အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ကိုင်နေသူအများစု လုပ်ငန်းလိုင်စင်မရှိ၍ တရားဝင်လုပ်ကိုင်သော အကျိုးဆောင်များ နစ်နာဟုဆို

အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ကိုင်နေသူအများစု လုပ်ငန်းလိုင်စင်မရှိ၍ တရားဝင်လုပ်ကိုင်သော အကျိုးဆောင်များ နစ်နာဟုဆို - Property News in Myanmar from iMyanmarHouse.com
31 May 2016 11:10 am တွင် တင်ခဲ့သည်
1146 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ တိုက်ခန်း ၀န်ဆောင်မှုလုပ်ကိုင်နေသူ အများစုတွင် လုပ်ငန်းလိုင်စင် မရှိသောကြောင့် အမှန်တကယ် လုပ်ကိုင်နေသည့် ၀န်ဆောင်မှု ကုမ္ပဏီကြီးများ များစွာ နစ်နာနေကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ဆိုသည်။ ‘‘အများစုက လိုင်စင်မရှိဘဲ လုပ်နေတာ။ အိမ်ခြံမြေကုမ္ပဏီ တွေထဲမှာ ၁၀ ခုလောက်ပဲ လိုင် စင်တွေ ရှိမယ်ထင်တယ်’’ဟု ဦး စိုင်းခွန်နောင်က ဆိုသည်။

အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများအနေဖြင့် လက်ရှိတွင် ကုမ္ပဏီလုပ်ငန်းလိုင်စင်ဖြင့် လုပ် ကိုင်နေခြင်းဖြစ်ပြီး တစ်နှစ်အ တွင်း အကျိုးဆောင်ခ ရရှိသည့် အပေါ် မူတည်ကာ အစိုးရအား ၀န်ဆောင်မှုအခွန်ပေးဆောင်နေ ကြောင်း အကျိုးဆောင်လုပ်ငန်း ရှင်ကြီးများက ဆိုသည်။ ‘‘ပွဲဖြစ်တဲ့အပေါ် မူတည်ပြီး တစ်နှစ် တစ်နှစ်ကို အစိုးရအတွက် အခွန်က သိန်းရာချီဆောင်နေရတယ်’’ဟု အိမ်ခြံမြေအကျိုး ဆောင် လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

၂၀၁၃ မှစတင်ပြီး အိမ်ခြံ မြေလုပ်ငန်းများ အားကောင်းစဉ် ၀ယ်ရောင်းသမားအများစုက ၎င်း တို့ကိုယ်တိုင် အကျိုးဆောင်များ အဖြစ် ခံယူကာ လိုက်လံဝန် ဆောင်မှုပေးခြင်းဖြင့် အကျိုး ဆောင်အများအပြားပေါ်ပေါက် လာခြင်းဖြစ်သည်ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။ အကျိုးဆောင်လုပ်ငန်း အ များအပြား ပေါ်ပေါက်လာသော် လည်း ကုမ္ပဏီ လုပ်ငန်းလိုင်စင် ဖြင့် လုပ်ကိုင်လည်ပတ်သည့် ကုမ္ပဏီမှာ လွန်စွာရှားပါးကြောင်း ၎င်းကဆိုသည်။

‘‘ဂျပန်က အိမ်ခြံမြေကုမ္ပဏီ တွေဆို အစိုးရက အသိအမှတ်ပြု လိုင်စင်ထုတ်ပေးမှ အကျိုးဆောင် လုပ်လို့ရတယ်။ ဒီမှာက လုပ်ချင် တဲ့ သူတိုင်း ၀င်လုပ်နေကြတာ။ ဘောင်ကျော်၊ စည်းကျော်တွေ ဖြစ်နေတယ်။ သင်တန်းတွေ လည်း အားနည်းတယ်’’ ဟု ၎င်းက ပြောသည်။ ထို့ကြောင့် မြန်မာနိုင်ငံအိမ် ခြံမြေ ၀န်ဆောင်မှု အသင်းက လည်း ယခုနှစ်အတွင်း တစ်နိုင်ငံ လုံးမှ အကျိုးဆောင်များအားလုံး လုပ်ငန်းလိုင်စင် ချထားပေးရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

‘‘အိမ်ခြံမြေ ဥပဒေ ပေါ် အောင်လုပ်မယ်။ အဲဒီကမှ တစ် ဆင့် အကျိုးဆောင်တွေအားလုံး အတွက် လုပ်ငန်းလိုင်စင်ကိစ္စ တွေပါဖြစ်အောင် လုပ်ရမှာ’’ ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် အိမ်ခြံမြေနှင့် ကားလောက၌ အလွတ်တန်း ပွဲစားများကြောင့် ၎င်းတို့ထံမှ အ ခွန်ရရှိရန် ခက်ခဲပြီး အခွန် ကောက်ရန် မလွယ်ကူသောကြောင့် ဆုံး ရှုံးနေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး အခွန်ဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူးက ပြော သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service