သီလ၀ါအထူးစီးပွားရေးဇုန်ရှိ မြေဌားရမ်းခမှာတစ်ပေပတ်လည် လျှင် ဒေါ်လာ၈၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း သီလ၀ါ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိသည်။
အထူးစီးပွားရေးဇုံ စတင် ဖွင့်လှစ်စဉ်က သီလ၀ါ၏မြေဈေှးမှာ ဒေါ်လာ ၇၀၀န်းကျင်သာရှိခဲ့ရာမှ ယခုကဲ့သို့ ဧပြီ လနောက်ပိုင်းမှ စတင်က မြင့်တက်လာခြင်းဖြစ်သည်။
အထူးစီးပွားရေးဇုံတစ်ခုလုံးတွင် လမ်းမကြီးတန်းနှင့် လမ်းသွယ်များအလိုက် ဈေးနှုန်း အနည်းငယ် ကွာဟမှု ရှိနိုင်ပြီး ပြည်ပကုမ္ပဏီများ လာရောက် ရင်းနှီးမြှပ်နှံမှုများပြား လာသည်နှင့် အမျှ ထပ်မံပြီး ဈေးမြင့်တက်နိုင်ကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုံတွင် လက်ရှိ ပြည်ပကုမဏီများမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ကျော် ရင်းနှီးမြှပ်နှံထားပြီးစက်ရုံပေါင်း ၉ရုံစတင် လည်ပတ်နေပြီဖြစ်သည်။
အထူးစီးပွားရေးဇုံ၏ အဆင့် ၁တွင်ပါဝင်သည့် စက်၇ုံပေါင်း ၇၀ကျော်အား စတင်လည်ပတ်ရန်မြေနေရာာ ဌား၇မ်း ပြီးပြီဖြစ်ကြောင်း သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုံတွင် ဟောင်ကောင် တရုတ် စင်ကာပုနှင့် အခြား ဥရောပနိုင်ငံအချို့မှာ လာရောက်ရင်းနှီးမြှပ်နှံပြီး စက်ရုံများဖွင့်လှစ်ရန် မြေများ ဌားရမ်းပြီး ပြီဖြစ်သည်။
ဌားရမ်းမှုမှာ အထူးစီးပွားရေးဇုံဖြစ်သောကြောင့် နှစ် ၆၀ ဌားရမ်းစာချုပ် ချုပ်ဆိုခြင်းဖြစ်ပြီး ပြင်ပတွင် ရှိသောမြေဈေးနှင့် များစွာကွာဟပြီး ဈေးသက်သာသောကြောင့် လုပ်ငန်းရှင်အများစုကထပ်မံဌားရမ်းရန် စောင့်ဆိုင်းနေမှုများလည်းရှိကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com