အ​ဆောင်​​ရေစက်​ ရုန်းမထွက်​နိုင်​​သေးသူများ

အ​ဆောင်​​ရေစက်​ ရုန်းမထွက်​နိုင်​​သေးသူများ - Property News in Myanmar from iMyanmarHouse.com
26 May 2016 11:10 am တွင် တင်ခဲ့သည်
3292 ကြိမ် ကြည့်ရှု့ပြီး
ကျဉ်းကျပ်​တဲ့ အ​ဆောင်​ခန်းကို ညအိပ်​ရုံနဲ့ ​နေ့ခင်းဘက်​ခဏတစ်​ဖြုတ်​​ကျောခင်းရုံ​လောက်​ပဲ အသုံးပြုပြီး ကျန်​တြ့အချိန်​​တွေမှာ​တော့ အခန်းအပြင်​မှာချည်းပါပဲ။ ဧည့်​ခန်းထဲမှာ တီဗီကြည့်​ချင်​ကြည့်​မယ်​၊ခံထဲမှာစာကျက်​ချင်​ကျက်​၊ စာဖတ်​ချင်​ဖတ်​မယ်​၊ခံဝအုတ်​ခုံ​ပေါ်မှာထိုင်​ပြီး အ​ဆောင်​သားချင်းလေပန်းချင်​ပန်းမယ်​၊ လမ်းထိပ်​လက်​ဖက်​ရည်​ဆိုင်​သွားချင်​သွားမယ်​​ပေါ့။ အဲဒီထဲမှာရင်​အခုန်​ရဆုံးက​တော့ ညနက်​နက်​မှာ တစ်​လမ်းတည်းက မိန်းက​လေး​ဆောင်​​ရှေ့သွားပြီးသီချင်းဆိုရတာပါပဲ။ အ​ဆောင်​​တွေက လူ​နေရပ်​ကွက်​ထဲမှာရှိတာဆို​တော့ ရပ်​ကွက်​နဲ့အ​ဆောင်​ကိုလည်း အ​နှောင့်​အယှက်​မဖြစ်​ရ​အောင်​ ကျွန်​​တော်​တို့အလွန်​ဂရုစိုက်​ရပါတယ်​။

သာယာနာ​ပျော်​ဖွယ်​သီချင်း​လေး​တွေနဲ့ဖျော်​​ဖြေ​ရေးပုံသဏ္ဌာန်​ပီပြင်​​အောင်​ အားထုတ်​ခဲ့တဲ့ ကျွန်​​တော်​တို့ရဲ့သန်း​ခေါင်​ယံဂီတအဖွဲ့ကို ပတ်​၀န်းကျင်​က အသိအမှတ်​ပြု လက်​ခံခဲ့ပါတယ်​။

အဲဒီလို သီချင်းဆိုတဲ့သူနဲ့ နား​ထောင်​သူတို့ကြား နားလည်​မှုမြင့်​တက်​လာတဲ့အခါသံ​ယောဇဉ်​​နှောင်​ကြိုးလည်း တင်းရစ်​ခဲ့တာ​ပေါ့။ သူနဲ့ ကျွန်​​တော်​ချစ်​သူ​တွေဖြစ်​သွားကြတာ အဲဒီဂီတ၀ိုင်း​လေးရဲ့ ​အောင်​သွယ်​​ပေးမှု​ကြောင့်​ပါပဲ။
ဪ . . . သူဆိုတာ ကျွန်​​တော့်​ချစ်​သူပါ။ သူ့နာမည်​မှာကိုက သူ ပါ​နေတာမို့ သူ့ကို "သူ"
လို့ပဲ ကျွန်​​တော်​ ​ခေါ်တာပါ။ အ​ဆောင်​နှစ်​ခုက တစ်​လမ်းတည်း၊ ​ကျောင်းမှာကလည်းအဓိဘာသာတွဲမတူ​ပေမဲ့ စာသင်​​ဆောင်​ချင်းနီး၊ ​ကျောင်းသွား​ကျောင်းပြန်​၊အ​ဆောင်​သွားအ​ဆောင်​ပြန်​၊ ဟိုနားဒီနားဖြတ်​သွားဖြတ်​လာ ​တွေ့မြင်​​နေကျမှာမှသီချင်းချစ်​သူချင်းဆိုတဲ့နီးစပ်​မှုက ကျွန်​​တော်​တို့ရင်​ခုန်​သံ​တွေကို ထပ်​တူပြု​ပေးခဲ့တယ်​။

