မြန်မာနိုင်ငံသားများ ဘဏ် (Myanmar Citizens Bank)သည် ရန်ကုန်စတော့အိတ် ချိန်း၌ တတိယမြောက် အစုရှယ်ယာများ ရောင်းချမည့်ကုမ္ပဏီအဖြစ် ဇူလိုင်တွင် စတင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် အဆိုပါဘဏ် သည် FMI နှင့် သီလဝါ MTSH ကုမ္ပဏီပြီးနောက် ရန်ကုန်စတော့ အိတ်ချိန်းသို့ တတိယမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာမည် ဖြစ်သည်။
တတိယမြောက် ရောင်းချ မည့် မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank)သည် မူလက ၎င်းတို့သီးသန့်ရောင်းချထားသည့် ရှယ်ယာများထက် ရှယ်ယာအသစ်များကို ထုတ်ရောင်းသွားရန် စီစဉ်ထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဘဏ်၏ ရှယ်ယာ အဖွင့်ဈေးကိုမူ ရှယ်ယာများ စတင်ရောင်းချမည့်ရက် မတိုင်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရ သည်။
လက်ရှိ ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလဝါကုမ္ပဏီ သည် အစုရှယ်ယာတစ်စုလျှင် ၅၅,၀၀၀ကျပ်၊ FMI ကုမ္ပဏီသည် ၂၆,၀၀၀ ကျပ်ဖြင့် ဈေးအနည်း ငယ်ကျဆင်းလျက်ရှိပြီး အရောင်း အဝယ်ပြုလုပ်သူများလည်း နည်း ပါးနေကာ ဈေးကွက်အေးနေ ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဘဏ် သည် ရှယ်ယာများကို ဇူလိုင်တွင် စတင်ရောင်းချပါက မူလက ရောင်းချနေသည့် သီလဝါနှင့် FMI ကုမ္ပဏီတို့၏ ရှယ်ယာဈေး နှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း ရှယ်ယာဝယ်ယူထားသူအချို့က ခန့်မှန်းပြောဆိုသည်။
တတိယမြောက် ဝင်ရောက် ရောင်းချမည့် မြန်မာနိုင်ငံသား များဘဏ် (Myanmar Citizens Bank)ဘဏ်သည် ၁၉၉၆ တွင် ရှယ်ယာများ စတင်ရောင်းချခဲ့ သည်။ ယခုအချိန်တွင် ဘဏ်ခွဲ ပေါင်း ၁၉ ခုဖွင့်လှစ်နိုင်ခဲ့ပြီး မတည်ရင်းနှီးငွေကျပ် ၅၃ ဘီလီ ယံရှိကြောင်း အဆိုပါဘဏ်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ကုမ္ပဏီခုနစ်ခုကို ရောင်းချခွင့်ပြုထားပြီး လအလိုက်ကုမ္ပဏီတစ်ခုချင်းစီအား ရောင်း ချခွင့်ပြုလျက်ရှိသည်။
ပြည်တွင်း၌ စတော့အိတ် ချိန်းသို့ ဝင်ရောက်ရန်ရည်ရွယ်ပြီး တည်ထောင်ထားသည့် အများ ပိုင်ကုမ္ပဏီ ၂၅၀ ကျော်ရှိကာ အဆိုပါ ကုမ္ပဏီများအားလုံးကို စတော့အိတ်ချိန်းသို့ ဝင်ရောက် ခွင့်ပြုမည်မဟုတ်ဘဲ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က သတ်မှတ်ထားသည့် စံနှုန်းများပြည့်မီမှသာ ဝင်ရောက် လုပ်ကိုင်ခွင့်ရရှိမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချမည့် ကုမ္ပ ဏီများသည် အများပိုင်ကုမ္ပဏီ ဖြစ်ရန်လိုပြီး ၂နှစ်ဆက်တိုက်အမြတ်ငွေရရှိရန် လိုအပ်ကြောင်းယင်းကော်မရှင်၏ စံနှုန်းသတ် မှတ်ချက်၌ ပါရှိသည်။
Credit: 7Daydaily