ကူဝိတ်နိုင်ငံတွင် အယ်လ်မစ်ထလာအမည်ရှိ မြို့ သစ်စီမံကိန်း ဆောက်လုပ်ရန်အတွက် လာမည့် ရက်သတ္တပတ် နှစ်ခုအတွင်းအီတလီ ကုမ္ပဏီဆလီနီအင်ပရီဂျီလို၊ တူရကီကုမ္ပဏီလီမက်ခ်တို့နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း ကူဝိတ်အစိုးရ ထိပ်တန်းအရာရှိတစ်ဦး ကထုတ်ဖော်ပြောကြားသည် ဟုအရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ကူဝိတ်တွင် မြို့ သစ်ပေါင်း ၅ ခုဆောက်လုပ်ရန် စီစဉ်ထားရာကန်ဒေါ်လာတစ်ဘီလီယံတန်ကြေးရှိ အယ်လ်မစ်ထလာ မြို့  မှာပထမဆုံး အကောင်အထည်ဖော်မည့် မြို့ ဖြစ်သည်။ အယ်လ်မစ်ထလာမြို့ သစ်စီမံကိန်းတွင် လမ်း၊ တံတားနှင့် အခြားအခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ကူဝိတ်အစိုးရ၏ ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ကူဝိတ်အိုးအိမ်ရေးရာ အာဏာပိုင်အဖွဲ့မှ စီမံကိန်းဒါရိုက်တာ နာဆာခရိုင်ဘတ် ကပြောကြားသည်။
အယ်လ်မစ်ထလာ မြို့ သစ်ကြီးပြီးစီးပါ ကလူပေါင်း ၄၀၀၀၀၀ ခန့်အတွက် နေအိမ်များချထားပေးနိုင်မည် ဟုမျှော်မှန်းထားသည်။ ကူဝိတ်သည် တစ်ဦးချင်းဝင်ငွေအရ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံများတွင် အပါအ၀င်ဖြစ်သော်လည်း ကူဝိတ်လူငယ်တို့အတွက် အစိုးရဘဏ္ဍာငွေဖြင့် ဆောက်လုပ်ပေးသောအိမ်ရာစီမံကိန်း များနည်းပါးလျက်ရှိရာ ကူဝိတ်လူငယ်တို့မှာ နေအိမ်အတွက် စာရင်းပေးသွင်းကာ ကာလကြာရှည်စွာ စောင့်ဆိုင်း ရလျက်ရှိကြသည်။ ယင်းမြို့ အတွက် အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကုန်ကျဖွယ်ရာရှိသည်။
အခြားမြို့ သစ်တစ်မြို့ ဖြစ်သောတောင်ပိုင်း ဆာအစ်အဗ္ဗဒူလာမြို့ စီမံကိန်း အတွက်လည်း ဒီဇိုင်းရေးဆွဲလျက်ရှိပြီး အဆိုပါ မြို့ ကိုစတုရန်းကီလိုမီတာ ၆၀ အကျယ်အ၀န်းရှိ မြေနေရာပေါ် တွင် ဆောက်လုပ် သွားမည်ဖြစ်သည်။ တောင်ပိုင်းဆာအစ်အဗ္ဗဒူလာမြို့ စီမံကိန်းကိုတောင်ကိုရီးယား အစိုးရနှင့် ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီးကန်ဒေါ်လာ ၁၀ ဘီလီယံမှ ၁၅ ဘီလီယံအကြားကုန်ကျမည်ဟုမျှော်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)