ဂျပန်နိုင်ငံ၊ ကျိုတိုမြို့ တွင် သက်တမ်း ၈၃ နှစ်ရှိပြီဖြစ်သော အလယ်တန်းစာသင်ကျောင်း အဆောက်အအုံတစ်လုံးကို ပြန်လည်မွမ်းမံကာ အခန်း ၄၀ ပါ ဇိမ်ခံဟိုတယ်အဖြစ် ပြောင်းလဲတော့မည်ဖြစ်ကြောင်း ဂျပန်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။
အဆိုပါစာသင်ကျောင်းအဆောက်အအုံအား NTT မြို့ ပြဖွံ့ဖြိုးရေးကော်ပိုရေးရှင်းသို့ နှစ် ၆၀ အငှားချထားမှု သဘောတူညီချက်ကိုမကြာမီလက်မှတ်ရေးထိုးသွား
မည်ဖြစ်ကြောင်း ကျိုတိုအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
NTT မြို့ ပြဖွံ့ဖြိုးရေးကော်ပိုရေးရှင်းသည် အဆိုပါအဆောက်အအုံနှင့် မြေငှားရမ်းခအဖြစ်
တစ်နှစ်လျှင် ယန်းငွေ ၆၅ သန်း (ကန်ဒေါ်လာ ၅၉၀၀၀၀) ပေးချေရမည် ဖြစ်သည်။
ကီယိုမီဇူးအမည်ရှိ အဆိုပါ အလယ်တန်းစာသင်ကျောင်းကို ၁၉၃၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် ယင်းအဆောက်အအုံကို ဂျပန်နှင့် ဥရောပဟန်ဗိသုကာများဖြင့် ရောယှက်ကာ ပြန်လည်မွမ်းမံထားသည်။
အထပ် ၃ ထပ်ပါ အဆိုပါအဆောက်အအုံသည် စတုရန်းမီတာ၄၂၀၀ကျယ်ဝန်းပြီး မြေနေရာအကျယ်အ၀န်းမှာ စတုရန်းမီတာ ၇၃၀၀ ဖြစ်ကာ ကီယိုမီဇူး-ဂိုဂျိုဘူတာမှ မီတာ ၁၃၀၀ အကွာတွင် တည်ရှိသည်။
ယင်းစာသင်ကျောင်းကို ၂၀၁၀ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။
အဆိုပါစာသင်ကျောင်းကို ဇိမ်ခံဟိုတယ်အဖြစ် ပြောင်းလဲတည်ဆောက်ရန်အတွက် လေလံခေါ်ယူခဲ့ရာတွင်စိတ်ဝင်စားသူများပြားခဲ့ပြီး လျှောက်လွှာတင်သည့် developer ၁၀ ဦးအထိ ရှိခဲ့သည်။
အငှားချထားမှု သဘောတူညီချက်တွင် အဆောက်အအုံ၏ ပြင်ပဟန်ပန်ကို ထိန်းသိမ်းရမည်ဟု ပါရှိပြီး ဟိုတယ်အဖြစ် (သို့မဟုတ်) မင်္ဂလာပွဲကျင်းပရာနေရာအဖြစ်သာ အသုံးပြုရမည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)