တရုတ်အာမခံ ကုမ္ပဏီအန်ဘန်သည် အမေရိကန် ဟိုတယ်အုပ်စု စတားဝုဒ်ကို ၀ယ်ယူရန် လက်လျှော့လိုက်ပြီး နောက်ပိုင်းယခုအခါ ကနေဒါ၏ အကြီးမားဆုံးဟိုတယ် အုပ်စုဖြစ်သောအင်းဗက်စ်အား ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖြင့် လျှို့ ဝှက်ဝယ်ယူရန် သတင်းများထွက်ပေါ် လျက်ရှိကြောင်းရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။ ဝေါစထရိနှင့် ဘလွန်းဘာ့ဂ်ျသတင်းများ အရလည်းအင်းဗက်စ်သည် အင်ဘန်ကုမ္ပဏီနှင့် ကြီးမားသည့် ဆက်နွှယ်မှုများရှိခဲ့ကြောင်းဖော်ပြသည်။
အန်ဘန်ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကမူအင်းဗက်စ်ကို ၀ယ်ယူရန်ကမ်းလှမ်းမှုများတွင် ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ အန်ဘန်သည် အမေရိကန်စတားဝုဒ်ကို မ၀ယ်ယူဖြစ်ခဲ့ခြင်းအပေါ် တရုတ်အာဏာပိုင် တို့ကစုံစမ်းစစ်ဆေးခြင်းခံနေရ လျက်ရှိသောကုမ္ပဏီလည်း ဖြစ်သည်။ အဆိုပါသတင်းကို iMyanmarHouse တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/476506 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
တရုတ်အစိုးရသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုကန့်သတ်ထားရာအန်ဘန်ကုမ္ပဏီက စတားဝုဒ်ကို ကန်ဒေါ်လာ ၁၄ ဘီလီယံဖြင့် ၀ယ်ယူရန် စီစဉ်ခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးခြင်းလည်း ဖြစ်တန်ရာချေရှိသည်။
ကနေဒါ အင်းဗက်စ်ဟိုတယ် အုပ်စုတွင် ဟိုတယ်ပေါင်း ၁၀၉ လုံးခန့် ပိုင်ဆိုင်ထားပြီးအခန်းပေါင်း ၁၄၅၀၀ ပါဝင်သည်။
အင်းဗက်စ်ကိုဘလူးစကိုင်း Hotels & Resorts Inc. ကလည်း ၀ယ်ယူရန် ကမ်းလှမ်းထားပြီးရှယ်ယာတစ်ခုလျှင် ကနေဒါဒေါ်လာ ၇ ဒသမ ၂၅ ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)