သီရိလင်္ကာနိုင်ငံ၏ မြို့ တော် ကိုလံဘိုနှင့် အနီးဝန်းကျင်တွင် ကန်ဒေါ်လာ ၁၇ ဘီလီယံခန့်သုံးစွဲကာ မြို့ သစ်များတည်ဆောက်မည့် မြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ရပ်အတွက် သီရိလင်္ကာနှင့် တောင်ကိုရီးယားအစိုးရတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်းဆိုးလ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တောင်ကိုရီးယားမြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးကန်ဟိုအင်က သီရိလင်္ကာဝန်ကြီးချန်ပီကာ ရာနာဝါကာနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီးအဆိုပါစီမံကိန်းတွင် ပါဝင်မည့်ကိုရီးယားကုမ္ပဏီများ ကိုတောင်ကိုရီးယားအစိုးရကအကူအညီများပေးအပ်သွားမည် ဖြစ်သည်။
မြို့ သစ်တည်ဆောက်မှု စီမံကိန်းတွင် စမတ်မြို့ တော်တည်ဆောက်ခြင်း၊ အဆင့်မြင့်သယ်ယူပို့ဆောင်ရေးစနစ်များ (ITS)၊စမတ် ရေစီမံခန့်ခွဲမှု အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။
သီရိလင်္ကာမြို့ တော်ကိုလံဘိုနှင့် အခြားမြို့ ကြီးများတွင် လူဦးရေသိပ်သည်းမှုပြဿနာကိုဖြေရှင်းရန်အတွက် သီရိလင်္ကာအစိုးရက၂၀၃၀ ခုနှစ်တွင် မြို့ သစ်ပေါင်း ၉ ခုအပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။
ယခုဆောက်လုပ်မည့် မြို့ သစ်အသီးသီးသည် လုပ်ငန်းကဏ္ဍတစ်ခုကိုဦးတည်မည်ဖြစ်ပြီးဥပမာအားဖြင့် သိပ္ပံနှင့်နည်းပညာမြို့ ၊ ခရီးသွားမြို့ ၊ လေဆိပ်နှင့် ထောက်ပို့ကဏ္ဍမြို့ အစရှိသဖြင့် ဖြစ်ကြသည်။
သီရိလင်္ကာတွင် အသစ်တည်ဆောက်မည့် မြို့ သစ် ၉ မြို့ အနက် တောင်ကိုရီးယားအစိုးရအကောင်အထည်ဖော်သွားမည်မှာသိပ္ပံနှင့်နည်းပညာမြို့ နှင့် လေဆိပ်နှင့်ဆက်စပ် စက်မှု မြို့တော် ဟူသည့် မြို့ နှစ်မြို့ ကိုတည်ဆောက် သွားမည် ဖြစ်သည်။
သိပ္ပံနှင့်နည်းပညာမြို့ သစ်ကိုကိုလံဘိုမြို့ တော်၏ တောင်ဘက်၊ စတုရန်းကီလိုမီတာ ၅၀ အကျယ်အ၀န်းရှိ မြေနေရာပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီးကန်ဒေါ်လာသန်း ၅၃၀ ကျခံသုံးစွဲသွား ရန် မျှော်မှန်းထားသည်။
လေဆိပ်နှင့်ဆက်စပ်စက်မှုမြို့ တော်မှာမူလေဆိပ် တစ်ခုအနီးရှိစတုရန်းကီလိုမီတာ ၁၇၀ အကျယ်အ၀န်းရှိ မြေနေရာပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီ်း ကန်ဒေါ်လာ ၁၆ ဒသမ ၄၇ သန်းကုန်ကျဖွယ်ရာရှိသည်။
တောင်ကိုရီးယားကုမ္ပဏီများကမူယင်းစီမံကိန်းတွင် ပါဝင်ရန် နှုတ်ဆိတ်နေကြပြီးအကြောင်းရင်းမှာအမြတ်အစွန်းရရန် ခက်ခဲသောကြောင့်ဖြစ်သည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)