ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်၏ နေအိမ် ငှားရမ်းမည်

ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်၏ နေအိမ် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
26 May 2016 10:42 am တွင် တင်ခဲ့သည်
1216 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ၊ ဟောလိဝုဒ်ဟေးလ်ရှိ ၎င်းပိုင် နေအိမ်တစ်လုံးကို ငှားရမ်းလိုလျက်ရှိကြောင်း အမေရိကန်နိုင်ငံ၊ ဟပ်စတန်မြို့ အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆယ်လ်မာဟေးယက်ကို ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် မွေးဖွားပြီး မက္ကဆီကို-အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ထုတ်လုပ်သူ၊ မော်လ်ဒယ်
တစ်ဦးဖြစ်သည်။

telenovelaTeresa အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မှုဖြင့် အနုပညာလောကသို့ စတင်ခြေချခဲ့သည်။

telenovela ဟူသော ဝေါဟာရမှာ television မှ tele နှင့် စပိန်နှင့် ပေါ်တူဂီဘာသာစကားတွင် ၀တ္ထုကို ခေါ်ဝေါ်သည့် novela တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ယင်းဇာတ်လမ်းတွဲနောက်ပိုင်း El Callejón de los Milagros (Miracle Alley) အမည်ရှိ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယင်းဇာတ်ကားသည် မက္ကဆီကို ရုပ်ရှင်အကယ်ဒမီဆုဖြစ်သော Ariel Award ဆု ဇကာတင်စာရင်းတင်သွင်းခံခဲ့ရသည်။

ထို့နောက် ၁၉၉၁ ခုနှစ်တွင် ဟောလိဝုဒ်သို့ ခြေချခဲ့ပြီး ကမ္ဘာကျော်ဇာတ်ကားများဖြစ်သည့် Desperado (1995), Dogma (1999), နှင့်Wild Wild West (1999) တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာသိသရုပ်ဆောင်တစ်ဦးဖြစ်လာတော့သည်။

ဟောလိဝုဒ်ဟေးလ်ရှိ ယခုငှားရမ်းမည့် နေအိမ်မှာ ၁၉၆၂ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အလယ်ခေတ်ဗိသုကာဖြင့် ဆောက်လုပ်ထားသော ယင်းနေအိမ်တွင် ပြတင်းပေါက်များမှာ ကြမ်းပြင်မှ မျက်နှာကျက်အထိဒီဇိုင်းထုတ်တပ်ဆင်ပေးထားသောကြောင့်ဧက၀က်ခန့်ကျယ်ပြောသော နေအိမ်ခြံဝန်းအတွင်းရှိ
နေခြည်အောက်တွင်ဝင်းလဲ့နေသော ရေကူးကန်မှ
ရေပြင်ကို ရှုမြင်နိုင်မည် ဖြစ်သည်။

ယင်းနေအိမ်ကို ၂၀၁၃ ခုနှစ်ကတည်းကပင် အငှားဈေးကွက်သို့တင်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၉၅၀၀ ဖြင့် အငှားချထားလိုခဲ့ခြင်း ဖြစ်သည်။

နေအိမ်တည်ရှိရာမှာ တောင်ထိပ်ပေါ်တွင်ဖြစ်သောကြောင့်
လော့စ်အိန်ဂျလိမြို့ ကြီးကို စီးမိုးရှုမြင်နိုင်သည်။
သစ်မာသားကြမ်းခင်းများ၊ နံရံမြှုပ်စာအုပ်စင်များ၊ မီးလင်းဖိုပါသော ဧည့်ခန်းဆောင် အစရှိသည်တို့ကိုလည်း နေအိမ်အတွင်း တွေ့ရမည်ဖြစ်သည်။
ငှားရမ်းခမှာ တစ်လလျှင် ကန်ဒေါ်လာ ၁၁၀၀၀ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်၏ နေအိမ် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်၏ နေအိမ် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်၏ နေအိမ် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်၏ နေအိမ် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service