တက္ကသိုလ်​ တကယ်​တက်​ဖြစ်​​တော့လည်း ကြို​တွေးထားတဲ့အတိုင်းပဲအ​ဆောင်​​နေ​ကျောင်းသားဖစ်​ခဲ့ရပါတယ်​။ အစိုးရ​ဆောင်​​တော့မဟုတ်​အပြင်​ပုဂ္ဂလိကအ​ဆောင်​​ပေါ့။ ရှစ်​​ပေပတ်​လည်​​လောက်​အခန်းထဲမှာအ​ဆောင်​သားနှစ်​​ယောက်​​နေရတဲ့ဘ၀ဟာ အိပ်​မက်​ထဲမှာ​တောင်​ထည့်​မမက်​ဖူးခဲ့တဲ့ဘ၀စာမျက်​နှာအဖွင့်​ပါ။ ​ထောင်​ထဲက ကြိုးတိုက်​​တောင်​ဒီ​လောက်​ကျဉ်းကျပ်​ပါ့မလားမသိဘူးဆိုပြီး​ပြော​လေ့ရှိတဲ့အခန်း​ဖော်​ရဲ့စကားကို​ထောက်​ခံရင်း တို့က ဒီလို​နေနိုင်​​အောင်​ တစ်​လတစ်​လပိုက်​ဆံ​သောင်းနဲ့ချီအကုန်​ခံရတာကွလို့ဖည့်​စွက်​​ပြောခဲ့​ပေမဲ့ အဲဒီမလှုပ်​သာမလှည့်​သာအခန်း​လေးကိုပဲ သုံးနှစ်​လုံးလုံး သံ​ယောဇဉ်​တွယ်​ခဲ့ရတာပါ။

သူလည်းအ​ဆောင်​သူ၊ ကျွန်​​တော်​လည်းအ​ဆောင်​သား၊ကျဉ်း​မြောင်းကျပ်​တည်းမှုကိုအ​ဖော်​ပြုရင်း ပညာသင်​ယူခဲ့တဲ့သက်​တမ်းကိုအမြန်​ဆုံး​ကျော်​ဖြတ်​ပြီး လက်​​တွေ့ဘ၀ထဲကို တိုးဝင်​ခဲ့ကြတယ်​။ ဟင့်​အင်း . . .လက်​ထပ်​လိုက်​တာမဟုတ်​ပါဘူး၊ လုပ်​ငန်းခွင်​ထဲဝင်​ကြတာ ​ပြောတာပါ။ ပုဂ္ဂလိကကုမ္ပဏီ​တွေ ​ခေတ်​​ကောင်းတဲ့အချိန်​ကြီးမှာ ကျွန်​​တော်​တိှုျ့စ်​​ယောက်​လည်းကုမ္ပဏီဝန်​ထမ်း​ရေစီး​ကြောင်းထဲ အလိုက်​သင့်​စီး​မျော​ပေါ့။ သူကသူ့ရုံးနဲ့နီးတဲ့မြို့နယ်​ထဲကအ​ဆောင်​မှာ ​နေသလို ကျွန်​​တော်​ကလည်းကျွန်​​တော့်​ရုံးနဲ့နီးတဲ့အ​ဆောင်​မှာ ​နေရတာ​ပေါ့။ ရန်​ကုန်​ဆိုတဲ့မြို့ကြီးရဲ့
ဆွဲအားကလည်းပင်းသား​နော်​။ သူ​ရောကျွန်​​တော်​ပါ နယ်​ကမိဘ​တွေဆီပြန်​​နေပြီးဘ၀အ​ခြေချဖို့ စိတ်​ကူးမရှိကြဘူး။ ရန်​ကုန်​မှာအလုပ်​လုပ်​ရင်း ဘ၀တက်​လမ်းရှာကြဖို့ပဲစိတ်​ကူးရှိတာ။ ကိုယ့်​အလုပ်​နဲ့နှီးနွှယ်​ရာ သင်​တန်း​တွေလည်း

