အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံးအဖြစ် အဆောက်အအုံတစ်ခုလုံးကို စက်ဖြင့် 3D စနစ် ဆေးသုတ်ကာ ဆောက်လုပ်ခဲ့သည့် အဆောက်အအုံတစ်လုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း အရှေအလယ်ပိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းအဆောက်အအုံဖွင့်ပွဲတွင် အာရပ်စော်ဘွားများပြည်ထောင်စု ဒုတိယသမ္မတ/၀န်ကြီးချုပ်/ဒူဘိုင်းအကြီးအကဲဖြစ်သူ ရှိတ်မိုဟာမက် ဘင်ရာရှစ် အယ်လ်မက်ခ်တိုအမ်က အမှာစကားပြောကြားခဲ့သည်။
အဆိုပါအဆောက်အအုံကို ဆေးသုတ်ရာတွင် အမြင့် ပေ ၂၀၊ အလျား ပေ ၁၂၀ နှင့် အနံ ပေ ၄၀ ရှိ 3D ဆေးသုတ်စက်ကြီးကို အသုံးပြုခဲ့သည်။
ဆေးသုတ်ရာတွင် အလိုအလျောက်နည်းစနစ်သုံး စက်လက်တံများဖြင့် ဆေးသုတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အထူးစီမံထုတ်လုပ်ထားသော ဘိလပ်မြေများ၊ ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုကာ ဆောက်လုပ်ခဲ့သည်။
မဆောက်လုပ်မီတွင် ယင်းပစ္စည်းများကို ဗြိတိန်နှင့် တရုတ်နိုင်ငံတို့တွင်အရည်အသွေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။အဆောက်အအုံတစ်ခုလုံးကို
ဆေးသုတ်ရန်အတွက် ၁၇ ရက်သာ အချိန်ကြာမြင့်ခဲ့ပြီး တပ်ဆင်ဆောက်လုပ်ခြင်းမှာ ၂ ရက်သာ ကြာမြင့်ခဲ့ရာ သမရိုးကျ ဆောက်လုပ်ရေးနည်းလမ်းများထက် များစွာမြန်ဆန်သည်။
ဒူဘိုင်းသည် 3D ဆေးသုတ်နည်းပညာဖြင့် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ 3D ဆေးသုတ်အချက်အခြာနိုင်ငံဖြစ်လာစေရန် ရည်မှန်းထားသည်။အာရပ်စော်ဘွားများပြည်ထောင်စုသည် နည်းပညာတီထွင်မှုနှင့် အနာဂတ်နည်းပညာတို့တွင် ကမ္ဘာ့အချက်အခြာတစ်ခု ဖြစ်လာလျက်ရှိကြောင်း ရှိတ်မိုဟာမက်က ပြောကြားသည်။
ဒူဘိုင်းသည် 3D ပုံနှိပ်နည်းပညာကို တီထွင်ခဲ့သည်မှာ တစ်လခန့်ပင် မရှိသေးသောကာလတွင် ကမ္ဘာပေါ်တွင် 3D နည်းပညာဖြင့် ဆေးသုတ်ခဲ့သည့် အဆောက်အအုံကို ပထမဆုံးဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခုနည်းပညာအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ခြင်းသည် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး မဟာဗျူဟာမြောက်အောင်မြင်မှုများတွင် ဒူဘိုင်းသည် ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်လာလျက်ရှိခြင်းကို ပြသနေခြင်းလည်းဖြစ်ကြောင်း ရှိတ်မိုဟာမက်က ပြောကြားသည်။
3D ပုံနှိပ်နည်းပညာသည် ကုန်ကျစရိတ်သက်သာသည့်အပြင် ဆေးသုတ်ချိန်လည်း မြန်ဆန်သောကြောင့် အနာဂတ်ကမ္ဘာ့မြို့ ကြီးများတွင် ဤနည်းပညာကိုသာအသုံးပြုလာကြမည်ဟု မျှော်မှန်း
ထားကြောင်းလည်းရှိတ်မိုဟာမက်ကဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)