြည်မှုကို လျော့ကျစေ ပြီး နေ့စဉ်ဆောက်လုပ်ရေး လုပ်ငန်းများကို မှီခိုနေရသည့် နေ့စား အလုပ်သမားများအတွက် အလုပ်မရှိသဖြင့် ရေရှည်၌ လူမှုဒုက္ခအခက်အခဲများ ရှိလာနိုင်ကြောင်း၎င်းက ဆက်လက်ပြောကြား သည်။
‘‘လုပ်သားက ထောင်နဲ့ချီ နားနေရပြီ။ မြန်မြန်ဆန်ဆန်လေး စစ်ဆေးပေးရင်တော့ ကောင်းမယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အခြေအနေ ကျဆင်းနေတဲ့အချိန် မှာ အခုလုပ်ရပ်က ပြိုလဲအောင် ထပ်ပြီး ထိုးနှက်တာမျိုးမဖြစ်ဖို့လို တယ်’’ဟု Three Friend ဆောက် လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုလေး က မှတ်ချက်ပြုသည်။
ဆောက်လုပ်ရေးလောက သည် အမှန်တကယ် ဝယ်လိုအား မရှိဘဲ ဝယ်လိုအားအတုကြောင့် သာ ခေတ်ကောင်းခဲ့သည်ဟု ထင် ရပြီး အလုံးအရင်းဖြင့် ပမာဏများ များ တည်ဆောက်ခဲ့ခြင်းကြောင့် ယင်းအကျိုးဆက်ကို ယခုခံစားနေ ရပြီဟု ဦးကိုကိုလေးကဆိုသည်။
ယခု ဖြစ်ပေါ်နေသည့် ပြဿသာနာမှာ ရန်ကုန်တွင် အထပ်မြင့် အဆောက်အအုံများအား တည်ဆောက်ရန် သတ်မှတ်ဇုန်(Zon-
ing Plan)ကို ပြီးခဲ့သည့် အစိုးရလက်ထက်က အတည်ပြုပေးခဲ့ ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပြဿသာနာများ ပေါ်ပေါက်လာရခြင်းဖြစ် သည်ဟု မြို့ပြစီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက သုံးသပ်သည်။
အထပ်မြင့်အဆောက်အအုံ များကို စနစ်တကျတည်ဆောက် ရန် သတ်မှတ်ချက်ပေးမည့် Zoning Plan ကို မြို့ပြစီမံကိန်း ပညာရှင်များက သုံးနှစ်ကျော် ရေးဆွဲထားပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားသည်မှာ ကြာမြင့် နေပြီဖြစ်သည်။
ကြိုပွိုင့်တိုက်ခန်းများ အ ရောင်းအဝယ်ရပ်သွားချိန်၊ အိမ်ခြံ မြေဈေးကွက် ကျဆင်းနေချိန် အတွင်း ယခု အထပ်မြင့်စီမံကိန်း များကို စစ်ဆေးမည်ဆိုသည့် ဂယက်မှာ အိမ်ဈေးထပ်မံကျဆင်းရန် တွန်းအားပေးစေနိုင်သည့် အချက်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြော သည်။
‘‘ဈေးမကျဘဲ ကြိုပွိုင့်တိုက် ခန်းတွေဘက်မှာ အရောင်းအဝယ်ရပ်နေတာတွေလည်း ရှိတယ်။ ကွန်ဒိုတွေကတော့ အခြေအနေ အတော်ဆိုးတယ်။ ဝယ်မယ့်သူကို မရှိသလောက်ဖြစ်လာပြီ’’ဟု ၎င်း ကသုံးသပ်ပြောကြားသည်။
အထပ်မြင့်အဆောက်အအုံ များကို စစ်ဆေးစဉ် စည်းကမ်း နှင့်မညီဘဲ ပြန်လည်ပြုပြင်ရခြင်း၊ ဒီဇိုင်းပြန်ဆွဲရခြင်းများ ရှိမည်ဆိုပါက မူလကသတ်မှတ်ထားသည့် အခန်းအကျယ်အဝန်း ပြောင်းလဲ နိုင်သဖြင့် မူလကသတ်မှတ်ထား သည့် ရောင်းဈေးကို အခန်းတန်ဖိုး ပေါ်မူတည်ကာ ပြောင်းလဲပေးရ မည်ဖြစ်ကြောင်း ဓနမြေဆောက် လုပ်ရေးလုပ်ငန်းရှင် ဦးဝင်းလှိုင် က ဆိုသည်။
အချို့အဆောက်အအုံများ မှာ အပေါ်ဆုံးထပ်ကို လျှော့ရမည်၊ ပိုနေသောအထပ်ကို လှီးရမည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်နေသောကြောင့် ယခု အချိန်တွင် ကြိုပွိုင့်အခန်းများ ရောင်းချခြင်းကို ရပ်ဆိုင်းထား သင့်ကြောင်း ၎င်းကအကြံပြုသည်။
ထို့အပြင် ယခုကဲ့သို့အထပ် မြင့် အဆောက်အအုံအပေါ် စီမံ ချက်ဖြင့် ပြန်လည်စစ်ဆေးပြီးပါ က စည်းကမ်းနှင့် မညီညွတ်သည့် အထပ်မြင့်အဆောက်အအုံများ ထပ်မံပေါ်ထွက်လာနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့က ခန့်မှန်းပြောကြားကြသည်။
စီမံကိန်းကြီးများ ရပ်ဆိုင်းခံ ထားရပြီး ယခုကဲ့သို့ အိမ်ခြံမြေ ဈေးကွက်အေးစက်နေချိန်တွင် ပင် ရန်ကုန်မြို့ရှိ မြို့လယ်မြို့နယ်များရှိ ကန်ထရိုက်တိုက်ခန်းတစ် ခန်းလျှင် လမ်းသွယ်နှင့် လမ်းမ ဘေးတည်နေရာပေါ်မူတည်ကာ ကျပ်သိန်း ၃၀၀ မှ သိန်း၁,၀၀၀ကျော်အထိ ပေါက်ဈေးရှိပြီး ကွန် ဒိုတိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းမှာ လည်း တစ်ပေပတ်လည်လျှင် ကျပ် သုံးသိန်းခွဲမှ ငါးသိန်းအထိ ဖြစ်ပေါ်လျက်ရှိသည်။
ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဆောက်လုပ်ရေးအလုပ်သမား များကို အလုပ်ရပ်နားထားရခြင်းသည် အခြေအနေအဆိုးဆုံးဖြစ် ပြီး အချိန်ကြာလာသည်နှင့်အမျှ မြေရှင်၊ အခန်းရှင်များကို တည်ဆောက်သူက အခန်းကို မည်သည့်ကာလတွင် အပြီးသတ်တည် ဆောက်နိုင်မည်ဆိုသည့် စာချုပ် ပါအချက်အလက် သဘောတူညီ ချက်များလည်း ပျက်ပြယ်နိုင်မည့် သဘောရှိကြောင်း New Genera -tion ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းရှင်ဦးဉာဏ်သစ်လှိုင်က ပြောသည်။
‘‘သူဌေးက အလုပ်မရှိရင် ဂေါက်သွားရိုက်နေလို့ရပေမယ့် အလုပ်သမားက နောက်နေ့အလုပ်မဆင်းနိုင်ရင် စားဝတ်နေ ရေးအတွက် အခက်အခဲတွေ ရေရှည်မှာ ဖြစ်လာနိုင်တယ်’’ဟု ဦးဉာဏ်သစ်လှိုင်က ဆိုသည်။
Credit: 7Daydaily