အ​ပြေးအလွှားတက်​ကြ​ပေါ့။ဒါ​ပေမဲ့ ကျွန်​​တော်​တို့​ဆွေး​နွေးမှုဟာ ​နေစရာ​နေရာ​လေးတစ်​ခု ဆိုတဲ့ဘူတာမှာ
ဂိတ်​ဆုံးသွားတာချည်းပါပဲ။ ​သေချာတာတစ်​ခုက​တော့ ရန်​ကုန်​နယ်​နိမိတ်​ထဲကဘယ်​မြို့နယ်​မှာမဆို ကျွန်​​တော်​တို့ကိုယ်​ပိုင်​အိမ်​​လေးတစ်​လုံး ၀ယ်​နိုင်​ဖို့မဖြစ်​နိုင်​ဘူးဆိုတာပါပဲ။ အိမ်​​ဈေး၊ ​မြေ​ဈေး၊ တိုက်​ခန်း​ဈေး​တွေက ကျွန်​​တော်​တို့
သွားရည်​ကျနိုင်​တဲ့အဆင့်​မှာပဲရှိပြီး ထိကိုင်​ဖို့မလွယ်​ဘူး​လေ။ ဒီ​တော့တိုက်​ခန်းကျဉ်း​လေးတစ်​ခန်း​လောက်​ ဣ​နြေ္ဒမပျက်​ ငှါး​နေနိုင်​ရင်​ပဲတော်​​လောက်​ပြီလို့ စိတ်​ကူးခဲ့တာ။ဒီလိုနဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​ အ​ဆောင်​​နေ၀န်​ထမ်း​တွေဘ၀နဲ့လက်​တွဲမဖြုတ်​ကြိုးစားကြရင်း ဘဏ်​စာအုပ်​ထဲမှာ ​ငွေကဖြည်းဖြည်းချင်းတိုးပွားလာပါတယ်​။

ကျွန်​​တော်​က တစ်​​နေရာတည်းမှာစွဲစွဲမြဲမြဲလုပ်​​ပေမဲ့ သူက​တော့ အခွင့်​အလမ်း​ကောင်းတဲ့အလုပ်​ သုံးခုပြောင်းခဲ့ပါတယ်​။ ချစ်​သက်​တမ်း ၁၀စ်​​ကျော်​၊ သူ စတုတ္ထအလုပ်​မှာဆင်​​ပြေအထိုင်​ချချိန်​မှာပဲ ကျွန်​​တော်​တို့နှစ်​ဦး​ပေါင်းတစ်​ဘ၀ ထူ​ထောင်​ဖို့လက်​ထပ်​ကြပါတယ်​။ အဲဒီအချိန်​မှာ အိမ်​ငှါး​တော့ တစ်​နှစ်​စာချုပ်​​တောင်​မရ​တော့ပါဘူး။ခြောက်​လစာချုပ်​​ခေတ်​ကို ​ရောက်​​နေပါပြီ။ ဘာလို့လဲဆို​တော့ ​ခြောက်​လတစ်​ခါအိမ်​လခတိုး​တော့မှာ​ကြောင့်​​လေ။ ဘာတတ်​နိုင်​မလဲ သူ့​ကျောင်း​နေ သူ့စာအံရုံ​ပေါ့။ဒီမြို့နယ်​ထဲမှာမှ သူ​ရောကျွန်​​တော်​ပါ သွား​ရေးလာ​ရေးအဆင်​​ပြေမှာ​လေ။
တိုက်​ခန်း​လေးက ကျဉ်း​ပေမဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​အတွက်​ ​နေ​ပျော်​ပါတယ်​။

လသာတဲ့ညမှာ ၀ရန်​တာထွက်​ထိုင်​ပြီး သန်း​ခေါင်​ယံ​ရေဒီယို သီချင်းကို ဂစ်​တာတီးပြီးသူ့ကိုဆိုပြရတာ ရင်​ထဲမှာ တသိမ့်​သိမ့်​ပါပဲ။ သူ့အ​ဆောင်​​ရှေ့သွားဆိုခဲ့တဲ့သီချင်းကို ခုကျွန်​​တော့်​ပခုံး ​ခေါင်းမှီပြီး နား​ထောင်​​နေတဲ့သူ့အတွက်​ ဆိုပြတီးပြရတာဘယ်​​လောက်​ပီတိဖြစ်​ဖို့​ကောင်းသလဲဗျာ။ဒါ​ပေမဲ့ အိမ်​ငှါးသက်​တမ်း သုံးလ​စွန်းစွန်းမှာပဲ ညီအငယ်​​ကောင်​ရောင်းမှားဝယ်​မှားကိစ္စနဲ့ အမှုရင်​ဆိုင်​ရ​တော့ အဲဒီဖြစ်​ရပ်​က ကျွန်​​တော်​တို့ဆီပါအဖျားခတ်​လာခဲ့ပါတယ်​။

