ကျူးကျော်တဲများ ထပ်မဆောက်ရန် ညွှန်ကြားသော်လည်း လှိုင်သာယာတွင် ကျူးကျော်အိမ်များ ဆောက်လုပ်လျက်ရှိ

ကျူးကျော်တဲများ ထပ်မဆောက်ရန် ညွှန်ကြားသော်လည်း လှိုင်သာယာတွင် ကျူးကျော်အိမ်များ ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 May 2016 11:14 am တွင် တင်ခဲ့သည်
2830 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ကျူးကျော်တဲအသစ်များ ထပ်မံတိုးချဲ့ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း သတင်းထုတ်ပြန်ပြီးနောက်တွင် လှိုင်သာယာမြို့နယ်၌ ကျူးကျော်တဲအသစ်များ ထပ်မံတိုးချဲ့တည်ဆောက်လျက်ရှိရာ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ကျူးကျော်တဲအသစ်များ မေ ၂၈ ရက်က ဆောက်လုပ်နေကြသည်ကို တွေ့ရပြီး တားမြစ် အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် ကျူးကျော်တဲများ ထပ်မံ တိုးချဲ့မှုများလာပါက ဒုစရိုက်မှုနှင့်လူမှုရေး ပြဿသာနာများတိုး၍ ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး နံဘေးဖြစ်သော ဗိုလ်အောင်ကျော် လမ်းမကြီး အောက်ထိပ်အနီး ဓာတ်ဆီဆိုင် ကားလမ်းတစ်ဖက်ရှိ လမ်းဘေးတွင် ထိုလမ်းမအနီး၌ တိုးချဲ့ကွက်သစ်မှ အိမ်ထောင်စုအချို့မှာ မေ ၂၈ ရက်က ကျူးကျော်တဲများ ထပ်မံဆောက်လုပ်၍ ငှားရမ်းနေသည့်အပြင် ဗိုလ်အောင်ကျော်အိမ်ရာတံတားရှေ့ရှိ ဝါးဆိုင်အနောက် ဘက် ရေမြောင်း နံဘေးတွင်လည်း ကျူးကျော်တဲများဆောက်၍ငှားရမ်းခြင်း၊ တစ်ဆင့်ရောင်း ချခြင်း ပြုလုပ်လျက်ရှိကာ ရန်ကုန်-ပုသိမ် ကားလမ်းမကြီး၏ အဆင့်မြင့် မှတ်တိုင်အနီးတွင်လည်း မေ ၂၇ ရက်က ကျူးကျော်တဲသစ်များ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းတွင် လှိုင်သာယာ၌ ကျူးကျော်တဲများ ရပ်ကွက်၊ ကျေးရွာနှင့် စက်မှုဇုန်တို့တွင် သိသာစွာတိုးလာလျက်ရှိ၍ ဒေသအာဏာပိုင်မှ တိုင်ကြားမှုရှိသော ကျူးကျော်တဲများကိုသာ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး တစ်တဲကျူးလျှင် တစ်တဲရှင်းလင်းမှု မလုပ်ဆောင် နိုင်ခဲ့သည့်အတွက် ၁၅ နှစ်အတွင်း ရန်ကုန်မြို့သာမက မြန်မာပြည်တွင် လှိုင်သာယာ မြို့နယ်သည် ကျူးကျော်တဲဆောက်လုပ်နေထိုင်မှု အများဆုံးနှင့် ဒုစရိုက်မှုအများဆုံးဖြစ်ပွားရာ မြို့နယ်တစ်ခုအဖြစ် ရှိနေကြောင်း သိရပြီး ကျူးကျော်တဲများကို အိမ်ရာများချပေးမည်ဟူသော သတင်းကြောင့် ရပ်ကွက်အတွင်း နေထိုင်သူ အချို့ကလည်း အဆောင်တွင် မနေထိုင်တော့ဘဲ လမ်းဘေးနှင့် မင်းကြီးမဟာမင်းခေါင်လမ်းရှိ ရေမြောင်း အတွင်း၌ ကျူးကျော်တဲ အသစ်များ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service