တောင်သူနဲ့ စည်ပင်ကြား ပွဲစားတွေ ၀င်မပါပါနဲ့

တောင်သူနဲ့ စည်ပင်ကြား ပွဲစားတွေ ၀င်မပါပါနဲ့ - Property News in Myanmar from iMyanmarHouse.com
25 May 2016 10:57 am တွင် တင်ခဲ့သည်
1657 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်မှာ တောင်သူနဲ့ စည်ပင်အရှုပ်အရှင်းဖြစ်တဲ့ ကြားထဲကို အိမ်ခြံမြေပွဲစားတွေ ၀င်ရောက်ပြီးပြဿနာဖြေရှင်းမှုမလုပ်ဖို့ အိမ်ခြံမြေအကျိုးဆောင်အနေနဲ့ သတိပေးတားမြစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
နေပြည်တော်မှာဖြစ်နေတဲ့ မြေယာအရှုပ်အရှင်းပြဿနာထဲကို ပွဲစားတွေအနေနဲ့ ၀င်ရောက်စွတ်ဖက်ပြီး ဖြေရှင်းတာမျိုး မလုပ်မိဖို့နဲ့ တောင်သူတွေနစ်နာကြေးတောင်းတဲ့ အခါမှာ ကိုယ်ကခေါင်းဆောင်ပြီး နစ်နာကြေးတောင်းပေးတာတွေမလုပ်ဖို့ အဓိကဆွေးနွေးဖြစ်ခဲ့တယ် လို့ နေပြည်တော်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက အတွင်းရေးမှုး ဦးကျော်စွာမြင့်က ပြောပါတယ်။

ရန်ကုန်၊မန္တလေး၊ပဲခူး၊ပြင်ဦးလွင် အစရှိတဲ့ မြို့ကြီးတွေမှာ မြေယာအရှုပ်အရှင်း ကျူးကျော်ဝင်ရောက်နေထိုင်မှုတွေကို ဖြေရှင်းတဲ့အခါမှာ ပွဲစားတွေကပါ ၀င်ရောက်ညှိ့နှိုင်းကြတာကြောင့် နောက်ဆုံးလျော်ကြေးရလို့ ပိုက်ဆံယူကြတဲ့အခါ ပွဲစားကိုပါခွဲဝေပေးရတယ်။တောင်သူနဲ့ ပွဲစားညှိ့နှိုင်းပြီး မြေယာလျော်ကြေးတောင်းခံတဲ့ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးတယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်အချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

နန်းရွှေပြည်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကဦးထွန်းထွန်းဝင်းက နေပြည်တော်ကမြို့သစ်ဖြစ်တယ်၊အဲဒီလိုပြဿနာတွေဖြစ်လာမှာဆိုးလို့ ကြိုပြီးသတိပေးတဲ့ အနေအထားပါ ကြားမညှပ်စေချင်တဲ့ သဘောပေါ့ လို့ပြောပါတယ်။

နေပြည်တော်မှာ လက်တလောဖြစ်နေတဲ့ တောင်သူပြဿနာမှာ ခြံစည်းရိုးမခတ်ရသေးတဲ့ မြေကွက်တွေကို လျော်ကြေးအနေနဲ့ ငါးသိန်းဖြစ်စေ၊၁၀သိန်းဖြစ်စေ တောင်းဆိုနေကြတာကြောင့် အဲဒီလိုတောင်းဆိုမှုတွေအပေါ်မှာ ပွဲစားတွေအနေနဲ့ ၀င်ရောက်ပြီး တောင်းခံပေးတာမျိုး မလုပ်မိဖို့ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်လို့ ဇေယျာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးနန္ဒကျော်ကပြောပါတယ်။

နေပြည်တော်တည်ဆောက်စဉ်က တောင်သူတွေဆီက မြေယာတွေကို သိမ်းဆည်းခဲ့ပြီး နစ်နာကြေးအဖြစ် လျော်ကြေးပေးခဲ့တဲ့ အကွက် တွေလည်းရှိပါတယ်။
လျော်ကြေးမရရှိတဲ့ တောင်သူတွေလည်း ရှိတာကြောင့် အခုနောက်ပိုင်းမှာ မြေဂရန်လျှောက်ပြီး နာမည်ဖောက်တဲ့ သူတွေခြံစည်းရိုးခတ်ရင်တောင်သူတွေက အခတ်မခံဘဲ ပြဿနာတွေ ဖြစ်နေကြတာလို့ သိရပါတယ်။

နေပြည်တော်ကောင်စည်အသစ်ဖွဲ့စည်းပြီး နောက်ပိုင်းမှာ နေပြည်တော်ရှိလယ်ယာ သိမ်းခံတောင်သူတွေက အရင်ကပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေကို ဘာစီမံချက်မှ မဆောက်လုပ်ပဲ မြေကွက်လပ်အတိုင်းထားရင် အဲသည်မြေကွက်တွေပေါ်မှာ သီးနှံပြန်လည်စိုက်ပျိုးပါတယ်။အဲဒါကိုစည်ပင်ကခေါ်ယူပြီး ညှိ့နှိုင်းလာကြတာဖြစ်ပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service