နားလည်​မှုအပြည့်​ရှိတဲ့ သူ့စာနာစိတ်​​ကြောင့်​မိသားစုအ​ရေးအတွက်​ကုန်​ကျလိုက်​တဲ့ ​လျော်​​ကြေး​ငွေဟာ ကျွန်​​တော့်​ဘဏ်​စာအုပ်​ကိုမီးနီမှတ်​အထိ ​ရောက်​သွား​စေခဲ့တာပါပဲ။ ကိုယ့်​မိသားစုဝင်​ရဲ့ပ​ယောဂ​ကြောင့်​အိမ်​ငှါးသက်​တမ်း​နောက်​တစ်​ခု တိုးနိုင်​​လောက်​တဲ့အင်​အား မရှိခဲ့ပြီမို့ငုံ့ထားရတဲ့​ခေါင်းကို ပါရမီဖြည့်​ဖက်​​ကောင်းဖြစ်​တဲ့ သူကအတင်းပြန်​​မော့​စေခဲ့ပါတယ်​။ သူ့ဘဏ်​စာအုပ်​ထဲက​ငွေနဲ့ ​နောက်​​ခြောက်​လစာသက်​တမ်းထပ်​တိုးလို့ရနိုင်​​ပေမဲ့ အဲဒီလို​ပေးလိုက်​ရင်​ လက်​ထဲငွေလက်​ကျန်​မရှိသ​လောက်​ဖြစ်​သွား​တော့မှာ။ ကျန်းမာ​ရေးကိစ္စအပါအ၀င်​အ​ရေးဟဲ့အ​ကြောင်းဟဲ့ဆိုရင်​ သုံးစရာ မရှိ​လောက်​​တော့ဘူး။နောက်​ဆုံး​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​ အိမ်​​ထောင်​မကျခင်​ကအ​ခြေအ​နေဖြစ်​တဲ့အ​ဆောင်​သူအ​ဆောင်​သားဘ၀ပဲပန်​​ရောက်​သွား​တော့တယ်​။

တစ်​​ယောက်​တည်း​တော့မဟုတ်​ဘူး၊စ်​​ယောက်​ပူး။ ဒီလို​လေ . . .နေထိုင်​စရိတ်​မြင့်​မားလာတဲ့ ရန်​ကုန်​​ရွှေမြို့​တော်​ကြီးမှာ ၀ယ်​သူလိုအပ်​ချက်​အရလင်​ကိုယ်​မယားနှစ်​​ယောက်​တည်း​တွေအတွက်​ ငှါးတဲ့ အ​ဆောင်​​တွေ ရှိတယ်​​လေ။ ၁၀ပေပတ်​လည်​အခန်းတစ်​ခန်းကို လင်​မယားတစ်​စုံနှုန်း ​နေရတာ​ပေါ့။လွတ်​လပ်​မှုမရှိလှ​ပေမဲ့ ​နေ​ပျော်​ပါတယ်​။ အားလုံးလိုလိုကလည်း မနက်​အလုပ်​သွား၊ည​နေပြန်​ကြကိုး။ ၀ယ်​စုချင်​တဲ့ ကိုယ်​ပိုင်​ပစ္စည်း​တွေ​တော့ ​လျှော့ရတာ​ပေါ့။သီချင်းကို​တောင်​ နားကြပ်​နဲ့နား​ထောင်​ရတဲ့အ​ဆောင်​မှာဂစ်​တာလည်းမတီးနိုင်​​တော့ပါဘူး။ ရင်​ထဲကဆန္ဒက​တော့ ကိုယ်​ပိုင်​မဟုတ်​တာ​တောင်​တိုက်​ခန်းကျဉ်း​လေးမှာ လင်​ကိုယ်​မယားနှစ်​​ယောက်​သက်​​သောင့်​သက်​သာအနားယူ​နေထိုင်​ရင်း ညဘက်​ကျ ကိုယ့်​ချစ်​သူဇနီးမယားကိုကိုယ်​တိုင်​ဂစ်​တာတီးရင်း သီချင်းဆိုပြချင်​တာပါပဲ။ သီချင်းကလည်း သူ့ကိုအ​ဆောင်​​နေဘ၀ကတည်းက ဆိုပြဖူးတဲ့ သန်း​ခေါင်​ယံ​ရေဒီယို သီချင်း​လေးပါပဲ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service