အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာတွင် တိုင်ကြားမှုများ ရှိလာ၍ ပြန်လည်စိစစ်မှုများ ပြုလုပ်ရန် တိုင်းဒေသကြှီးအစိုးရမှာကြား

အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာတွင် တိုင်ကြားမှုများ ရှိလာ၍ ပြန်လည်စိစစ်မှုများ ပြုလုပ်ရန် တိုင်းဒေသကြှီးအစိုးရမှာကြား - Property News in Myanmar from iMyanmarHouse.com
31 May 2016 10:35 am တွင် တင်ခဲ့သည်
1012 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း ဆိတ်ငြိမ်ရပ်ကွက်များ၌ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ် လျက်ရှိသော အထပ်မြင့်အဆောက်အအုံများတွင် ပတ်ဝန်းကျင် ပြည်သူများ၏ ကန့်ကွက်တိုင်ကြားမှုများရှိလာသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပြန်လည်စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် အကြောင်းကြား မှာကြားမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လတ်တလော တင်ပြလာတဲ့ အထပ်မြင့်အဆောက်အအုံတွေနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင် မကျေနပ်တိုင်ကြားမှုတွေကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ယာ/အုံ) ကို ပြန်လည်စိစစ်တင်ပြရန် အကြောင်းကြားထားတာတွေ ရှိပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလော ရန်ကုန်မြို့တွင် ဆိတ်ငြိမ်ရပ်ကွက်များ၌ ဆောက်လုပ်လျက် ရှိသော အထပ်မြင့်အဆောက်အအုံများနှင့် ပတ်သက်၍ ဆောက်လုပ် ဆဲနှင့် ဆောက်လုပ်ခွင့်ပြုခဲ့သော အထပ်မြင့်အဆောက်အအုံများအား ပတ်ဝန်းကျင်ရှိပြည်သူ များက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှတင်ဆင့် ကန့်ကွက်စာများနှင့်အတူ ပြန်လည် စိစစ်ဆောင်ရွက်ပေးရန် တောင်းဆိုတင်ပြလျက်ရှိကြောင်း သိရသည်။

ယင်းအထပ်မြင့် အဆောက်အအုံများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် က မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက် သလ္လာဝတီလမ်း အမှတ် ၁၆(န) မြေကွက်ပေါ်၌ အထပ်မြင့် ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ပြည်သူများက မေလဆန်းပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ကန့်ကွက်စာပေးပို့ခဲ့ခြင်း ဖြစ်သော်လည်း အဆိုပါဆောက်လုပ်ခွင့်ရပိုင်ရှင်မှာ ဆက်လက်ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ပြည်သူများက မေ ၂၉ ရက် မွန်းလွဲပိုင်းက မီဒီယာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“အခုအနေအထားပြောရရင် သူတို့က ဆက်လုပ်ဆောက်လုပ်နေတယ်။ အထပ်အမြင့် ပြင်ဆင်မှုလည်းမရှိဘူး။ တိုင်းဒေသကြီးအစိုးရကလည်း သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ယာ/အုံ) ကို ပြန်လည်စိစစ်ဖို့ ညွှန်ကြားစာပေးပို့ ထားပြီးဖြစ်တယ်။ ဒါပေမယ့်လည်း ဘာမှ ထိရောက်မှုမရှိသေးဘူး” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် တိုင်တန်းစာပေးပို့ခဲ့သော ကိုရဲမင်းက မီဒီယာများအား ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံကို ပိုင်ရှင်ဒေါ်ပိုးဖြူက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ယာ/အုံ) ၏ ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ရှစ်ထပ်ခွဲအဆောက်အအုံ ဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောက်လုပ်ရာတွင် အမှန်တကယ် ပတ်ဝန်းကျင်တွင်နေထိုင်သည့် အိမ်ပိုင်ရှင်အများစု၏ သဘောဆန္ဒမယူဘဲ ပတ်ဝန်းကျင်နေ အမှန်တကယ်သုံးဦးလောက်သာ သဘောတူ လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြားလက်မှတ်ထိုး သူများမှာ အတုအယောင်များသာဖြစ်ကြောင်း၊ ထိုကြောင့် ကျန်ရှိသည့် ပတ်ဝန်းကျင် ပြည်သူများမှာ မကျေနပ်မှုဖြစ်ကာ ယခုကဲ့သို့ တရားစွဲဆိုခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြားခြင်းများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲအကြောင်းအရာများနှင့်ပတ်သက်၍ ပိုင်ရှင်ဒေါ်ပိုးဖြူအား ဆက်သွယ်မေးမြန်းရာ အဆိုပါအဆောက်အအုံ တည်ဆောက်မှုနှင့်ပတ်သက်၍ တရားဥပဒေအတိုင်းသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။


ယခုအခင်းဖြစ်ပွားလျက်ရှိသော အထပ်မြင့်အဆောက်အအုံဆောက်ရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက် သလ္လာဝတီလမ်းသည် တစ်ဖက်ပိတ်လမ်းဖြစ်ပြီး ရပ်ကွက်တည်နေရာမှာလည်း ရန်ကုန်မြို့တွင် ဆိတ်ငြိမ်ရပ်ကွက်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ယင်းအထပ်မြင့် အဆောက်အအုံပြီးစီးလျှင် ယခုလက်ရှိ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည့် ယာဉ်ကြော ကျပ်တည်းမှုလည်း ပိုမိုဖြစ်ပေါ်လာနိုင်ပြီး လျှပ်စစ်နှင့် အမှိုက်ကိစ္စများမှအဆုံး အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့လာနိုင် ကြောင်း ပတ်ဝန်းကျင်ရှိ ပြည်သူများကအဆိုပါ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service