အစိုးရသစ်လက်ထပ် ဖွံ့ဖြိုးမှုနည်းပါး သည့် ဒေသများ တွင်ပိုမိုလာရောက် ရင်းနှီးမြှပ်နှံရန် အခွန်နှုန်းထား များလျှော့ချ ပြီးဆွဲဆောင်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ " နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပေဒသစ်မှာဒါတွေကို ထည့်သွင်းပြင်ဆင်သွားဖို့ ရှိတယ် " ဟုရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးကပြောသည်။
အထူးသဖြင့် ချင်းပြည်နယ် ကယားပြည်နယ် ရခိုင်ပြည်နယ်တို့တွင် အဓိကလိုအပ်နေသည့် လျှပ်စစ်ကဏ္ဍ အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်းတံတားဆိုင်ရာများတွင် ရင်းနှီးမြှပ်နှံလိုသူများ အားအထူးအခွင့်အရေးပေး ရင်းနှီးမြှပ်နှံခွင့်ပေးသွား မည်ဖြစ်ကြောင်း ၄င်း ကရှင်းပြသည်။
လက်ရှိတွင်ပြည်ပမှ ရင်းနှီးမြှပ်နှံသူများသည် ရန်ကုန် မန္တလေးအစရှိသည့် မြို့ကြီးများတွင်သာ ရင်းနှီးမြှပ်နှံ လိုကြပြီးအကျိုးအမြတ်ကြီးသောကြောင့် စုပြုံ ပြီးလာရောက် ရင်းနှီးမြှပ်နှံကြခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
အခွန်နှုန်းထားများလျှော့ချဆောင်ရွက်ခြင်းကြောင့် အရည်အသွေးနည်းပြီးအကျိုးအမြတ် ကိုသာအဓိက လုပ်ဆောင်မည့် နိုင်ငံခြားကုမ္ပဏီများလာရောက် လုပ်ကိုင်လာနိုင်မှုအပေါ်အထူးသတိပြုသင့်ကြောက်း စီးပွားရေးပညာရှင် ဦးလှမောင်ကသုံးသပ်သည်။
လက်ရှိပြည်ပ မှ လာရောက်ရင်းနှီးမြှပ်နှံနေသည့် ကုမ္ပဏီအများစုသည် ဖွံ့ဖြိုးမှု နိမ့်ကျသည့် ဒေသများတွင် ဖွံ့ဖြိုးရေးဆိုင်ရာရင်းနှီးမြှပ်နှံမှုများထက် ဒေသ၏ သယံဇာတများပေါ်တွင်သာရင်းနှီးမြှပ်နှံလိုသူသာများပြားကြောင်း MCRB အဖွဲ့မှထုတ်ပြန်သည့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာစီးပွားရေးအစီရင်ခံစာတွင်ဖော်ပြထားသည်။ MCRB အဖွဲ့သည်နှစ်စဉ် ပြည်ပ ရင်းနှီးမြှပ်နှံမှုများ နှင့်ပက်သတ်ပြီးခန့်မှန်း သုံးသပ်ချက်များ ပြည်တွင်း ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု ရှိမရှိအစီရင်ခံစာ များကိုထုတ်ပြန်နေသောအဖွဲ့ အစည်းတစ်ခုဖြစ်သည်။
နိုင်ငံ၏ အရေးပါသောလယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများတွင် အဆင့်မှီနည်းပညာများသုံးသည့် နိင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများကို အခွန်နှုန်းထားသက်သာစွာဖြင့် လာရောက် လုပ်ကိုင်နိုင်ရန် ဆွဲဆောင်သင့်ကြောင်းကုန်သည်စက်မှု အသင်းချုပ်မှ လုပ်ငန်းရှင် ဦးအေးထွန်းကသူ၏ အမြင်ကိုပြောသည်။
လက်ရှိတွင် ရင်းနှီးမြှပ်နှံမှုများအားခွင့်ပြုပေးနေ သည့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်သည် အသစ်ပြန်လည် ဖွဲ့စည်းမည်ဖြစ်သောကြောင့် ပြည်ပ မှလာရောက် လုပ်ကိုင်မည့် ကုမ္ပဏီများအားခွင့်ပြု မိန့်ထုတ်ပေးခြင်းအားခေတ္တရပ်ဆိုင်းထားသည်။
၂၀၁၆ ၂၀၁၇ ဘဏ္ဍာနှစ်တွင် လာရောက် ရင်းနှီးမြှပ်နှံရန် ပြည်တွင်းပြည်ပမှ လုပ်ငန်းပေါင်း ၈၀ကျော်အား မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်အား တင်ပြထားကြောင်းသိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com