ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင် ဘရွတ်ရှီး၏ လော့စ်အိန်ဂျလိနေအိမ်ကိုတစ်လလျှင် ကန်ဒေါ်လာ ၃၅၀၀၀ ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။ ဘရွတ်ရှီး၏ နာမည်အပြည့်အစုံမှာ ဘရွတ်ခရစ်စ်တာရှီးဖြစ်ပြီး ၁၉၆၅ ခုနှစ်၊ မေလ ၃၁ ရက်တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် ကလေးသရုပ်ဆောင် အဖြစ်ဖြင့် အနုပညာလောကသို့ ခြေချခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အခြေအတင်ဝေဖန်ငြင်းခုံမှု များ မြင့်တက်ခဲ့သော Pretty Baby (1978) ဇာတ်ကားတွင် နယူးအော်လင်းရှိကလေးပြည့်တန်ဆာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ယင်းဇာတ်ကားအတွင်း ညစ်ညမ်းဇာတ်ဝင်ခန်းများစွာ ပါဝင်ခဲ့ပြီးထိုအချိန်ကဘရွတ်ရှီးမှာ ၁၂ နှစ်သမီးအရွယ်သာရှိသေးသည်။
အဆိုပါဇာတ်ကား ဖြန့်ချိပြီးနောက်ပိုင်း ကလေးသူငယ်များကို ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံများရိုက်ကူးခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်မှုများ အလွန်ပြင်းထန်ခဲ့သည်။
ယင်းဇာတ်ဝင်ခန်းများကြောင့် ဘရွတ်ရှီးမှာတဟုန်ထိုး နာမည်ကျော်ကြားလာခဲ့ပြီး ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဒရာမာဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ပါဝင်သရုပ်ဆောင်ခဲ့သော Endless Love ဇာတ်ကားမှာလည်း အမေရိကန်ရုပ်ရှင် အစည်းအရုံးကအသက် ၁၇ နှစ်အောက်လူငယ်များ မကြည့်သင့်သောX rating ရုပ်ရှင်အဖြစ် သတ်မှတ်ခဲသည်။
ထို့ကြောင့် အဆိုပါရုပ်ရှင်ကို ပြန်လည်တည်းဖြတ်ခဲ့ပြီး မိဘစောင့်ကြပ်မှုဖြင့် ကြည့်ရှုနိုင်သော R rating အဆင့်ရရှိရန် ကြိုးပမ်းခဲ့ရသည်။
၁၉၈၃ ခုနှစ်တွင်မူပရင်စတန်တက္ကသိုလ်တွင် ပညာသင်ယူရန်အတွက် အနုပညာလောကကိုခေတ္တကျောခိုင်းခဲ့ပြီး ပြင်သစ်စာ အဓိကဖြင့် ကျောင်းပြီးခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဇွန်လအတွင်း Health magazine ၏ ဖော်ပြချက်တစ်ရပ်၌ ဘရွတ်ရှီးသည် အသက် ၂၂ နှစ်အရွယ်တွင် ရုပ်ရှင်သရုပ်ဆောင် ဒင်းကိန်းနှင့် ပရင့်စတန်တွင် ချိန်းဆိုတွေ့ဆုံကြစဉ် အပျိုဘ၀ ဆုံးရှုံးခဲ့ကြောင်းဖော်ပြခဲ့သည်။ ဘရွတ်ရှီးသည် ပေါ့ပ်ဂီတဘုရင်ကြီးမိုက်ကယ်ဂျက်ဆင်နှင့် အချစ်ရေးဆက်နွှယ်မှုများ ရှိခဲ့ကြောင်းသတင်းများစွာ ထွက်ပေါ်ဖူးသည်။
ဘရွတ်ရှီးကိုယ်တိုင်၏ ပြန်လည်ပြောပြချက်အရအသက် ၁၃ နှစ်သမီးအရွယ်ကပင် မိုက်ကယ်ဂျက်ဆင်နှင့် တွေ့ဆုံခင်မင် ရင်းနှီးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးတွေ့ဆုံပြီဆိုလျှင် ကလေးငယ်များ အလားများစွာပျော်ရွှင်ကြည်နူး နေလေ့ရှိကြောင်းပြောကြားသည်။ အဲလစ်ဇဘက်တေလာ၏ မင်္ဂလာဆောင်တစ်ခုတွင် မိုက်ကယ်ဂျက်ဆင်သည် ၎င်းကို dating လုပ်ခဲ့ကြောင်း၊ ထို့နောက် နှစ်ယောက်အတူအဲလစ်ဇဘက်တေလာ၏ အခန်းကိုချောင်းကြည့် ကြရာတေလာအိပ်ပျော်နေသည် ကိုသာတွေ့ရကြောင်းလည်း ဘရွတ်ရှီးကထုတ်ဖော်ပြော ကြားသည်။
မိုက်ကယ်ဂျက်ဆင်က အော်ပရာဝင်းဖရေးနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ရာတွင် ဘရွတ်ရှီးကိုအဆိုပါ မင်္ဂဆောင်တွင် dating လုပ်ခဲ့ကြောင်း ၀န်ခံသည်။ မိုက်ကယ်ဂျက်ဆင် ကအကြိမ်ပေါင်းများစွာ လက်ထပ်ခွင့်တောင်းခံခဲ့ပြီး ကလေးတစ်ဦးကို အတူ မွေးစားကြရန်လည်းပြောခဲ့သည် ဟုဘရွတ်ရှီးကပြောကြားသည်။
ဘရွတ်ရှီးငှားရမ်းမည့် ယခုနေအိမ်အနီးနေထိုင်သည့် အိမ်နီးချင်းများမှာဂျနီဖာဂါနာနှင့် ဘင်အက်ဖလက် တို့ဖြစ်ကြပြီးအဆိုပါဇနီးမောင်နှံသည် ကွာရှင်းပြတ်စဲရန် စီစဉ်လျက်ရှိသော်လည်း အတူဆက်လက်နေထိုင်လျက် ရှိကာယခင်နှစ်အတွင်း ယခုငှားရမ်းမည့် ဘရွတ်ရှီး၏ နေအိမ်ကိုငှားခဲ့ဖူးသည် ဟုဆိုသည်။
ဘရွတ်ရှီးသည် သူမဘ၀၏ အချိန်ကာလအများစု ကိုယခုနေအိမ်တွင် ဖြတ်သန်းခဲ့သည်။
မိသားစုတစ်စုအတွက်ဆိုလျှင် နေအိမ်မှာ များစွာကျယ်ကျယ်ဝန်းဝန်းရှိသည်။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်ပြီး ရုပ်မြင်သံကြားကြည့်သည့်အခန်းတစ်ခန်းလည်း ပါဝင်သည်။
ရေချိုးခန်းအတွင်းမျက်နှာပြင်ကြီးမားသော ရုပ်မြင်သံကြားစက်၊ ရေစိမ်ကန်နှင့် မီးလင်းဖိုတို့ပင် ပါဝင်လျက်ရှိသည်။
နေအိမ်အကျယ်အ၀န်းမှာ ၅၃၄၅ စတုရန်းပေ ဖြစ်သည်။ အိမ်ငှားခမှာတစ်လလျှင် ကန်ဒေါ်လာ ၃၅၀၀၀ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)