ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 May 2016 12:02 pm တွင် တင်ခဲ့သည်
1216 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အဆိုတော် Prince ပိုင်ဆိုင်ခဲ့ဖူးသောနေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပရင့်စ်သည် ဂန္ထ၀င်ဂီတသူရဲကောင်း တစ်ဦးဖြစ် သည့်နည်းတူယခုနေအိမ်မှာလည်း ဂန္ထ၀င်မြောက်မှုများ အများအပြားရှိနေသည်။

ပရင့်စ်၏ အမည်ရင်းမှာပရင့်စ်ရောဂျာနယ်လ်ဆင်ဖြစ်ပြီး အမေရိကန် အဆိုတော်၊ တေးရေး၊ ဂီတပညာ ရှင်၊ တေးထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။

ပရင့်စ်ကို ၁၉၅၈ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် မွေးဖွားပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်သည်။
ပရင့်စ်၏ ထူးခြားချက်မှာစင်မြင့်ဖျော်ဖြေပွဲများတွင် ၀တ်စားဆင်ယင်ပုံ၊ မိတ်ကပ်နှင့် vocal range ကျယ်ပြန့်မှုပင် ဖြစ်သည်။ ဂီတအမျိုးအစားစုံဖန်တီး ခဲ့ရာ funk၊ rock ၊ R&B ၊ new wave ၊ soul ၊ psychedelia ၊ popဂီတအမျိုးအစားများ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် တေးသီချင်းအယ်လ်ဘမ်ပေါင်းသန်း ၁၀၀ ကျော် ရောင်းချခဲ့ရပြီးဖြစ်ရာသမိုင်းတစ်လျှောက် အရောင်းရဆုံးအဆိုရှင်တစ်ဦးလည်း ဖြစ်သည်။

ဂရမ်မီဆု ၇ ဆု၊ ရွှေကမ္ဘာလုံးဆု ၁ ဆု၊ Purple Rain ရုပ်ရှင်ဇာတ်ကားတွင် အကောင်းဆုံးဇာတ်ဝင်တေးဆုများ ရရှိခဲ့သည်။ ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးက “ရော့ခ်အင်ရိုးခေတ် သြဇာလွှမ်းမိုးမှုအရှိဆုံးအနုပညာရှင် ၁၀၀” စာရင်းတွင် ပရင့်စ်ကိုနံပါတ် ၂၇ နေရာတွင် ဖော်ပြခဲ့သည်။

ပရင့်စ်သည် ရုပ်ရှင်ကား ၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ Purple Rain (1984) ၊ Under the Cherry Moon (1986) ၊ Sign o' the Times Himself (1987) ၊ Graffiti Bridge (1990) ဇာတ်ကားများ ဖြစ်သည်။
ပရင့်စ်၏ ဘ၀တစ်လျှောက် ကမ္ဘာကျော်အမျိုးသမီးများနှင့် အချစ်ရေးဆက်နွှယ်မှုများရှိခဲ့ရာကင်မ်ဘေ့စ်ဆင်ဂါ၊ မက်ဒေါနား၊ ဗဲနတီ၊ ကာမန်အီလက်ထရာ၊ ဆူဆန်နာဟော့ဖ်၊ အင်နာဖန်တက်စ်တစ်၊ ရှယ်ရီလင်းဖန်းတို့ အပါအ၀င် ဖြစ်သည်။
ပရင့်စ်၏ ယခုရောင်းချမည့်နေအိမ်သည် စပိန်နိုင်ငံတွင် တည်ရှိကာEl Paraíso ဟုအမည်ပေးထားပြီး စပိန်ဘာသာအရ “နိဗ္ဗာန်ဘုံ”ဟုအဓိပ္ပာယ်ရသည်။

မာလာဂါနှင့် ဂျီဘရော်လ်တာလေဆိပ်များမှ ၄၅ မိနစ်ခရီးသာ ကွာဝေးသည်။ ပရင့်စ်သည် ယင်းနေအိမ် ကို ၁၉၉၈ ခုနှစ်တွင် ၀ယ်ယူခဲ့ပြီးဇနီးဖြစ်သူမေတီဂါစီယာအတွက် မင်္ဂလာဦးလက်ဆောင်အဖြစ် ၀ယ်ယူပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ပရင့်စ်သည် အဆိုပါနေအိမ် ကို ပြန်လည်ရောင်း ထုတ်ခဲ့သည်။
ပိုင်ရှင်သစ်များက ၂၀၁၄ ခုနှစ်ကပင် အရောင်းဈေးကွက်သို့ တင်ခဲ့ရာယနေ့အထိရောင်းမထွက်သေးချေ။
နေအိမ်အကျယ်အ၀န်းမှာ ၇၅၃၄ စတုရန်းပေဖြစ်ပြီးအိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး ခြံဝန်းမှာ ၁ ဒသမ ၄၅ ဧက ကျယ်ဝန်းသည်။

ခေါ်ဈေးမှာကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြစ်ပြီးနေအိမ်ပိုင်ရှင်မှာအလျင်စလိုရောင်းချရန်မရှိသဖြင့် ဈေးနှုန်းညှိနှိုင်း၍ မရနိုင်ချေ။ အမှန်စင်စစ် ပရင့်စ်ပိုင်ဆိုင်နေ ထိုင်ခဲ့ဖူးသည်ဟူသောအချက်ဖြင့် ယခုပေါက်ဈေးထက်ပင် ပိုမိုဈေးခေါ်နိုင်သောနေ အိမ်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အဆိုတော် Prince ၏ နေအိမ် ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service