သည်ရက်ပိုင်းမှာ ဈေးကျနေတဲ့ ရွှေဈေးက ဆက်ကျနိုင်ခြေရှိပြီး ငွေဈေးအခြေအနေနဲ့ ဈေးကွက်ပေါ်မှုတည်နေတာကြောင့် ဈေးကွက်ပြန်အဖွင့်ကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရွှေဈေးရုတ်တရက်ဈေးမငြိမ်ဘဲ ထိုးဆင်းသွားရတာက အမေရိကန် ဗဟိုဘဏ်အတိုးနှုန်း နောက်လအတွင်း တိုးနိုင်ခြေ ရှိတဲ့ သတင်းကြောင့် ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူ တချို့က ပြောပါတယ်။
ဒေါ်လာဈေးကလဲ သည်ရက်ပိုင်းမှာဈေးပြန်တက်လာပြီး ဈေးမတည်ငြိမ်သလို ကမ္ဘာ့ရွှေဈေးက သိသိသာသာ ထိုးဆင်းလာတြာ့ဖစ်တယ် ။ ကမ္ဘာ့ရွှေဈေးကျနေပေမဲ့ ဒေါ်လာဈေးပြန်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးကျတဲ့ နှုန်းလောက်မကျနိုင်သေးဘူးလို့ သိရပါတယ် ။
ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်အထိ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁၂၈၀ ကျော်လောက်အထိရှိခဲ့ပေမဲ့ သည်ရက်ပိုင်းတွေမှာ ဈေးပြန်ကျခဲ့တာ ၁၂၁၃ ဒေါ်လာအထိ ဈေးကျနေတာဖြစ်ပါတယ်။
ပြည်တွင်း ရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၇၉၅,၀၀၀ ကျော်ကနေ ကျပ် ၇၇၅,၀၀၀ ဝန်းကျင်အထိ ဈေးကျနေပါတယ်။
ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ‘ဒီရက်ပိုင်း ရွှေဈေးတွေက မငြိမ်တာ ၊ တစ်ရက်တည်းနဲ့ကို ဈေးတွေက ပြောင်းနေတုန်း ၊ ဈေးကွက်ကျွမ်းကျင်းသူတစ်ဦးက ‘ဒီရက်ပိုင်း ရွှေဈေးတွေက အငြိမ်တာ ၊ တစ်ရက်တည်းနဲ့ကို ဈေးက အမျိုးမျိုးပြောင်းနေတာ ၊ ညပိုင်းအထိကို ဈေးတွေက ပြောင်းနေတုန်း ၊ ဈေးကွက်ကတော့ ခန့်မှန်းရခက်တယ် ၊ အတိုးနှုန်းက တက်မယ့်အလားအလာရှိနေတော့ မသေချာဘူး’ လို့ဈေးကွက်အခြေအနေကို ရှင်းပြပါတယ်။
ပြည်တွင်း ရွှေဈေးက သည်နေ့မှာ မနေ့ကထက် ကျပ် ၅၀၀၀ ဝန်းကျင် ဈေးကျနေပြီး တစ်ကျပ်သားကို ကျပ် ၇၇၅,၀၀၀ ရှိပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၂၁၃ ဒေါ်လာရှိကြောင်း ဈေးကွက်အတွင်းက သိရပါတယ်။
Credit: The Kumudra