လူနေတိုက်ခန်းလား ၊ ဈေးဆိုင်ခန်းလား

လူနေတိုက်ခန်းလား ၊ ဈေးဆိုင်ခန်းလား - Property News in Myanmar from iMyanmarHouse.com
27 May 2016 10:31 am တွင် တင်ခဲ့သည်
1153 ကြိမ် ကြည့်ရှု့ပြီး
လူနေတိုက်ခန်းတွေမှာ ဈေးဆိုင်ခန်းဖွင့်ခွင့်ဥပဒေမရှိဘဲ နေရာတိုင်းမှာ လူနေဆိုင်ခန်းတွေ ဖွင့်နေကြတာဟာ လမ်းကျပ်မှုတွေ ၊ ရေကြီးရေလျှံမှုတွေနဲ့ သက်ဆိုင်နေတာကြောင့် ဥပဒေအရ စိစစ်သင့်တယ်လို့ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဥပဒေအကြံပေးလုပ်ဆောင်နေတဲ့ ဦးမောင်လွင်က ‘အရင်ကတည်းက ဥပဒေမှာ ဈေးဆိုင်တွေက ဈေးပဲရောင်းရမယ် ၊ လူနေခွင့်မရဘူး ၊ အခုကတော့ လူနေတိုက်ခန်းတွေမှာ ဈေးဆိုင်တွေ တွဲဖွင့်နေကြတာပါပဲ ၊ မြို့နယ်ရပ်ကွက်တွေမှာ ဈေးတွေရှိရဲ့နဲ့ ၊ ဒါတွေက လုပ်ဆောင်သင့်တာပါ’လို့ပြောပါတယ်။

မြို့တွင်းပိုင်း မြေညီတိုက်ခန်းအများစုမှာ ဈေးဆိုင်ခန်းတွေ ဖွင့်ပြီး လူပါနေကြသလို လမ်းဘေးဈေးသည်တွေ စည်းကမ်းမဲ့ ဖွင့်လှစ်နေတာတွေကြောင့် လည်းလမ်းပိတ်တာ ၊ ရေမြောင်းတွေရေစီးရေလာပိတ်နေတာတွေ ဖြစ်ပေါ်တယ်လို့ သိရတယ်။

စီးပွားရေးနဲ့ ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘ရှိပြီးသားဥပဒေတွေအတိုင်း ကြပ်ကြပ်မတ်မတ်နဲ့ လုပ်ဆောင်ခဲ့ရင် ဒီလိုတွေမဖြစ်ပါဘူး ၊ ဈေးဆိုင်ခန်းအတွက်ဆို ဈေးဆိုင်ပဲသီးသန့် ၊ လူနေတာဆို လူနေခွင့်သီးန့် လုပ်ဆောင်ရမှာ ၊ မြို့ထဲမှာဆိုလူတိုင်း ခံစားနေရတာပါပဲ ၊ လမ်းပလက်ဖောင်းတွေပျောက်ပြီး ဈေးဆိုင်တန်းတွေဖြစ်နေတာ ၊ ဒါတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ ၊ မြို့တော်စည်ပင်တွေ ၊ မြို့တော်စည်ပင်ရဲတွေအနေနဲ့ ပူပေါင်းပြီး လုပ်ဆောင်သင့်တယ်’လို့ ပြောပါတယ်။

လမ်းဘေးဈေးသည်တွေကို ရန်ကုန်မြို့တော်စည်ပင်ကနေ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ဖူးပေမဲ့ ခဏသာဖြစ်ခဲ့ပြီး ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နေတာမျိုးတွေ မဖြစ်အောင်လည်း လုပ်ဆောင်သင့်တယ်လို့ သိရတယ်။

ဦးမောင်လွင်က ‘အခွန်အခတွေကို အပြည့်အဝကောက်ခံပြီး ရေစီးရေလာကောင်းအောင် လုပ်ဆောင်သင့်တာ၊ လူနေမယ့်တိုက်ခန်းက လူပဲနေခွင့်ရှိတယ် ၊ ဈေးဆိုင်ခန်းက ဈေးပဲရောင်းရမယ်ဆိုတာကို ရှိပြီးသားဥပဒေအတိုင်းကိုပဲ လုပ်ဆောင်မယ် ၊ ထိထိရောက်ရောက်လုပ်မယ်ဆို အဆင်ပြေမှာပါ ၊ အခုကတော့ ပြန့်ကျဲပြီး သူ့နေရာနဲ့သူ မဟုတ်ဘဲ စနစ်တကျမရှိဖြစ်နေတာ’လို့ ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service